Connect with us

Hi, what are you looking for?

သတင်း

မုံရွာပလဖ စခန်းကို PDF တပ်ရင်း​တွေစီးနင်း၊ ပလဖတပ်ဖွဲ့ဝင်အချို့ ကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

(မုံရွာ ပလဖ တာဝန်ခံအားကူ)

ဇွန်-၃၀၊၂၀၂၆။စိုင်းနောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

မုံရွာမြို့နယ်ပလဖစခန်းကို မုံရွာခရိုင်တပ်ရင်း (၄) ၊(၂၂)၊ (၂၃)၊ (၂၅) နဲ့ (၂၈) တို့ကဇွန်လ၂၉ရက်ညနေသုံးနာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။မုံရွာခရိုင် တပ်ရင်း (၄)၊( ၂၂) ၊(၂၃) ၊ (၂၅) ၊(၂၈) တို့ ကို 5+ တပ်ရင်းလို့ ​လည်း​ခေါ်ကြပြီး တပ်ရင်း ငါးခု​ပေါင်းထားတာလို့သိရပါတယ် ။

“ဘာကြောင့်လဲတော့တိတိကျကျမသိရသေးဘူး။ခရိုင်ရင်းတွေပေါင်းပြီး ဝင်စီးတာ။ ပလဖတာဝန်ခံ အားကူအပါအဝင် သုံးဦး ကနေ ငါးဦးသေဆုံးတယ်လို့ မနေ့က ကြားရပေမယ့် ဒီမနက်နောက်ဆုံးရတဲ့သတင်းကတော့ အားကူ ဒဏ်ရာရတာလို့ပဲသိရတယ်”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တဦးက အားကူအပါအဝင် ပလဖ တပ်ဖွဲ့ဝင်အချို့နဲ့ စီးနင်းချိန်အနီးမှာရှိ​​နေတဲ့ ပြည်သူ ၂ ဦးပါ​သေဆုံးခဲ့တယ်လို့ ​ပြောပါတယ် ။ဖြစ်စဉ်ကို အတည်ပြုနိုင်ဖို့ လူထု​နွေဦးက စုံစမ်း​နေဆဲဖြစ်ပါတယ်။

“ဘာပဲဖြစ်ဖြစ် စနစ်တကျဖြေရှင်းစေချင်တာပါ။ ပွင့်လင်းမြင်သာမှုရှိရှိသတင်းတွေထုတ်ပြန်မှုလည်းလိုတယ်”လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

အားကူဟာ ၂၀၂၃ သြဂုတ်လက မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှုမှာ ကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးတာကို လူမှုကွန်ရက်ပေါ်မှာ Live လွှင့်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ဟာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI)လက်အောက်မှာရှိပါတယ်။ လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MOD ရော MOHAI ကပါ သတင်းမထုတ်ပြန်သေးပါဘူး။မုံရွာမြို့နယ်ပလဖကိုလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

“ဒီကိစ္စကို စစ်ရုံးချုပ်က ကိုင်တွယ်နေပါပြီ။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးအရေးယူမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။အဆင့်ဆင့်သော စစ်ဌာနတွေရဲ့ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာမဟုတ်ဘူးလို့ ကနဦးသိထားပါတယ်” လို့ NUG ဝန်ကြီးချုပ်ရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က ​ပြောပါတယ် ။

အခုရက်ပိုင်းအတွင်း​တော်လှန်​ရေးတပ်ဖွဲ့ကြား လက်နက်ကိုင်​အင်အားသုံးဖြေရှင်း​နေမှု​တွေအ​ပေါ် ပြည်သူအများစုက ​ဝေဖန်​နေကြပါတယ်။ ဒါ့အပြင် အခုလိုဖြစ်ရပ်​တွေက ​နွေဦး​တော်လှန်​ရေးတစ်စုံလုံးအ​ပေါ်ထိခိုက်မှာကိုလည်းပြည်သူ​တွေက စိုးရိမ်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။