Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အဆုံးသတ်တိုက်ပွဲအတွက်ပြည်သူလူထု​၏ပူး​ပေါင်းပါဝင်မှုကို​တောင်းခံ​ကြောင်းKNDF ဖယ်ခုံဇုန် ​ကြေညာ

လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင် ရေး၌ လွိုင်ကော်၊မိုးဗြဲ နှင့် ဖယ်ခုံ ဒေသတို့တွင် စစ်ကောင်စီစခန်းနှင့်တပ်စွဲရာ နေရာ အခု ၂၀ ထက်မနည်း ကို သိမ်းပိုက်ထားသည်။

(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)
(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)

“မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်လာလိမ့်မယ်။ဒါကြောင့် လူထုအားလိုပါတယ်။ဝန်းရံကြပါ” -KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ

အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို တောင်းခံကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ယနေ့ ထုတ် ပြန်သည်။

ယခုအချိန်သည်နွေဦးတော်လှန်ရေးအတွက် အဆုံးဖြတ်ကာလဖြစ်ပြီး ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်ကစတင်ပြီး (11.11 Operation) ကို ဆင်နွှဲလာခဲ့ရာ ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲနှင့် အရှေ့ဘက်ကမ်းဒေသတွင်လည်း တော်လှန်စစ်များ ကြီးထွားလာကြောင်း အသိပေးသည်။

“မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်လာလိမ့်မယ်။ဒါကြောင့် လူထုအားလိုပါတယ်။ဝန်းရံကြပါ”ဟု KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ ကPeople’s Spring သို့ပြောသည်။

(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)
(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)

အဆုံးဖြတ်တိုက်ပွဲကာလ၌ မိမိတို့၏ တော်လှန် ရေးခံယူချက်များကို ပြတ်သားစွာ ပြသနိုင်ကြရန်အတွက် ပြည်သူလူထု တရပ်လုံးကို ဖိတ်ခေါ်ရင်း​ နွေဦးတော်လှန်ရေးသမိုင်းအား အတူတကွရေးထိုးကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဘက်မှ လှုပ် ရှားမှုများကို ပေးပို့ခြင်း၊တော်လှန်ရေးတပ်ဖွဲ့များမှထုတ်ပြန်သော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းများကို လိုက်နာခြင်း၊လူငယ်များအနေဖြင့် တော်လှန် ရေးတပ်သားတွင် ပါဝင်ခြင်းနှင့်ထောက်ပို့အင်အားဖြင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်တော်လှန် ရေးတပ်များနှင့် ပူးပေါင်းပါဝင်နိုင်ကြောင်း ဖော်ပြ သည်။

(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)
(KNDF ဖယ်ခုံဇုန်မှတပ်ဖွဲ့ဝင်များနှင့် ​ကြေညာချက်။ ဓါတ်ပုံ-KNDF)

အထက်ပါ ပူးပေါင်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-စစ်ဗျူဟာအမှတ်(၁)၏ KNDF-Pekhon Zone သို့ ဆက်သွယ်နိုင်ကြောင်းလည်းအသိပေးသည်။

လက်ရှိ ကရင်နီပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင် ရေး၌ လွိုင်ကော်၊မိုးဗြဲ နှင့် ဖယ်ခုံ ဒေသတို့တွင် စစ်ကောင်စီစခန်းနှင့်တပ်စွဲရာ နေရာ အခု ၂၀ ထက်မနည်း ကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။