Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲရင့်သောပြည်သူများကြောင့် ရှင်သန်ကျယ်ပြန့်လာမည့် လွတ်လပ်ခွင့်အိမ်မက်-ယူကရိန်း နှင့် မြန်မာ

“သတ္တိပြောင်တဲ့ ယူကရိန်းတွေရဲ့ ကျေးဇူးကြောင့် ယူကရိန်းမှာ ရုရှားစစ်တပ်ပြိုကျဖို့ဟာ အလွန်နီးစပ်တဲ့ ပကတိအခြေအနေမှန်ပါ။ ရုရှားစစ်တပ် ဆိုးဆိုးဝါးဝါး အရေးနိမ့်သွားရင် ပူတင်အစိုးရ ရပ်တည်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ရုရှားတွေ အရေးနိမ့်ခြင်းက “ လွတ်လပ်ခွင့်ခေတ်အသစ် မွေးဖွားလာဖို့” ဖြစ်နိုင်ချေတွေဖန်တီးပါလိမ့်မယ်။

ကျူး​ကျော်သူရုရှားစစ်ယာဥ်တန်းများ တိုက်ခိုက်ဖျက်ဆီးခံရစဥ်

အီဂေါဗလာဇီဗစ်

လက်ရှိယူကရိန်းစစ်ပွဲ ဘယ်ကိုဦးတည်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အလွန်အကောင်းမြင်တဲ့ ဖွင့်ဆိုချက်များနဲ့ ဖူကူယားမားရှင်းပြထားတာကို အောက်မှာဖေါ်ပြလိုက်ပါတယ်။ အလွန်အကောင်းမြင်တဲ့ တင်ပြချက်များ ဆိုသော်ငြားအလွန်လည်းဖြစ်လာနိုင်ချေရှိတာတွေလို့ ဆိုပါရစေ။ ဘဝရော သမိုင်းရောဟာ အလွန်ရှုပ်ထွေး၊ မရှင်းလင်း၊မပြတ်သား၊ တစိတ်တပိုင်း၊မပြီးမပြတ်ဖြစ်တတ်တာမျိုးပါ။ သမိုင်းဆိုင်ရာ လမ်းကြောင်းတွေ ရလာဒ်တွေက ဖူကူယားမားပြောသလောက် ကြီးမား၊ ခြုံငုံ၊ ရှင်းရှင်းပြတ်ပြတ်တော့ ဖြစ်မနေပါဘူး။ သို့သော်လည်း အလွန်လက်တွေ့ကျတဲ့ ဖြစ်နိုင်ချေတခုက ဖူကူယားမားပြောသလို “သတ္တိပြောင်တဲ့ ယူကရိန်းတစုရဲ့ ကျေးဇူးနဲ့” ဟောဒီလိုအခြေအနေတွေ ဖြစ်လာနိုင်ချေပါ။

“သတ္တိပြောင်တဲ့ ယူကရိန်းတွေရဲ့ ကျေးဇူးကြောင့် ယူကရိန်းမှာ ရုရှားစစ်တပ်ပြိုကျဖို့ဟာ အလွန်နီးစပ်တဲ့ ပကတိအခြေအနေမှန်ပါ။ ရုရှားစစ်တပ် ဆိုးဆိုးဝါးဝါး အရေးနိမ့်သွားရင် ပူတင်အစိုးရ ရပ်တည်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ရုရှားတွေ အရေးနိမ့်ခြင်းက “ လွတ်လပ်ခွင့်ခေတ်အသစ် မွေးဖွားလာဖို့” ဖြစ်နိုင်ချေတွေဖန်တီးပါလိမ့်မယ်။

ကျူး​ကျော်သူရုရှားစစ်ယာဥ်တန်းတိုက်ခိုက်​ချေမှုန်းခံရစဥ်

ကမ္ဘာနဲ့ချီဖြစ်လာမဲ့ ဒီအပြောင်းအလဲဟာ မြန်မာပြည်ကိုလည်း အကျိုးသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်။ မြန်မာစစ်အာဏာရှင်တွေရဲ့ နိုင်ငံသားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်စစ်ပွဲဟာ ရှေ့ဆက်လို့ မရပဲ ရပ်တန့်ရပါလိမ့်မယ်။ လောလောဆယ်မှာ သိသိသာသာ မမြင်ရသေးပေမဲ့ တချိန်မှာတော့ ပေါ်လွင်လာပါလိမ့်မယ်။ သတ္တိရှိတဲ့ ယူကရိန်းတစုဟာ ပူတင်အစိုးရကို ဖြိုလှဲပြီး ကမ္ဘာ့သမိုင်းကို ပြောင်းလဲပေးသွားတယ် ဆိုတာလိုမျိုး သတ္တိရှိတဲ့ မြန်မာပြည်သားတွေဟာ သူ့နိုင်ငံထဲက လူသတ်စစ်အာဏာရှင်ကို ဖြိုချပြီး အရှေ့တောင်အာရှ သမိုင်းကို အချိုးအကွေ့လုပ်ပေးသွားလိမ့်မယ်။ ဒါမျိုးက မဖြစ်နိုင်တဲ့ မျော်လင့်ချက် မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

