Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒီတိုက်ပွဲမှာထူးခြားချက်က ဒုတိယဗိုလ်မှူးကြီးသက်အောင်ဟာ တိုက်ခိုက်ရေးဘက်ကမဟုတ်ဘူး။ သင်ကြားရေးပိုင်းကဖြစ်တယ်”

ညီ​နောင်မဟာမိတ် ၃ ဖွဲ့ရဲ့ က​နောင်စစ်ဆင်​ရေး နဲ့အတူ “​တောင်သမန်စစ်ဆင်​ရေး “ကိုဆင်နွဲ​နေတဲ့ MDY-PDF ​ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်ကို People’s Spring သံဘိုရွာတိုက်ပွဲနဲ့ပတ်သပ်ပြီး​ မေးမြန်းခန်းကို​တင်ဆက်​ပေးလိုက်ပါတယ်။

( သံဘိုရွာတိုက်ပွဲမှ စစ်သုံ့ပန်း ဗိုလ်မှူးကြီးသက်​အောင်၊ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ မန္တ​လေး PDF တပ်ဖွဲ့ဝင် အချို့ ။ဓါတ်ပုံ-MDY-PDF )
( သံဘိုရွာတိုက်ပွဲမှ စစ်သုံ့ပန်း ဗိုလ်မှူးကြီးသက်​အောင်၊ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ မန္တ​လေး PDF တပ်ဖွဲ့ဝင် အချို့ ။ဓါတ်ပုံ-MDY-PDF )

▪︎MDY-PDF ​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန်နဲ့​မေးမြန်းခန်း

မန္တ​လေးတိုင်းနဲ့ရှမ်းပြည်နယ်​မြောက်ပိုင်းအစပ်မှာရှိပြီး စစ်တပ်အင်အား ၂၀၀ ​​လောက်ထိုင်တဲ့ စစ်​ရေးအရ အ​ရေးကြီးတဲ့ သံဘိုရွာက စစ်တပ်အထိုင်စခန်းကို မန္တ​လေးPDF နဲ့ TNLA တို့က ဇန်နဝါရီ ၂ ရက်မှာစတင်တိုက်ခိုက်ပြီးဇန်နဝါရီ ၃ ရက်မနက်မှာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်​ကောင်စီတပ်က စစ်​ကြောင်းမှူး ဗိုလ်မှူးကြီးတစ်ဦးကိုပါ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့ပါတယ် ။ သ​ပြေညိုစစ်ဆင်​ရေး ၊က​နောင်စစ်ဆင်​ရေး ​တွေနဲ့ စစ်တပ်ကို အကြိမ်ကြိမ်အထိနာ​အောင် မန္တ​လေးPDF ကတိုက်ခိုက်ခဲ့ပါတယ်။ ညီ​နောင်မဟာမိတ် ၃ ဖွဲ့ရဲ့ က​နောင်စစ်ဆင်​ရေး နဲ့အတူ “​တောင်သမန်စစ်ဆင်​ရေး “ကိုဆင်နွဲ​နေတဲ့ MDY-PDF ​ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်ကို People’s Spring သံဘိုရွာတိုက်ပွဲနဲ့ပတ်သပ်ပြီး​ မေးမြန်းခန်းကို​တင်ဆက်​ပေးလိုက်ပါတယ်။

​မေး-သံဘိုရွာက အရင်ကတည်းက စစ်​ကောင်စီ တပ်စခန်းရှိတာလား ။

​ဖြေ-သံဘိုရွာက ရှမ်းမြောက်နဲ့မန္တလေးတိုင်းနဲ့ အစပ်၊ပထဝီအနေအထားအရ အရေးပါတဲ့၊ ဗျူဟာမြောက်တဲ့ နယ်မြေဒေသတစ်ခုဖြစ်ပါတယ်။ ဒီရွာမှာဆိုရင်စစ်ကောင်စီအမြဲတမ်း အခြေချပြီးတပ်ဆွဲထားတယ်။ အင်အားနှစ်ရာဝန်းကျင်လောက်နဲ့ပုံမှန်တပ်စွဲလေ့ရှိတဲ့နေရာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

