Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“တော်လှန်ရေးမပြီးမချင်းကတော့ စကစရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် လုံခြုံတယ်ဆိုတဲ့နေရာရယ်လို့ မရှိပါဘူး”

— ပဲခူးတိုင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တာဝန်ရှိသူ

နိုဝင်ဘာ နောဆက်ဆုံးအပတ်က ဖျက်ဆီးခံရသည့် PDF စခန်းတစ်ခု (ဓါတ်ပုံ-​ပေးပို့)

စစ်ကောင်စီက ပြည်သူ့ကာကွယ်​ရေးတပ်(PDF) စခန်းတချို့ကို ဝင်စီးတာ၊ စခန်းမှာရှိတဲ့သူတွေကို ဖမ်းဆီးတာတွေအပြင် တွေ့သမျှပစ်စည်းအကုန် မီးရှို့ဖျက်ဆီးတာတွေ ရှိနေပါတယ်။ ပဲခူးတိုင်းထဲက PDF စခန်းတချို့ဟာဆိုရင်လည်း အလားတူမီးရှို့ဖျက်ဆီးခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စခန်းတွေရဲ့အခြေ အနေ၊ စခန်းမှာရှိနေသူတွေရဲ့အခြေအနေတွေကို သိရှိနိုင်ဖို့ ပဲခူးတိုင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – PDF စခန်းတချို့ ဝင်အစီးခံရတယ်ဆိုတာမျိုး စစ်ကောင်စီဘက်က ထုတ်ပြန်တာတွေရှိတယ်။ အစ်ကိုတို့တာဝန်ယူထားတဲ့ ဒေသမှာဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ – အစီးခံရတယ်ဆိုတာက တကယ့် PDF စခန်းအစစ်တွေ မဟုတ်ပါဘူး။ ခုံလှုံစခန်းပေါ့။ ဝင်စီးတဲ့အခါမှာ ငါးဦးအဖမ်းခံရတယ်။ နိုင်ငံ ရေးတက်ကြွလှုပ်ရှားတဲ့ ၊ခိုလှုံသူ ငါးဦးအဖမ်းခံရတယ်ပေါ့။ နောက်တစ်ခု ကျွန်တော်တို့ရဲ့ အသုံးအဆောင်ပစ်စည်းတွေ၊ အိုးခွက်ပန်းကန်တွေ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ၊ အဆောက်အဦးတွေ၊ တခြားတန်ဖိုးရှိ အသုံးအဆောင်တွေ၊ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီးခံရပါတယ်။

နိုဝင်ဘာ နောဆက်ဆုံးအပတ်က ဖျက်ဆီးခံရသည့် PDF စခန်းတစ်ခု (ဓါတ်ပုံ-​ပေးပို့)

မေး – စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးခြင်းခံရတဲ့ စခန်းတွေက အဓိကဘယ်ဒေသတွေမှာ အ​ခြေစိုက်တဲ့ စခန်းတွေပါလဲ။ ပြောလို့ရသလောက် ပြောပေးပါ။

Public Service Announcement

Public Service Announcement

ဖြေ – စခန်းတွေအားလုံးက ပဲခူးတိုင်းဒေသကြီးအတွင်းက
စခန်း​တွေဖြစ်ပါတယ်။ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ အခုတော့ ပိုပြီးတော့ လုံခြုံတဲ့နေရာကိုလည်း ကျွန် တော်တို့က ရွှေ့ပြောင်းပြီး ဖြစ်တယ်။ အဲတော့ ပြန်လည်ထူထောင်ဖို့အတွက် လိုအပ်ချက်တွေကတော့ ရှိနေပါတယ်။

နိုဝင်ဘာ နောဆက်ဆုံးအပတ်က ဖျက်ဆီးခံရသည့် PDF စခန်းတစ်ခု (ဓါတ်ပုံ-​ပေးပို့)

