သတင်း မြင်းခြံနယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ် မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း ဖလူးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်လေကြောင်းကနေ လေးကြိမ်ဗုံးကြဲ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီနေ့ ( ဧပြီ ၁၈ ရက် ) မနက်ပိုင်းက စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ ဧပြီ ၁၈ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း သမ္မတဦးဝင်းမြင့်အပေါ် သစ္စာစောင့်သိနေဆဲဖြစ်ဟု CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခု ထုတ်ပြန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း ရွှေကျင်တိုက်ပွဲအတွင်း ရန်ကုန်တပ်ရင်းက ရဲဘော် ၅ဦး ကျဆုံး ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooဧပြီ 19, 2026