​မေး-တိုက်ပွဲအ​ကြောင်းအ​သေးစိပ်​ပြောပြ​ပေးပါလား။

​ဖြေ- ဒီတစ်ခေါက်တိုက်ပွဲဖြစ်တဲ့အခါကျတော်တို့ ရန်သူ့စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းဆီးရမိတာရှိတယ်။ အခြားအရှင်ဖမ်းဆီးရမိတာလည်းရှိပါတယ်။ ဒီတိုက်ပွဲမှာထူးခြားချက်က ဒုတိယဗိုလ်မှူးကြီးသက်အောင်ဟာ တိုက်ခိုက်ရေးဘက်ကမဟုတ်ဘူး။ သင်ကြားရေးပိုင်းကဖြစ်တယ်။DSTA ရဲ့ Mechanical (စက်မှုဆိုင်ရာ ဘာသာရပ်)ကထိကပေါ့ ။ စာသင်နေတဲ့ သင်ကြားရေးပိုင်းကဒုတိယဗိုလ်မှူးကြီးဖြစ်တယ်ဆိုတာသိရတယ် ။

ဒီတိုက်ပွဲမှာရန်သူဘက်က တော်တော်လေး ထိခိုက်ကျဆုံးမှုများတယ်လို့ ပြောရင်ရတယ်။ ကျွန်တော်တို့ သံဘို ကျေးရွာကို စီးနင်းဝင်ရောက်တဲ့အချိန်မှာ သံဘိုကျေးရွာထဲမှာရှိတဲ့ ရန်သူ့နေရာတွေအကုန်လုံးကို ကျွန်တော်တို့ စီးနင်းနိုင်ခဲ့တယ်။ဒါ့အပြင် သံဘိုကို စစ်ကူလာတဲ့ စစ်ကူတပ်ဖွဲ့ကိုပါကျွန်​တော်တို့က ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တာ ဆိုတော့ အရေအတွက်အားဖြင့် (စစ်​ကောင်စီတပ်က) တော်တော်အကျအဆုံးရှိပါတယ်။ကျွန်တော်တို့ အလောင်းသိမ်းဆည်းရရှိမှုတွေလဲ ရှိပါတယ်။များပါတယ်။ အရှင်ဖမ်းဆီးရမိသူတွေလဲရှိတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့လူ အချို့လည်း ရှိပါတယ်။

​မေး-သံဘိုတိုက်ပွဲက ထူးခြားချက် တွေ​ဆိုရင်ဘာ​တွေဖြစ်မလဲ။

​ဖြေ- ဒီဒုတိယဗိုလ်မှူးကြီးက ရှေ့တန်းကို တစ်ကြိမ်တစ်ခါမှ မထွက်ဖူးဘဲ ဒီအကြိမ်က သူ့စစ်မှုထမ်းသက်အတွင်းမှာ ပထမဆုံးထွက်ရတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါ့ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက အရေးကြီးတဲ့ တပ်စခန်းနေရာ‌တွေမှာတောင်မှ တိုက်ခိုက်ရေးဘက်ကလာတဲ့ အရာရှိပိုင်းတွေကို တာဝန်မပေးနိုင်တော့ဘူးဆိုတာကို ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီတစ်ခေါက် သံဘိုရွာအတွင်း တစ်ရွာထဲမှာပဲ သိမ်းစီးရမိတဲ့ ဘတ်တံဆိပ်တွေကို ကြည့်ခြင်းအားဖြင့် လက်ရုံးတပ်ပေါင်းစုံကနေ လာပြီးတော့ ဒီမှာ စုပေါင်းစပ်ပေါင်း လာစုပြီးထိုင်ထားတဲ့ပုံစံမျိုး တွေ့ရတယ်။ ဟိုတပ်က ငါးယောက်လာခဲ့ ၊ ဒီတပ်က ငါးယောက်လာခဲ့ ဆိုတဲ့ပုံစံမျိုးတွေ ရှိတယ်လို့ သိရတယ်။ ပိုပြီးတော့ ထူးခြားတာက ဒီ‌တစ်ခေါက်မှာ သင်တန်းမပြီးသေးတဲ့သူတွေပါ လုံခြုံရေးအနေနဲ့ သံဘိုမှာ စစ်ကောင်စီဘက်က အသုံးပြုထားတယ်လို့ သိမ်းဆည်းရမိတဲ့စာရွက်စာတမ်းတွေအရ သိရှိရတယ်ဗျ။ ဒါကတော့ ဒီတစ်ခေါက်ဖြစ်တဲ့ သံဘိုတိုက်ပွဲရဲ့ ထူးခြားချက်တွေ‌ပေါ့နော်။ ရန်သူ့ဘက်က အဘက်ဘက်က အင်အားနည်းနေတယ်ဆိုတာကို ထင်သာမြင်သာရှိတဲ့ အချက်အလက်‌တွေ ဖြစ်ပါတယ်ဗျ။

