Connect with us

Hi, what are you looking for?

သတင်း

ဖလူးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်လေကြောင်းကနေ လေးကြိမ်ဗုံးကြဲ

မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီနေ့ ( ဧပြီ ၁၈ ရက် ) မနက်ပိုင်းက စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ – ၁၈ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီနေ့ ( ဧပြီ ၁၈ ရက် ) မနက်ပိုင်းက စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကစပြီး ဖလူးဒေသထဲ တိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက််မှုများတယ်လို့ သိရပါတယ်။

“တိုက်ပွဲအကြီးအကျယ်ပဲ၊ သင်္ကြန်ကာလတုန်းက ဖလူးထဲ စစ်ကြောင်းဝင်လာတယ်၊ သင်္ကြန်လည်းပြီးရော ဆော်တော့တာပဲ၊ စစ်တပ်ဘက်က အထိများတယ်”လို့ ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် လေယာဉ်သုံးပြီး လေးကြိမ် တိုင်တိုင်ဗုံးကြဲသွားတယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

ဖလူးကျေးရွာအပြင် မင်းလက်ပံကျေးရွာဘက်တွေကိုပါ ဒီနေ့ နေ့လယ် ပိုင်းအချိန်အထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ နေအိမ်တွေ မီးလောင်နေတာပါ။

ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းမှာ မင်းလက်ပံရွာကို ဗုံးကြဲ လို့ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားပြီဖြစ်သလို ဖလူးရွာဆိုရင်လည်း ဗုံးဒဏ်နဲ့ လက်နက်ကြီး ဒဏ်တွေကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးနေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်​ကြောင်းက အလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။