Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည်အမေရိကန်လေတပ်စမ်းသပ်ပစ်ခတ်

အမေရိကန် လေတပ်ရဲ့ အဓိက စစ်ဦးစီး ဌာနခွဲ တစ်ခုဖြစ်တဲ့ ပစိဖိတ်လေတပ်ဟာ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး တစ်စီးမှာ တပ်ဆင်ထားတဲ့ တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည်စနစ် (LRASM)ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဇွန် – ၃၀ ၊၂၀၂၆

အမေရိကန် လေတပ်ရဲ့ အဓိက စစ်ဦးစီး ဌာနခွဲ တစ်ခုဖြစ်တဲ့ ပစိဖိတ်လေတပ်ဟာ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး တစ်စီးမှာ တပ်ဆင်ထားတဲ့ တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည်စနစ် (LRASM)ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ပစိဖိတ် ရေတပ်ရဲ့ ဇွန်လ ၂၉ ရက်နေ့ ကြေညာချက်မှာတော့ ပစိဖိတ် သမုဒ္ဒရာထဲက မာရီယာနာကျွန်းစု မြောက်ပိုင်းမှာ အဆင့်မြှင့်တင်ထားတဲ့ LRASM လက်နက်စနစ်ကို လက်တွေ့ ပစ်ခတ် စမ်းသပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီ စမ်းသပ်မှုရဲ့ အောင်မြင်တဲ့ ရလဒ်ဟာ ပင်လယ်ပြင် ခြိမ်းခြောက်မှုတွေကို ဟန့်တားရာမှာ ပိုမို အားကောင်းတဲ့ စွမ်းရည်မျိုး အမေရိကန်ကို ပိုင်ဆိုင်လာစေတယ်လို့ ပစိဖိတ် လေတပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ လက်နက် စမ်းသပ်မှုကို အမေရိကန်ရဲ့ ပိုမိုကြီးမားတဲ့ Valiant Shield 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ဇွန်လ ၂၇ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာပါ။

အမေရိကန်ပိုင် ဂူအမ်ကျွန်းမြောက်ဖက် ရေမိုင် ၂၀၀ လောက် အကွာ၊ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဖိလစ်ပိုင်ပင်လယ် ရေပြင်နားမှာ အမေရိကန်ရေတပ်ကအနားပေးထားတဲ့သယ်ယူပို့ဆောင်ရေးသင်္ဘောဟောင်းကြီး တစ်စီးကို B-2ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်က တိတိ ကျကျ ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပါတယ်။

LRASMဟာ အမေရိကန်ရဲ့ ရေကြောင်းတန်ပြန် တိုက်ခိုက်ရေး မစ်ရှင်တွေမှာ အရေးပါတဲ့ လက်နက်စီမံကိန်း တစ်ခုအဖြစ် သတ်မှတ် ခံထားရပြီး အဲဒီလက်နက်တွေကို ကိုင်တွယ်နိုင်တဲ့ လေယာဉ်အမျိုးအစားကတော့ အကန့်အသတ်တွေ ရှိနေပါတယ်။ အရင်က အမေရိကန် ရေတပ်ရဲ့ F/A-18 တိုက်လေယာဉ်တွေနဲ့ လေတပ်ရဲ့ B-1B ဗုံးကြဲလေယာဉ်တွေပဲ ဒီလက်နက်စနစ်ကို အသုံးပြုနိုင်ပါတယ်။

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာ ပါဝင်တဲ့ B-2တွေကနေ အဲဒီဒုံးကျည်ကို လက်တွေ့ ပစ်ခတ်လာနိုင်ခြင်းဟာ စစ်ရေးစွမ်းဆောင်ရည်မှာ ထင်ရှားတဲ့ တိုးတက်မှု တစ်ခုလို့လည်း ပစိဖိတ် လေတပ်က ဆိုပါတယ်။

တစ်နည်းအားဖြင့် LRASMတွေကို ကိုယ်ပျောက် စစ်ရေးစွမ်းရည်နဲ့ပါ ထိထိရောက်ရောက် ပေါင်းစည်းလာနိုင်မယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ B-2 တစ်စီးဟာ အဲဒီဒုံးကျည် ၁၆ စင်းလောက်ထိ သယ်ယူနိုင်စွမ်း ရှိပါတယ်။ ဆိုလိုတာက B-2 တစ်စီးတည်းနဲ့တင် ရန်သူ့ရေတပ်ကြီး တစ်ခုကို အဝေးကနေ ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။

ကြုံတွေ့လာနိုင်တဲ့ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက်၊ နည်းပညာပိုင်း အသာစီး ယူနိုင်ဖို့အတွက် အမေရိကန် စစ်တပ်ရဲ့ ပြင်ဆင်မှုတွေမှာ အခုတိုးတက်မှုက အရေးကြီးတဲ့ အားဖြည့်ပေါင်းစပ်မှု ဖြစ်လာကြောင်းလည်း ပစိဖိတ် လေတပ်က ဆိုပါတယ်။

B-2ကနေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်က ဘယ်လောက်ထိ ခရီးအကွာအဝေးရောက်အောင် ပျံသန်းခဲ့သလဲ ဆိုတာကိုတော့ အမေရိကန် စစ်တပ်က မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ LRASM ဒုံးကျည်တွေဟာ ပစ်ခတ်တဲ့အမြင့်၊ မြန်နှုန်းနဲ့ တခြားအခြေအနေတွေအပေါ် မူတည်ပြီး အကွာအဝေး ရေမိုင် ၅၀၀ လောက်ထိ ပျံသန်းနိုင်တယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား – အမေရိကန်လေတပ်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်မှာ ရက်ပေါင်း ၂၅၀ ကျော်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရေတပ်သားတွေထဲမှာ စိတ်ပိုင်းရုပ်ပိုင်း နွမ်းနယ်မှုတွေ စိုးရိမ်စရာ မြင့်တက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။