Connect with us

Hi, what are you looking for?

သတင်း

အဆုံးသတ်တိုက်ပွဲအတွက်ပြည်သူလူထု​၏ပူး​ပေါင်းပါဝင်မှုကို​တောင်းခံ​ကြောင်းKNDF ဖယ်ခုံဇုန် ​ကြေညာ

လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင် ရေး၌ လွိုင်ကော်၊မိုးဗြဲ နှင့် ဖယ်ခုံ ဒေသတို့တွင် စစ်ကောင်စီစခန်းနှင့်တပ်စွဲရာ နေရာ အခု ၂၀ ထက်မနည်း ကို သိမ်းပိုက်ထားသည်။

(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)
(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)

“မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်လာလိမ့်မယ်။ဒါကြောင့် လူထုအားလိုပါတယ်။ဝန်းရံကြပါ” -KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ

အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို တောင်းခံကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ယနေ့ ထုတ် ပြန်သည်။

ယခုအချိန်သည်နွေဦးတော်လှန်ရေးအတွက် အဆုံးဖြတ်ကာလဖြစ်ပြီး ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်ကစတင်ပြီး (11.11 Operation) ကို ဆင်နွှဲလာခဲ့ရာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနှင့် အရှေ့ဘက်ကမ်းဒေသတွင်လည်း တော်လှန်စစ်များ ကြီးထွားလာကြောင်း အသိပေးသည်။

“မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်လာလိမ့်မယ်။ဒါကြောင့် လူထုအားလိုပါတယ်။ဝန်းရံကြပါ”ဟု KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ ကPeople’s Spring သို့ပြောသည်။

(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)
(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)

အဆုံးဖြတ်တိုက်ပွဲကာလ၌ မိမိတို့၏ တော်လှန် ရေးခံယူချက်များကို ပြတ်သားစွာ ပြသနိုင်ကြရန်အတွက် ပြည်သူလူထု တရပ်လုံးကို ဖိတ်ခေါ်ရင်း​ နွေဦးတော်လှန်ရေးသမိုင်းအား အတူတကွရေးထိုးကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဘက်မှ လှုပ် ရှားမှုများကို ပေးပို့ခြင်း၊တော်လှန်ရေးတပ်ဖွဲ့များမှထုတ်ပြန်သော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းများကို လိုက်နာခြင်း၊လူငယ်များအနေဖြင့် တော်လှန် ရေးတပ်သားတွင် ပါဝင်ခြင်းနှင့်ထောက်ပို့အင်အားဖြင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်တော်လှန် ရေးတပ်များနှင့် ပူးပေါင်းပါဝင်နိုင်ကြောင်း ဖော်ပြ သည်။

(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)
(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)

အထက်ပါ ပူးပေါင်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်(၁)၏ KNDF-Pekhon Zone သို့ ဆက်သွယ်နိုင်ကြောင်းလည်းအသိပေးသည်။

လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင် ရေး၌ လွိုင်ကော်၊မိုးဗြဲ နှင့် ဖယ်ခုံ ဒေသတို့တွင် စစ်ကောင်စီစခန်းနှင့်တပ်စွဲရာ နေရာ အခု ၂၀ ထက်မနည်း ကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။