မေး – ဝင်အစီးခံရတဲ့စခန်းတွေထဲမှာ ထိခိုက်ဆုံးရှုံးမှု အ​ခြေအနေတွေဘယ်လိုရှိပါသလဲ။

ဖြေ – အဓိကပျက်ဆီးဆုံးရှုံးမှုများခဲ့တဲ့ ကျွန် တော်တို့ ပြည်စခန်းကတော့ ပြည်လည်ထူထောင်ဖို့ စလုပ်နေပါပြီ။ ဒီစခန်းမှာရောက်ရှိခိုလှုံနေကြတဲ့ အမျိုးသမီးနဲ့ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ပိုပြီးတော့ လုံခြုံအောင် ပိုပြီးတော့ ဘေးကင်းအောင်လည်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လို့ တော်လှန်ရေးမပြီးမချင်းကတော့ စကစရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် လုံခြုံတယ်ဆိုတဲ့နေရာရယ်လို့ မရှိပါဘူး။ မြို့မှာပဲဖြစ်ဖြစ်၊ ရွာမှာပဲဖြစ်ဖြစ်၊ တောထဲမှာပဲဖြစ်ဖြစ် လုံခြုံတယ်ဆိုတဲ့နေရာကတော့ မရှိပါဘူး။ သူတို့(စစ်ကောင်စီ)က လူ့အခွင့်အရေးတွေဘာတွေ နားလည်တာ မဟုတ်ဘူး။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးဖို့အတွက် ဝန်မလေးကြဘူး။ တကယ့်ကို အကြမ်းဖက်အသွင်သဏ္ဍန်နဲ့လှုပ်ရှားနေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က ကာကွယ်နိုင်ဖို့ ကြိုးစားသွားမှာပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအရ ရှောင်ပြေးလာရတဲ့သူတွေ နိုင်ငံရေးအခြေအနေကြောင့် ရောက်လာရတဲ့သူတွေ ဒါတွေကို ကျွန်တော်တို့ပိုပြီးတော့အားထုတ်ပြီးကာကွယ်နိုင်ဖို့ ကြိုးစားသွားပါမယ်။

ဒီလိုပဲ တောထဲမှာလာရောက်ခိုလှုံနေရတဲ့သူတွေကို ကာကွယ်ပေးသလို မြို့ပေါ်တွေ၊ ကျေး ရွာတွေမှာရှိနေတဲ့ ပြည်သူတွေကိုလည်း တတ် နိုင်သလောက် ကာကွယ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

မေး – ခုံလှုံစခန်းတွေကို စွန့်ခွာခဲ့ရသူတွေအတွက်အဓိကဘာတွေလိုအပ်နေပါသလဲ။

ဖြေ – လုံခြုံရေးအခြေအနေတွေအရ ခိုလှုံစခန်းတွေမှာ လူဦးရေဘယ်လောက်ရှိနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ အတိအကျမပြောနိုင်ပါဘူး။ လတ်တလော ပြန်လည်ထူ ထောင်ရေးနဲ့ပတ်သက်လို့တော့ အားလုံးလိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်းအမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

Public Service Announcement

ဒီအချိန်မှာတော့ ပြည်သူတွေဘက်က ကူညီမှုတွေဟာ အတိုင်းထက်အလွန်ပါပဲ။ PDF ထူထောင်ဖို့အတွက်ကူညီရသလို CDM ဝန်ထမ်းတွေအတွက်လည်း ကူညီကြရတယ်။ ထောက်ပံကြရတယ်။ ဒီလိုပဲ ခိုလှုံတွေအတွက်ပေါ့နော် နိုင်ငံရေးအရ ခိုလှုံတဲ့သူတွေ၊ နောက် တစ်ခုက တော်လှန်ရေးကို တတပ်တအားနဲ့ အရပ်ဖက်တာဝန်ထမ်းဆောင်နေသူတွေအတွက်လည်း ထောက်ပံကြရတယ်။

အဲတော့ ကျွန်တော်တို့က ဒီမှာခိုလှုံစခန်းတွေဆိုပေမယ့် တော်လှန်ရေးအတွက် ကိုယ်တတ်နိုင်တဲ့နေရာကနေ လုပ်ကိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။ အဲလိုမျိုး အရပ်သားပုဂ္ဂိုလ်များရယ် သူတို့ရဲ့ မိသားစုတွေရယ်ရှိနေပြီး လိုအပ် ချက်တွေလည်း ရှိနေပါတယ်။ အဲဒါကြောင့် ကူညီပေးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်။

ဒီနေရာမှာ အပိုင်းသုံးပိုင်းရှိပါတယ်။ ကျွန်တော်တို့ PDF တွေ၊ နောက် PDF တည်ထောင်ဖို့ ရုံးလုပ်ငန်းဆိုင်ရာကိစ္စဆောင်ရွက်ပေးသူတွေ၊ နောက်ပြီးထောက်ပို့နဲ့ နိုင်ငံရေးအရ ခိုလှုံနေရတဲ့သူတွေဆိုပြီး ရှိတဲ့အတွက် လိုအပ်ချက်တွေကတော့ များပါတယ်။ ဒီအပေါ်မှာ ကူညီထောက်ပံပေးလိုတယ်ဆိုရင် ကျွန်တော်တို့ကိုဆက်သွယ်ပြီး ထောက်ပံလှူဒါန်းနိုင်တဲ့အကြောင်း ပြောလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