ရဲရင့်သော ယူကရိန်းပြည်သူတို့ကို ဂုဏ်ပြုပါ၏။ ရဲရင့်သော မြန်မာပြည်သူတို့ကိုလည်း ဂုဏ်ပြုပါ၏။

စည်းလုံးရဲရင့်​သောရုရှားပြည်သူများ

လွတ်လပ်ခွင့်မွေးဖွားလာနိုင်အောင် ကြိုးစားနေကြသည့် နေရာတိုင်းမှ ရဲရင့်သူ လူစုများကို ဂုဏ်ပြုပါ၏။
—————

နိုင်ငံ​ရေးသိပ္ပံပညာရှင်ဖရန်စစ်ဖူကူယားမား

အရှုံးအတွက်ပြင်ဆင်ခြင်း

ရေးသူ – ဖရန်စစ်ဖူကူယားမား

လွန်ခဲ့တဲ့ သီတင်းပတ်ကစလို့ ခေါင်းဆောင်မှုအကယ်ဒမီ(ဖွံဖြိုးရေး ဘာသာရပ်) သင်ကြားပေးနေတဲ့ မြောက်ပိုင်းမက်ဆီဒိုးနီးယားကနေ ဒီစာကိုရေးပါတယ်။ ယူကရိန်းနဲ့ အချိန်ဇုံ ကပ်လျက်ဖြစ်တာကလွဲလို့ စစ်သတင်းကတွေကတော့ အများသူဌာသိသလိုပဲ သိရပါတယ်။ ခုရောက်နေတဲ့ ဘော်လကန်ဒေသမှာက အခြားဥရောပဒေသတွေနဲ့နှိုင်းရင် ပူတင်ကို ထောက်ခံသူပိုများပါတယ်။

ကိုယ့်ကို တိုက်ခိုက်ထိုးနှက်ဖို့ လွယ်စေအုံးတော့ တိတိလင်းလင်း ဟောကိန်းတချို့ကို ပြောလိုပါတယ်။

၁။ ရုရှားဟာ ယူကရိန်းမှာ အရှုံးဆီဦးတည်နေပြီ။ ယူကရိန်းတွေက ရုရှားကိုလိုလားကြလိမ့်မယ်၊ ကျူးကျော်ပြီးသိပ်မကြာခင်မှာ ယူကရိန်းစစ်တပ် ပြိုလဲသွားလိမ့်မယ်ဆိုတဲ့ မှားမှားယွင်းယွင်း ယူဆချက်တွေအပေါ် အခြေခံတဲ့ရုရှားရဲ့ အစီအမံတွေဟာ အလွန်ညံ့ဖျင်းခဲ့ပါတယ်။ ရုရှားစစ်သားတွေမှာ ရိက္ခာနဲ့ ကျဉ်အပိုမပါဘူး။ ယူကရိန်းမြို့တော် ကီယက်ကိုသိမ်းပြီးရင် အောင်ပွဲခံ စစ်ရေးပြဖို့ ယူနီဖောင်း အပိုပဲသယ်လာတယ်။ လက်ရှိမှာပူတင်ဟာ သူ့စစ်တပ်ရဲ့ ပမာဏကြီးကြီးကို ယူကရိန်းလွှတ်ထားရတယ်။ တိုက်ပွဲထဲခေါ်သွင်းဖို့ အရံစစ်သားအများကြီး ရှိမနေဘူး။ ရုရှားတပ်တွေဟာ ယူကရိန်းမြို့ပြင်တွေမှာ ပိတ်မိနေကြတယ်။ အဲဒီမှာ ထောက်ပို့လမ်းကြောင်းတွေလဲပြတ်၊ယူကရိန်းတွေရဲ့ စဉ်ဆက်မပြတ်တိုက်ခိုက်မှုတွေကိုလည်း ခံနေရတယ်။

