Connect with us

Hi, what are you looking for?

သတင်း

စစ်တွေအမြင့်ကျွန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်​နေ

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းရွာအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာ သိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

(စစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းရွာအနီး စစ်တပ် တင့်ကားကို AA ကတိုက်ခိုက်ပြီး ဖျက်ဆီးခဲ့စ​ဥ်။ ဓါတ်ပုံ-AA Infodesk )

ဇွန်-၃၀၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းရွာအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာ သိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အမြင့်ကျွန်းရွာအနီးပတ်လည်ရှိ စစ်တပ်ကာကင်းစခန်းတွေကို အာရက္ခတပ်​တော်ကထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက် နေ့တို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။တိုက်ပွဲပြင်းထန်​နေပြီးအပြန်အလှန်လက်နက်ကြီးပစ်ခတ်သံ​တွေ ဆက်တိုက်ကြား​နေရတယ်လို့ ​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

“တနေ့ကတိုက်ပွဲတော်တော်ပြင်းတယ်။အမြင့်ကျွန်းဘက်က အသံတွေ ကြားရတာ။ မြို့ထဲကလည်း စစ်တပ်က လက်နက်ကြီးတွေ အချက်သုံးဆယ်၊ လေးဆယ်လောက် လှမ်းပစ်တယ်။ AA ကလည်း လက်နက်ကြီးတွေ ပြန်ပစ် တယ်။ ဒီနေ့မနက်ပိုင်းကလည်း လက်နက်ကြီးသံတွေ ကြားလိုက်ရသေးတယ်” လို့ စစ်တွေမြို့ပေါ်မှာနေထိုင်တဲ့ စစ် ရေးနဲ့ နီးစပ်သူ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကလည်း အမြင့်ကျွန်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲပြင်း နေတယ်လို့ အတည်ပြုပါတယ်။

“ကိုယ့်ဘက်ကတော့ အခွင့်ကောင်းရရင် အလုပ်တွေလုပ်နေတာပဲ အမြဲတမ်း။ တိုက်ပွဲက နေ့တိုင်းတော့ မရှိဘူး။ ဒါ ပေမယ့် အလုပ်လုပ်(တိုက်ပွဲဖြစ်)တဲ့ရက်တွေမှာတော့ အခြေအနေကောင်းတယ်။ အမြင့်ကျွန်းဘက်ရော၊ ရွှေမင်းဂံ ဘက်မှာရော တိုက်ပွဲတွေ ခဏခဏရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေအတွင်းအထိအခိုက်၊အကျအဆုံးတွေကို တိတိကျကျ မသိရပေမယ့် စစ်တပ်ဘက်က အထိနာနေ တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ အဲဒီလို ရှေ့တန်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ် တွေမြို့ထဲနဲ့ မြို့အနီးပတ်လည်တပ်ရင်းတွေထဲကနေ ရှေ့တန်းကာကင်းတွေဆီ လက်နက်၊ အင်အားဖြည့်တင်းတာ တွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်ကလည်း အခုတိုက်ပွဲဖြစ်ပွားနေတဲ့ အမြင့်ကျွန်းရွာအပါအဝင် ကြွီတဲ၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ သိန်းတန်စတဲ့ရွာတွေရှိ ရှေ့တန်းစခန်းတွေကို လက်နက်၊အင်အားဖြည့်တင်းခဲ့ပြီးခံစစ်အနေအထားနဲ့ စခန်းတွေတိုးချနေခဲ့ပါတယ်။

“အင်အားတွေ ဆက်တိုက်တိုးချနေတယ်။ AA ဘက်ကတော့ အဲဒီစခန်းတွေကို မြေပြင်က မတိုက်ပေမယ့် ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်နေတယ်။လက်နက်ကြီးထိလို့ သေတဲ့သူတွေများတယ်။စစ်တွေဆေးရုံကြီးမှာတောင် သူတို့(စစ်တပ်)လူနာတွေ ရောက်နေကြတယ်” လို့စစ်တွေမြို့ခံ နောက်တဦးကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း အမြင့်ကျွန်းကျေးရွာအနီးအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)အနီး နာရီကန် ကျေးရွာဝန်းကျင်နဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာပါ တိုက်ပွဲတွေ မကြာခဏရှိနေ တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဲဒီလိုမြေပြင်တိုက်ပွဲဖြစ်နေပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်လည် မြစ်၊ ချောင်းတွေမှာ မြေမြှုပ်မိုင်းတွေချထားသလို မြို့ထဲမှာလည်း လုံခြုံရေးတင်းကြပ်ကာ ရိုဟင်ဂျာတွေ၊ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။

စစ်တွေမြို့မှာ ည ကိုးနာရီကနေ မနက် လေးနာရီအထိ ညမထွက်ရအမိန့်လည်း ထုတ်ထားပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ AA က​ကြေညာထားပြီး ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇တို့မှာအပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ တိုက်ပွဲမှာ ခရီးသည်တင်ကား ၂စီး ကျည်ထိမှန်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)က စစ်တပ်စခန်း ၃ခု သိမ်းယူခဲ့တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းရော၊ လက်နက်ကြီးပါအသုံးပြုခုခံတိုက်ခိုက်နေပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁)ဗျူဟာနယ်မြေမှာ ဇွန်လတစ်လတာတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ်(၂၁)ဗျူဟာပြည်ခရိုင် တပ်ရင်း (၂)က ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။