Connect with us

Hi, what are you looking for?

ဆောင်းပါး

ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှု​ကြောင့် မြန်မာအပေါ် ရိုက်ခတ်နိုင်ခြေများ

ကမ္ဘာ့ရေနံရဲ့ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်နေရတဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ပါပြီ။ ဒီလိုပိတ်ဆို့လိုက်မှုဟာ မြန်မာနိုင်ငံအတွက် အဖက်ဖက်က ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီ​နေတဲ့ကား​တွေကို မတ်လဆန်းက​တွေ့ရစဥ်။ဓါတ်ပုံ-PS

-ကိုသုညံ​ရေးသားသည်။

ကမ္ဘာ့ရေနံရဲ့ ငါးပုံတပုံခန့်ကို သယ်ယူပို့ဆောင်နေရတဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ပါပြီ။ ဒီလိုပိတ်ဆို့လိုက်မှုဟာ မြန်မာနိုင်ငံအတွက် အဖက်ဖက်က ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ ဆီချက်လုပ်နိုင်စွမ်း အလွန်နည်းပါးတာမို့ လိုအပ်တဲ့ ဒီဇယ်နဲ့ဓာတ်ဆီ ၉၅ ရာခိုင်နှုန်းကျော်ကို ပြည်ပကနေ အချောထည်အဖြစ် တင်သွင်းနေရပါတယ်။

မြန်မာနိုင်ငံဟာ ပျှမ်းမျှအနေနဲ့ တစ်နှစ်ကို စက်သုံးဆီတန်ချိန် ၆ သန်းမှ ၇ သန်း ခန့် တင်သွင်းနေရပြီး လက်ရှိ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒေါ်လာလဲလှယ်နှုန်းထားတွေအရ တနှစ်ကို အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံမှ ၇ ဘီလီယံ ကြား သုံးစွဲနေရတယ်လို့ Myanmar Energy Import Statistics (2025) ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ ဟောမုဇ်ရေလက်ကြား ပိတ်သွားပြီဆိုတဲ့သတင်းဟာကမ္ဘာအတွက်တင်မကပါဘူး၊ မြန်မာနိုင်ငံရဲ့ နေ့စဉ်စားဝတ်နေရေးအတွက်ပါ သက်ရောက်လာနိုင်တဲ့ သတင်းဆိုးပဲ ဖြစ်ပါတယ်။ဘယ်လိုသက်ရောက် လာနိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပထမဆုံး ရိုက်ခတ်မှာကတော့ စက်သုံးဆီဈေးပါပဲ။ အီရန်နဲ့ အမေရိကန် စစ်မဖြစ်ခင် တစည်ကို ဒေါ်လာ ၈၀ ကျော်ခန့် ရှိခဲ့တဲ့ ကမ္ဘာ့ရေနံစိမ်းဈေးဟာ တစည်ကိုဒေါ်လာ၁၅၀ကျော်(နှစ်ဆခန့်)အထိ တက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ တစ်လကို စက်သုံးဆီတန်ချိန် ၅ သိန်းလောက်အထိ တင်သွင်းနေရတာမို့ ရေနံဈေး နှစ်ဆတက်ရင် မြန်မာနိုင်ငံအတွက် ဒေါ်လာလိုအပ်ချက်ကလည်း နှစ်ဆ ဖြစ်လာတော့မှာဖြစ်ပါတယ်။

စက်သုံးဆီဆိုင်တွေမှာတက်လာတဲ့စျေးနဲ့ တပြုံကြီး တန်းစီဝယ်နေရတဲ့ အခြေအနေကနေ မကြာခင်မှာ ဝယ်စရာဆီပါ မရှိတော့တဲ့အထိ “ဆီပြတ်လပ်မှု” နဲ့ ကြုံရနိုင်ပါတယ်။

မြန်မာမှာသုံးစွဲနေကြရတဲ့ စက်သုံးဆီအများစုဟာ စင်ကာပူကနေတဆင့် လာတာဖြစ်ပါတယ်။စင်ကာပူဟာလည်း အာရပ်နိုင်ငံတွေဆီက ရေနံကို ဟောမုဇ်ရေလက်ကြားကနေပဲ သယ်ယူရတာဆိုတော့ ရေလက်ကြား ပိတ်သွားရင် ဆီသယ်သင်္ဘောတွေဟာ အာဖရိကတိုက်ဖက်ကနေ ပတ်သွားရတော့မှာ ဖြစ်ပါတယ်။