၂။ ရုရှားတပ်တွေရဲ့ အပြိုအလဲဟာ အထိနာနာနဲ့ ရုတ်တရက်ဖြစ်လိမ့်မယ်။ ဖြေးဖြေးချင်း ပြုန်းတီးနေတာမျိုး ဖြစ်မှာ မဟုတ်ဘူး။ ထောက်ပို့လည်း မရ။ နောက်ဆုတ်လည်း မရတဲ့ စစ်ပြေပြင်ကို ရုရှားတွေကြုံရမယ်။ စိတ်ဓါတ်ရေးရာတော့ အငွေ့ပျံပျောက်ဆုံးသွားလိမ့်မယ်။ အထူးသဖြင့် မြောက်ပိုင်းမှာပိုဖြစ်မယ်။ တောင်ပိုင်းကတော့ နည်းနည်းတော်တယ် ပြောနိုင်ပေမဲ့ မြောက်ပိုင်းပြိုရင် တောင်ပိုင်းကိုလည်း ထိန်းရခက်ပြီ။

၃။ အဲဒီလိုတွေ ဖြစ်မလာခင်အထိတော့ သံတမန်ရေးအဖြေ ရနိုင်ချေမရှိဘူး။ ဒီအခြေအနေထိ ဆုံးရှုံးထားတာတွေကို ကြည့်ပြီး နှစ်ဘက်စလုံးက ဘယ်လိုဖြစ်နိုင်ချေ အပေးအယူကိုမှ လက်ခံကြမယ်မဟုတ်ဘူး။

၄။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ သုံးစားမရဘူးဆိုတာ တခါထပ်ပြီး သက်သေပြပြန်တယ်။ အထွေထွေညီလာခံမှာ မဲခွဲတာကပဲ ကမ္ဘာမှာ လူဆိုးလူကောင်းခွဲပေးတဲ့ အကူအညီလေးဖြစ်ခဲ့တယ်။

၅။ မပျံသန်းရဇုံ မကြေငြာဖို့၊ ပိုလန်ကပေးမဲ့ မစ်တိုက်လေယဉ်တွေ မယူဖို့ ဘိုင်ဒန်အစိုးရက ဆုံးဖြတ်ခဲ့တာတွေဟာမှန်တယ်။ စိတ်ပိုင်းဆိုင်ရာ လှုပ်ခတ်မှုများပေမဲ့ သူတို့တွေဟာ ခေါင်းအေးအေးထားနိုင်ခဲ့ကြတယ်။ ယူကရိန်းတွေကိုယ်တိုင် ရုရှားကို အနိုင်ရအောင်လုပ်တာပိုကောင်းတယ်။ နေတိုးကတိုက်တာပါလို့ မော်စကိုကလူတွေ ဆင်ခြေပေးလို့ မရတော့ဘူး။ စစ်မီးမပြန့်ပွါးအောင်ရှောင်ပြီးသားလည်း ဖြစ်တယ်။ အရေးကြီးတာက တင့်ကားပစ်တွေ၊လေယဉ်ပစ်တွေ၊ ဒုံးတွေ၊ ဆေးဝါးတွေ၊ ပစ္စည်းကရိယာတွေ၊ ထောက်လှမ်းရေး သတင်းတွေပေးနေဖို့ပဲ။ ယူကရိန်းအပြင်ကနေ နေတိုးထောက်လှမ်းရေး ကွန်ယက်က ဖြန့်ခွဲကူနေတယ်လို့ ယူဆလို့ရတယ်။

၆။ ယူကရိန်းတွေပေးရတဲ့ တန်ဖိုးကကြီးပါတယ်။ တကယ့်အထိအခိုက်တွေက ဒုံးနဲ့ အမြောက်တွေကြောင့် ဖြစ်ရတာ။ မပျံသန်းရဇုံပဲ ဖြစ်ဖြစ်၊ မစ်တိုက်လေယဉ်ကပဲဖြစ်ဖြစ်က မကာကွယ်ပေးနိုင်ဘူး။ မြေပြင်မှာပဲ ရုရှားတွေကိုအနိုင်ယူရမှာ။ ဒါမှလူသတ်နေတာတွေရပ်တန့်သွားမှာ။

၇။ စစ်ရှုံးရင် ပူတင်လည်း မရပ်တည်နိုင်ဘူး။ သူရနေတဲ့ ထောက်ခံမှုက အားကြီးတဲ့သူလို့ သူ့ကိုလူတွေမြင်ကြတာကနေ လာတယ်။ ပူတင်မှာလက်ရုံးအားလည်း မရှိ၊ အရည်အချင်းလည်း မရှိဘူးဆိုတာ သိသာသွားရင် ဘာထုတ်ပြစရာ ကျန်မလဲ။

