Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ်

လက်ရှိ မြန်မာသတင်းဌာနတွေ တင်ဆက်မှုအများဆုံး သတင်းအမျိုးအစားကို ကြည့်မယ်ဆိုရင် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းက ဖြစ်ပျက်ခဲ့တဲ့ “ ဘာဖြစ်သွားပြီ” ဆိုတဲ့ သတင်းထူး၊ သတင်းဦး (Breaking News) တွေကိုပဲ အဓိက မြင်တွေ့နေရမှာ ဖြစ်ပါတယ် ။ ဥပမာအနေနဲ့ “ဥပဒေသစ်တရပ် ထုတ်ပြန်တာ”၊ “ရွှေဈေး စံချိန်တင်တက်သွားတာ” ဒါမှမဟုတ် “ကျူးကျော်တဲတွေကို ရှင်းလင်းတာ” စတဲ့ သတင်းမျိုးတွေပါ။

(The Explainer’s Journalism Handbook)

အခန်း (၁) – အမှာစာ

လက်ရှိ မြန်မာသတင်းဌာနတွေ တင်ဆက်မှုအများဆုံး သတင်းအမျိုးအစားကို ကြည့်မယ်ဆိုရင် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းက ဖြစ်ပျက်ခဲ့တဲ့ “ ဘာဖြစ်သွားပြီ” ဆိုတဲ့ သတင်းထူး၊ သတင်းဦး (Breaking News) တွေကိုပဲ အဓိက မြင်တွေ့နေရမှာ ဖြစ်ပါတယ် ။ ဥပမာအနေနဲ့ “ဥပဒေသစ်တရပ် ထုတ်ပြန်တာ”၊ “ရွှေဈေး စံချိန်တင်တက်သွားတာ” ဒါမှမဟုတ် “ကျူးကျော်တဲတွေကို ရှင်းလင်းတာ” စတဲ့ သတင်းမျိုးတွေပါ။

ကနေ့ခေတ် သတင်းစီးဆင်းမှုနှုန်းမှာ စာဖတ်သူတွေဟာ ဆိုရှယ်မီဒီယာတွေကြောင့် သတင်းဌာနတွေထက်တောင် အရင်ဆုံး ဦးအောင် သတင်းကို သိနှင့်နေကြပါပြီ ။ ဒါကြောင့် သတင်းဌာနတွေရဲ့ တာဝန်ဟာ ‘ဘာဖြစ်တယ်’ ဆိုတာကို ဦးအောင်ပြောဖို့ထက် ‘ဒါဟာ ဘာကြောင့် အရေးကြီးတာလဲ’ဆိုတာကိုရှင်းပြဖို့ ပိုပြီးအရေးပါလာပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အချက်အလက်တွေ အလွန်အကျွံ များပြားနေတဲ့ ခေတ်ကြီးမှာ လူတွေ တကယ်သိချင်နေတာက “ ဒါဟာ ဘာကြောင့် အရေးကြီးတာလဲ” နဲ့ “ ဒီဖြစ်ရပ်က ငါတို့ဘဝကို ဘယ်လို သက်ရောက်မှုရှိပြီး ဘယ်လို ရှေ့ဆက်ရမလဲ” ဆိုတဲ့ အဖြေတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်မှာ သတင်းဌာနတွေရဲ့ တာဝန်ဟာ သတင်းကို ဦးအောင်တင်ပြရုံနဲ့ မလုံလောက်တော့ပါဘူး။ ဖြစ်ပျက်သမျှ သတင်းတွေက လူတွေရဲ့ ဘဝအတွက် ဘာကို ဆိုလိုသလဲဆိုတာကိုပါ ရှင်းပြပေးဖို့ တာဝန်ရှိလာပါပြီ။

သတင်းတပုဒ်ကို ဖတ်တဲ့အခါ “ မြေရှားသတ္တု (Rare Earth) ဆိုတာ ဘာလဲ၊ ဘယ်မှာသုံးတာလဲ၊ စျေးကြီးလား” ၊ “ ငွေကြေးဖောင်းပွ (Inflation) တာက ငါ့အိတ်ကပ်ထဲက ပိုက်ဆံကို ဘယ်လိုကုန်စေတာလဲ” ဒါမှမဟုတ် ” အီရန်ကို အမေရိကန်က စစ်ဝင်တိုက်ခဲ့တဲ့ နောက်ခံအဓိကအကြောင်းအရင်းက ဘာလဲ ” စတဲ့ သိသလိုလိုနဲ့ မသဲကွဲတဲ့ အချက်တွေ၊ အကြောင်းအရာတွေကို စာဖတ်သူတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

ဖွင့်ဆိုရှင်းပြ သတင်းစာပညာ (Explainer Journalism or Explanatory Journalism ) ရဲ့ အနှစ်သာရကတော့ သတင်းကို ပို့ရုံ (Reporting) သက်သက်မဟုတ်ဘဲ၊ စာဖတ်သူကို အမှန်တကယ် နားလည်သွားအောင် (Understanding) ကူညီပေးတာပဲ ဖြစ်ပါတယ်။

(မှတ်ချက်- ဒီလက်စွဲစာအုပ်ငယ်မှာ ဖွင့်ဆိုရှင်းပြ သတင်းစာပညာ (Explainer Journalism ) လို့ပဲ သုံးစွဲပါ့မယ်)

