Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ဒီနှစ်ဆောင်းတွင်း ဘာကြောင့်ပိုအေးနေရတာလဲ

အခုနှစ် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေထက်ပိုပြီး ချမ်းအေးတယ်လို့ ခံစားနေရပြီး အေးတဲ့ကာလပိုကြာပါတယ်။ တကယ်​တော့မြန်မာအပြင် မြန်မာနိုင်ငံသားများစွာ​ရောက်ရှိနေတဲ့ထိုင်းအပါအဝင် ​ဒေသတွင်းနိုင်ငံ​တွေမှာပါအ​အေးပို​နေတာပါ။

ပို​အေးတဲ့​ဆောင်းရာသီ နဲ့ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-NUG/MOHADM

-ကိုပါဝဲလ်​ရေးသားသည်။

အခုနှစ် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေထက်ပိုပြီး ချမ်းအေးတယ်လို့ ခံစားနေရပြီး အေးတဲ့ကာလပိုကြာပါတယ်။ တကယ်​တော့မြန်မာအပြင် မြန်မာနိုင်ငံသားများစွာ​ရောက်ရှိနေတဲ့ထိုင်းအပါအဝင် ​ဒေသတွင်းနိုင်ငံ​တွေမှာပါအ​အေးပို​နေတာပါ။

အရင်နှစ်ဆောင်းတွင်းတွေတုန်းက အညာမြေပြန်ဒေသတွေမှာ အနွေးထည်တို့ စောင်တို့တို့ မသုံးလိုက်ကြရပါဘူး။ ဒီနှစ်မှာတော့ မနက်ခင်းပိုင်းတွေနဲ့ ညနေခင်းပိုင်းတွေမှာ အပေါ်ထပ် အနွေးထည် မထူမပါးလေးတွေ ဝတ်နေကြရပြီး ညပိုင်းအိပ်ယာဝင်တဲ့ အခါတွေမှာ စောင်ကို ခြုံနေကြရပါတယ်။ များသောအားဖြင့်မနက်အစောပိုင်း ၅ နာရီမှ ၇ နာရီ အတွင်းမှာ အပူချိန်အနိမ့်ဆုံးဖြစ်တတ်ပြီး အအေးပိုကဲပါတယ်။

မြန်မာပြည်မှာ ဘာကြောင့် ဒီလောက်အေးနေရတာလဲ။

Public Service Announcement

Public Service Announcement

အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့နေရတဲ့ အအေးဒဏ်ဟာ သာမန်ထက် ပိုမိုအေးနေတဲ့ အဓိက အကြောင်းရင်း (၄) ချက် ရှိနေပါတယ်။ နိုင်ငံတကာ မိုးလေဝသဌာနတွေက ခန့်မှန်းပေးတဲ့ အချက်အလက်တွေကို အခြေခံပြီး အကြောင်းအရင်း (၄) ချက်ကို ဖော်ပြပါတယ်။

●လာနီညာရဲ့ လက်ဆောင်

လာနီညာဆိုတာ (La Niña)ဆိုတာပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနဲ့အလယ်ပိုင်းမှာရှိတဲ့ရေမျက်နှာပြင် အပူချိန်တွေဟာ ပုံမှန်ထက် ပိုမိုအေးသွားတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ ​စပိန်ဘာသာစကားအရ “မိန်းကလေးငယ်” (The Little Girl) လို့ အဓိပ္ပာယ်ရပါတယ်။

အယ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း (အီကွေတာအနီး) မှာ ပုံမှန်ထက် ရေမျက်နှာပြင် အပူချိန် မြင့်တက်လာတဲ့ သဘာဝ ရာသီဥတု ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

​ရိုးရိုးရှင်းရှင်း ပြောရရင် “သမုဒ္ဒရာ ရေနွေးစီးကြောင်းကြောင့် ကမ္ဘာ့အပူချိန် ပြောင်းလဲမှု” လို့ ဆိုနိုင်ပါတယ်။