၈။ ရုရှားကျူးကျော်စစ်ဟာ ကမ္ဘာတဝှမ်းက ထင်ပေါ်မှုကိုအခြေခံတဲ့( လူများကြိုက်) ခေါင်းဆောင်တွေကိုအကြီးအကျယ် အထိနာစေတယ်။ ဒေါ်နယ်ထရန့်၊ ဗစ်တာအိုဘင်၊ မာရင်းလီပန်း၊ အဲရစ်ဇန်မွှာ၊ ဘော်စနာရို၊ မာတီယို ဆယ်ဗီနီ စတဲ့ ခေါင်းဆောင်တွေဟာ စစ်မဖြစ်ခင်ထဲက ပူတင်ကို စာနာကြောင်း ပြောခဲ့တဲ့ခေါင်းဆောင်တွေ။စစ်ရဲ့နိုင်ငံရေးက အဲဒီခေါင်းဆောင်တွေအားလုံး အာဏာရှင် စနစ်ဘက် တိမ်းညွတ်တယ်ဆိုတာကို ဖွင့်ပြလိုက်တယ်။

၉။ ယူကရိန်းစစ်ပွဲဟာ တရုတ်ပြည်အတွက်လဲ သင်ခန်းစာပဲ။ ရုရှားလိုပဲ တရုတ်ဟာလည်း အဆင့်မြင့်နည်းပညာစစ်တပ်ကြီးကို ဆယ်စုနှစ်များစွာ တည်ဆောက်နေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တကယ့် မြေပြင်တိုက်ပွဲအတွေ့အကြုံမရှိဘူး။ ရုရှားလေတပ်ရဲ့ ဆိုးဆိုးဝါးဝါး မထိရောက် မစွမ်းဆောင်နိုင်မှုလိုမျိုးကို တရုတ်စစ်တပ်လည်း ထပ်ကြုံရနိုင်တယ်။ တရုတ်လေတပ်လည်း ရုရှားလိုပဲ ရှုပ်ထွေးတဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ကိုယ်တွယ်နိုင်တဲ့ အတွေ့အကြုံမရှိဘူး။ ထိုင်ဝမ်ကို ကျူးကျော်ဖို့ စဉ်းစားတဲ့အခါ တရုတ်ခေါင်းဆောင်ပိုင်း အနေနဲ့ ငါတို့စွမ်းနိုင်တယ် ဆိုတာမျိုး ( ရုရှားစဉ်းစားခဲ့သလို) စိတ်အလိုလိုက်ပြီး တွေးမှာမဟုတ်ဘူးလို့ မျော်လင့်ရတယ်။

၁၀။ ထိုင်ဝမ်လည်း နိုးထလာရမယ်။ ယူကရိန်းတွေလို တိုက်ဖို့၊ စစ်မှုမထမ်းမနေရစနစ် ပြန်ပြဌာန်းဖို့ ပြင်ဆင်မယ်လို့ မျှော်လင့်ရတယ်။ စောစောထဲက လက်လျှော့အရှုံးပေးရေး ဝါဒီတွေ ဖြစ်မနေကြပါစေနဲ့။

၁၁။ တူရကီဒရုန်းတွေကတော့ ရောင်းအကောင်းဆုံးပစ္စည်း ဖြစ်လာပေတော့မယ်။

၁၂။ ရုရှားတွေရှုံးသွားမှ “ လွတ်မြောက်မှု ခေတ်သစ်” မွေးဖွားလာဖို့ ဖြစ်နိုင်ချေရှိမယ်။ တကမ္ဘာလုံး ဒီမိုကရေစီကျဆင်းနေမှုကနေ ထွက်မြောက်နိုင်မယ်။ ၁၉၈၉ ဝိဥာဉ်ဟာ ရှင်သန်နေတုန်းပဲ။ အဲဒီအတွက် ရဲရင့်တဲ့ ယူကရိန်းသားတွေကို ကျေးဇူးတင်ရမှာ။

Fukuyama’s ၏ Preparing for Defeat by Francis Fukuyamaမူရင်း​ဆောင်းပါးလင့်
https://www.americanpurpose.com/artic…/preparing-for-defeat/

(မြန်မာ့​နွေဦး​တော်လှန်​ရေးကို အမြဲ​စောင့်ကြည့်၍ပြည်သူများကူညီကာ အဖိုးတန်​ဆောင်ပါးများစွာ​ရေးသား​ပေး​နေအီဂေါဗလာဇီဗစ်၏”ရင့်သောပြည်သူများကြောင့် ရှင်သန်ကျယ်ပြန့်လာမည့် လွတ်လပ်ခွင့်အိမ်မက်- ယူကရိန်း နှင့် မြန်မာ” ​ဆောင်းပါးကိုကူးယူ​ဖော်ပြပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။