Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒီတော်လှန်ရေးအပေါ်မှာ လူထုက ဘာမျှော်လင့်လဲဆိုတာ ကျွန်မတို ကောင်းကောင်းသိတယ်။ စနစ် ပြောင်းတာကို လိုချင်တာ။ စစ်တပ် နိုင်ငံရေးက ထွက်သွားတာကို လိုချင်တယ်”

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်မေးမြန်းခန်း

သော်မွန်/People’s Spring

တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ ဧပြီ ၁၇ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ လူချင်းတွေ့ဆုံခဲ့ပြီး ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးဖိုနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းနိုင်ဖို ဆွေးနွေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/998129949122120

နောက်တရက် ဧပြီ ၁၈ရက်မှာ မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်ခေါင်းဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေနဲ့ အွန်လိုင်း(Teleconference)မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တကယ်တော့ အွန်လိုင်းကတွေ့ဆုံဖိုထက် လူချင်းတွေ့ဆုံဖို ပထမစီစဥ်ခဲ့တယ်လို အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်လို မလေးရှားဝန်ကြီးချုပ်က အပြုသဘောဆောင်တယ်လို အသိပေးထားသလို NUG နိုင်ငံခြားရေးဝန်ကြီးကလည်း ကောင်းမွန်တဲ့အစပြုမှုအဖြစ် ရှုမြင်ပါတယ်။

စစ်အာဏာသိမ်းမှုကို တရားဝင်မှု မပေးဖို၊ စစ်ကောင်စီကို တရားဝင်မှု မပေးဖို လိုအပ်တယ်ဆိုတာ NUG ရဲ့ ရပ်တည်ချက်ဖြစ်တယ်လို ဝန်ကြီးဒေါ်ဇင်မာအောင်က အခု People’s Spring နဲ့မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားပါတယ်။

မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့မှု နောက်ဆက်တွဲအခြေအနေတွေကို People’s Spring က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။