အယ်နီညိုက အပူပိုင်းဖြစ်စဉ်ဆိုရင်လာနီညာကတော့ အအေးပိုင်းဖြစ်စဉ်လို့ အလွယ်မှတ်နိုင်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေက အယ်လ်နီညိုကြောင့် တအားပူခဲ့ပေမယ့် အခုနှစ်မှာတော့ အား​ပျော့တဲ့လာနီညာဖြစ်နေပါတယ်။ဒီဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှတခွင်မှာ အပူချိန်တွေ လျော့ကျပြီး အေးစိမ့်စိမ့်ဖြစ်စေတဲ့စိုထိုင်းဆတွေကို ပိုမိုသယ်ဆောင်လာတာ ဖြစ်ပါတယ်။

●ပိုလာဗော့တက်စ် (Polar Vortex) လမ်းကြောင်းလွဲမှု

ကမ္ဘာ့မြောက်ဝန်ရိုးစွန်း(အာတိတ်ဒေသ)မှာ အလွန်အေးတဲ့ လေဝဲကြီးတခု ရှိပါတယ်။ အခုနှစ်မှာ အဲဒီလေဝဲ (Polar Vortex) က ပုံမှန်နေရာမှာ မနေဘဲ တောင်ဘက် (အာရှတိုက်ဘက်) ကို ပြိုဆင်းလာပါတယ်။ဒါကြောင့် အာတိတ်ဒေသက အေးခဲနေတဲ့ လေထုတွေဟာ တရုတ်နိုင်ငံကို ဖြတ်ပြီး မြန်မာနိုင်ငံထဲအထိ လွင့်စင်လာတာကြောင့် ခါတိုင်းထက်ပိုအေးတယ်လို့ ခံစားနေရတာပါ။ ဒီဖြစ်စဥ်ကြောင့် မြောက်အမေရိက၊ဥရောပနဲ့ အာရှတိုက်တွေမှာ အအေးဒဏ်ပိုခံစားနေကြရပါတယ်။

●အနောက်လေလှိုင်းများ

ကျွန်တော်တို့ ကမ္ဘာ့လေထုအထက်ပိုင်း အမြင့်ပေ ၁၈,၀၀၀ ခန့်မှာ အလွန်အေးတဲ့ အနောက်လေလှိုင်း (Westerly Waves) တွေ တိုက်ခတ်နေပါတယ်။ အဲဒီအမြင့်မှာ အပူချိန်ဟာ -၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနေတာပါ။

ဥပမာအနေနဲ့ပြောရရင် အခန်းတခုရဲ့ အပေါ်မှာ အဲယားကွန်းအကြီးကြီး တပ်ထားသလိုပါပဲ။ ဒီလေအေးလှိုင်းတွေဟာ မြန်မာနိုင်ငံအထက်တည့်တည့်ကနေ ဖြတ်သန်းစီးဆင်းနေတာကြောင့် အအေးဓာတ်က အောက်ကိုသက်ရောက်လာရတာဖြစ်ပါတယ်။

●ဟိမဝန္တာက လာတဲ့ “တိုက်ရိုက်လေအေး”

ပုံမှန်ဆိုရင် ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတွေ ရှိတတ်ပြီး အဲဒီကလာတဲ့ လေနွေးတွေက မြောက်ဘက်က လာတဲ့ လေအေးကို တားဆီးပေးတတ်ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ ပင်လယ်ထဲမှာ လေဖိအားနည်းရပ်ဝန်းတွေ မရှိသလောက် နည်းနေပါတယ်။အဲ့ဒီတော့ဟိမဝန္တာတောင်တန်းကြီးဆီက ဆင်းလာတဲ့ လေအေးတွေဟာဘာအတားအဆီးမှမရှိဘဲမြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အောက်ပိုင်းအထိတိုက်ရိုက်ဝင်လာတာကြောင့် အအေးဒဏ် ပိုကဲနေရခြင်း ဖြစ်ပါတယ်။

အချုပ်အားဖြင့် လာနီညာက အခြေခံအေးအောင် လုပ်ပေးထားတဲ့အပြင်၊ အာတိတ် နဲ့ ဟိမဝန္တာက လာတဲ့ လေအေးတွေက မြန်မာနိုင်ငံအပေါ်မှာ အဲယားကွန်း ဖွင့်ထားသလို တိုက်ခတ်နေတာကြောင့် ယရင်နှစ်တွေထက် ပိုအေးနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။