သတင်းအချက်အလက်တွေ အချိန်နဲ့အမျှ စီးဆင်းနေတဲ့ ဒီနေ့ခေတ်မှာ “ ဘာဖြစ်တာလဲ” ဆိုတာကို သိဖို့က မခက်တော့ပေမဲ့ “ ဘာကြောင့် အရေးကြီးတာလဲ” ဆိုတာကို သိဖို့က ပိုခက်ခဲလာပါတယ်။

ဒါကြောင့် ဖွင့်ဆိုရှင်းပြ သတင်းစာပညာ (Explainer Journalism) ဟာ သတင်းစာပညာဟာ “ Missing Link” (ပျောက်ဆုံးနေတဲ့ ကွင်းဆက်) ကို ပြန်လည်ဖြည့်ဆည်းပေးဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

တကယ်တော့ ဖွင့်ဆိုရှင်းပြ သတင်းစာပညာ (Explainer Journalism) ဆိုတာက ၁၉၈၀ ပြည့်လွန် နှစ်တွေတုန်းကတည်းက သတင်းစာပညာအတွက် အမြင့်ဆုံးဆုဖြစ်တဲ့ ပူလစ်ဇာဆု (Pulitzer Prize) မှာ ဒီကဏ္ဍအတွက် သီးသန့်ဆုတခု သတ်မှတ်ပေးခဲ့ရာကနေ စတင်ပြီး လူသိများလာခဲ့တာပါ။

၁၉၈၅ ခုတုန်းက Baltimore Evening Sun သတင်းစာက Jon Franklin ဆိုတဲ့ သတင်း

ထောက်က မော်လီကျူးဆိုင်ရာ စိတ်ရောဂါကုထုံးတွေအကြောင်း ရေးထားတဲ့ “ The Mind Fixers” ဆိုတဲ့ အပိုင်း (၇) ပိုင်းတွဲဆောင်းပါးနဲ့ ပထမဆုံး ဆုရရှိခဲ့ဖူးပါတယ်။

ကနေ့ခေတ်မှာ ဒီပုံစံက ဘာလို့ ပြန်ပြီး ခေတ်စားလာသလဲဆိုရင် ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ အွန်လိုင်းပေါ်က သတင်းမှားတွေ ပျံ့နှံ့လာတာကို တုံ့ပြန်ဖို့အတွက် ကြိုးစားရင်းနဲ့ တကျော့ပြန် ခေတ်စားလာတာပါ။ ဖွင့်ဆိုရှင်းပြ သတင်းစာပညာရဲ့ အားသာချက်က စာဖတ်သူတွေ သတင်းမှားတွေ၊ အလိမ်အညာတွေနဲ့ မတွေ့ခင်မှာ (ဒါမှမဟုတ် တွေ့ပြီးချိန်မှာတောင်) တိကျတဲ့ သတင်းအချက်အလက်တွေနဲ့ ကြိုတင်ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြစ်ပွားချိန်မှာ ရှုပ်ထွေးလှတဲ့ ဘဏ္ဍာရေး ကိစ္စတွေကို သာမာန်လူတွေနားလည်အောင် ရှင်းပြဖို့ လိုအပ်လာရာကနေ ဒီပုံစံဟာ ပိုပြီး အရေးပါလာခဲ့ပါတယ်။

နိုင်ငံတကာမှာတော့ သတင်းဌာနတွေဟာ ဒီလို ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ပုံစံမျိုးစုံနဲ့ တင်ဆက်ပြီး အောင်မြင်နေကြပါပြီ။

သတင်းတွေဟာ တဌာနနဲ့ တဌာန တူညီလွန်းလာတဲ့အတွက် (Commoditization of news) စာဖတ်သူတွေဟာသတင်းအချက်အလက်ထက် အကြောင်းအရာရဲ့အတိမ်အနက်ကို ရှင်းပြပေးတဲ့ ဆောင်းပါးတွေကို ပိုပြီးစိတ်ဝင်စားလာကြတာပါ။

မြန်မာသတင်းလောကမှာလည်း ဒီလို ဖွင့်ဆိုရှင်းပြ ဆောင်းပါးတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ရှိလာစေဖို့နဲ့ မိတ်ဆွေသတင်းစာဆရာတွေ ရေးသားနိုင်စေဖို့ ရည်ရွယ်ပြီး ဒီလက်စွဲစာအုပ်ကို ရေးသားရခြင်း ဖြစ်ပါတယ်။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေးသွားမှာဖြစ်ပါတယ်။ ။အယ်ဒီတာ )

ဆက်စပ်သတင်းများ

ဖွင့်ဆိုရှင်းပြ

သတင်းထူး (Breaking News)၊ သတင်းဆောင်းပါး (News Feature)၊ အမြင်ဆောင်းပါး (Op-ed)၊ ဖွင့်ဆိုရှင်းပြ (Explainer) စသဖြင့် ဘာပဲရေးရေး အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အချက်ကတော့ "ဘာအကြောင်းအရာကို ရေးမလဲ" ဆိုတဲ့ ဇာတ်လမ်းစိတ်ကူး (Story Idea) ရှိဖို့ပါပဲ။

ဖွင့်ဆိုရှင်းပြ

Vox ဆိုတာ လက်တင်ဘာသာစကား ဖြစ်ပြီး Voice 'အသံ' လို့ အဓိပ္ပာယ်ရပါတယ်။ အမေရိကန်အခြေစိုက် Vox Media ရဲ့ လက်အောက်ခံ ဝဘ်ဆိုက်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုမှာ နာမည်ကျော်သတင်းစာဆရာ Ezra Klein တို့အဖွဲ့က စတင်တည်ထောင်ခဲ့တာပါ။

Facebook