ဒီလမ်းကြောင်းဟာဝေးသွားတဲ့အပြင်စစ်ဘေးအန္တရာယ် အာမခံကြေး တွေပါ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။တကယ်လို့ အဲ့ဒီလို အာဖရိကတိုက်ကို ပတ်သွားပြီး သယ်ယူလို့ ရရင်တောင်မှ သယ်ယူစရိတ်နဲ့ စစ်ဘေးအန္တရာယ် အာမခံကြေးတွေအပါအဝင် ဆီစျေးနှုန်းဟာ အရင်ကထက် ၃ ဆလောက်တက်သွားနိုင်ပါတယ်။အဲ့ဒီအခါ နောက်ဆက်တွဲအနေနဲ့အထွေထွေကုန်ဈေးနှုန်းတွေ တက်လာပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ လျှပ်စစ်ထုတ်ဖို့အတွက် ဓာတ်ငွေ့နဲ့ ဒီဇယ်စက်ရုံတွေကို အားကိုးနေရပါတယ်။ကမ္ဘာ့ဓာတ်ငွေ့ အရည်(LNG) တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းကလည်း ဒီရေလက်ကြားကိုပဲ ဖြတ်နေရတာဆိုတော့ ဓာတ်ငွေ့ပြတ်လပ်မှု ဖြစ်လာရင် လျှပ်စစ်မီးထုတ်လုပ်ဖို့ ခက်လာနိုင်ပါတယ်။အရင်ကတည်းက ပုံမှန်မလာနိုင်တဲ့ လျှပ်စစ်မီးဟာ အရင်ထက် ပိုပြီးဆိုးလာဖွယ်ရာ ရှိပါတယ်။

လျှပ်စစ်မီးကိုအသုံးပြီးလည်ပတ်နေရတဲ့ လုပ်ငန်းတွေ၊ယာဥ်တွေအတွက်အခက်အခဲဖြစ်လာစေမှာပါ။မြန်မာနိုင်ငံက စိုက်ပျိုးရေးနဲ့ အထွေထွေကုန်ပစ္စည်းတွေကို အဓိကဝယ်နေတဲ့ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယတို့ဟာသူတို့နိုင်ငံတွေရဲ့စွမ်းအင် ၈၀ ရာခိုင်နှုန်းလောက်ကို ဟောမုဇ်ရေလက်ကြားကနေ ရနေတာပါ။ အဲ့ဒီနိုင်ငံတွေမှာ စွမ်းအင်အခက်အခဲဖြစ်ပြီး စီးပွားရေး တုံ့ဆိုင်းသွားခဲ့ရင် မြန်မာက ပစ္စည်းတွေကို ဝယ်နိုင်တဲ့ပို့ကုန်ပမာဏတွေ လျော့ကျလာနိုင်ပါတယ်။ အဲ့ဒီအခါ နိုင်ငံခြားငွေ စီးဝင်မှုပါ ထိခိုက်လာနိုင်ပါတယ်။

ဟောမုဇ်ရေလက်ကြားဟာ မြန်မာနိုင်ငံနဲ့ ပင်လယ်ရေကြောင်းအကွာအဝေးနဲ့တိုင်းရင်ရေမိုင် သုံးထောင်ကျော်( ကီလိုမီတာခြောက်ထောင်ကျော်)အဝေးမှာ ရှိနေပေမယ့် မြန်မာ့စီးပွားရေးအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာပါလိမ့်မယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ စစ်တပ်က အာဏာသိမ်းခြင်းအတွက် ဖြစ်လာရတဲ့ နောက်ဆက်တွဲ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေးအပါအဝင်အစစအရာရာကျဆင်းနေပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၅ ဒီဇင်ဘာ အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ အခု ၂၀၂၆ ခုအတွင်း ၂ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၅ ခု မတ်လအတွင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့်အညာဒေသမှာ အခြေခံအဆောက်အအုံတွေ ပျက်စီးကာ ဒေါ်လာ ၁၁ ဘီလီယံလောက် ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာနိုင်ဟာ ကိုဗစ်ကပ်ရောဂါ၊ စစ်ပွဲ​တွေ နဲ့ ငလျင်ဒဏ်တွေကြောင့် အလူးအလဲ ခံ‌နေရချိန်မှာ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့ရင် မြန်မာစီပွားရေးဟာကမ္ဘာဘဏ်ရဲ့ခန့်မှန်းချက်ထက်ပိုဆိုးလာစေမှာအသေအချာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။