​ဖြေ- စစ်​ကောင်စီတပ်ရဲ့ စိတ်ဓါတ်ပိုင်းကို​ရောဘယ်လိုမြင်လဲ ။နောက်ချန်တပ်​တွေပါသုံးလာ​တော့ သူတို့ရဲ့ တိုက်ရည်ခိုက်​ရည်ကို​ရော ဘယ်လိုသုံးသပ်လဲ ။

​ဖြေ-သံဘိုရွာတိုက်ပွဲကိုပဲ ဥပမာပေးပြောရရင် ကွပ်ကဲတဲ့သူကအစ တိုက်ခိုက်ရေးအင်အားအဆုံး တကယ့်တိုက်ခိုက်ရေးစစ်စစ်သမားတွေ မဟုတ်ဘူး။ ကွပ်ကဲတဲ့သူကလည်း သင်ကြားရေးအပိုင်းက ကထိက ဆရာကြီးတစ်ဦးဖြစ်တယ်။ အဲလိုပဲ တကယ့်လုံခြုံရေးယူထားတဲ့ ရဲဘော်တွေကလည်း လက်ရုံးတပ်တွေကနေပြီးတော့ ငါးယောက်ထုတ်လိုက်ခြောက် ယောက်ထုတ်လိုက် အသီးသီးဆွဲနုတ်ထားတဲ့ဟာတွေကို ကြည့်ခြင်းအားဖြင့် ရန်သူ့အင်အားက တော်တော်လေးကိုနည်းနေပြီလို့ အကြမ်းဖျင်းသုံးသပ်လို့ရတယ်။ဒါ့အပြင် လက်ရုံးတပ်တွေက လာတာဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည်အပိုင်းမှာလည်း တော်တော်​လေးကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရကော တော်တော်​လေး ဖရိုဖရဲဖြစ်နေတယ်လို့ ပြောရင်ရတယ်။တိုက်ဖို့ခိုက်ဖို့ထက် ထွက်ပြေးဖို့ နောက်ဆုတ်ဖို့ကိုပဲ စိတ်အားထက်သန်နေတာကို ဒီသံဘိုရွာတိုက်ပွဲကတဆင့် တွေ့ရတယ်။သံဘိုရွာတိုက်ပွဲမှမဟုတ်ဘူး တစ်နိုင်ငံလုံးမှာလက်ရှိဖြစ်နေတဲ့ အနေအထားအရလည်း အများစုက ဒီပုံစံမျိုးပဲတွေ့နေရတာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ စိတ်ဓါတ်ပိုင်းရော တိုက်ရည်ခိုက်ရည်ကအဘက်ဘက်က နိမ့်ကျနေပြီလို့ ပြောရင်ရတယ်။

​မေး- PDF ​တွေအ​နေနဲ့ စစ်တပ်စစ်​ကြောင်းမှူးကို ပထမဆုံး ဖမ်းပြလိုက်ပြီး​တော့ နှစ်သစ်မှာ စခန်းသိမ်း​အောင်ပွဲ စယူပြလိုက်တဲ့ MDY- PDF အ​နေနဲ့ ပြည်သူ​တွေကို ဘယ်လိုသတင်းစကားပါးချင်​ပါလဲ။

​ဖြေ -ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တ​လေး အ​နေနဲ့ စတင်စုဖွဲ့စဥ်ကတည်းက စစ်အာဏာရှင်အမြစ်ပြတ် ​ချေမှုန်း​ရေးတိုက်ပွဲ​တွေကို တစိုက်မက်မက်​ဖော်​ဆောင်ခဲ့တာဖြစ်ပါတယ်။၂၀၂၃ ထဲမှာလည်း စစ်ဆင်​ရေး​တွေအများကြီးပဲ ကျွန်​တော်တို့​ဖော်​ဆောင်ခဲ့တာရှိပါတယ်။ ဒီ ၂၀၂၄ ထဲမှာလည်းကျွန်​တော်တို့ရဲ့စစ်​ရေး လှုပ်ရှားမှု​တွေကို ဒိထက်မက အရှိန်မြှင့်ပြီးတိုးမြှင့် လုပ်​ဆောင်သွားဖို့ ရှိပါတယ် ။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲ​​ကြောင်း TNLAထုတ်ပြန်

ဆောင်းပါး

စစ်​ကောင်စီဟာ ​နောင်ချိုမြို့ကို စစ်​ကြောင်းသုံး​ကြောင်းနဲ့ထိုးစစ်ဆင်​နေပြီး တိုက်ပွဲ​တွေပိုပြင်းထန်လာပါတယ်။

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

ညီနောင်သုံးဖွဲ့ကတဖက်သတ်အပစ်ရပ်စဲထားမှုကို စစ်ကောင်စီအခွင့်ကောင်းယူဟု TNLA ပြော