Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စခန်းတွေ AA သိမ်းယူနေတဲ့ ရေကြည်မှာ တိုက်ပွဲပြင်းထန်နေ

အာရက္ခတပ်တော်(AA)က စစ်တပ်စခန်း ၃ခု သိမ်းယူခဲ့တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းရော၊ လက်နက်ကြီးပါအသုံးပြုခုခံတိုက်ခိုက်နေပါတယ်။

(ရေကြည်မြို့နယ်က ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူအပြီးရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - AA)

ဇွန်-၃၀၊၂၀၂၆။စိုင်းနောင်/People’s Spring

အာရက္ခတပ်တော်(AA)က စစ်တပ်စခန်း ၃ခု သိမ်းယူခဲ့တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းရော၊ လက်နက်ကြီးပါအသုံးပြုခုခံတိုက်ခိုက်နေပါတယ်။

ရေကြည်မြို့နယ်က ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်နဲ့ပွိုင့် (၁၄၈) ကုန်းကို AAက သိမ်းယူခဲ့တာဖြစ်ပြီး စစ်တပ် တပ်စွဲထားတဲ့နောက်ထပ် စခန်းတချို့ကိုလည်း ဆက်လက်တိုက်ခိုက်နေတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ရိုးမအခြေကို စစ်တပ်က ဝင်ဖို့လုပ်နေတာ။ မြို့ပေါ်ကနေတဆင့် စစ်မှုထမ်းသင်တန်းဆင်းတွေထပ်ပို့ပြီး ဝင်တာ။ တိုက်ပွဲဖြစ်တဲ့အသံကိုကြားနေရတယ်။ လက်နက်ကြီးသံတွေလည်းကြားရတယ်။ လေကြောင်းကလည်းခဏခဏလာတယ်”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်တပ်က လူလှိုင်းအသုံးပြု တိုက်ခိုက်နေတာလို့ စခန်းသိမ်းတိုက်ပွဲသတင်းထုတ်ပြန်ခဲ့တဲ့ ဇွန်လ ၂၇ရက်ညမှာ AAက အသိပေးထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဂွမြို့နယ်ကို AAက ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်နဲ့ သာပေါင်းမြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရေကြည်မြို့နယ်မှာပါတဲ့ အသုတ်မြို့မှာလည်း ငဝန်မြစ် ကြောင်းကနေတဆင့် စစ်တပ်ကဝင်ရောက်တပ်စွဲလာလို့ ကျေးရွာချို့ကဒေသခံ တွေ တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့မေလကနေ လက်ရှိ ဇွန်လကုန်အထိရေကြည်၊လေးမျက်နှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေမှာ ဂျက်ဖိုက်တာနဲ့ Y12လေယာဉ်တွေ မကြာခဏ ဖြတ်ပျံနေပါတယ်။

စစ်တပ်တပ်က ဧရာဝတီတိုင်းက စစ်မျက်နာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်က တပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)တပ်ရင်းနဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁)တပ်ရင်းတို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ယခုရက်ပိုင်းမှာ ရခိုင်နဲ့ ဧရာဝတီနယ်စပ်စစ်မျက်နှာအပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်ဖြစ်တဲ့ မင်းတပ်နဲ့ကန်ပက်လက်မြို့တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

Facebook