Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို မနေ့က ရုံးထုတ်

ပုသိမ်ဆေးရုံအုပ်ကြီး ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ်ကို ဧပြီလ ၂၁ ရက်က ပုသိမ်ထောင်မှာ စတုတ္ထအကြိမ် ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က တရားလိုအဖြစ် ဥပဒေ ၅၀၅-က နဲ့ အမှုဖွင့် ဖမ်းဆီးထားတာဖြစ်ပါတယ်။

လာမယ့် မေလ ၅ ရက်ကို ရုံးချိန်းထပ်ချိန်းဆိုထားပြီးတရားလို မြို့နယ်ရဲမှူး အပါ ၃ ဦးကို စတင် စစ်ဆေးသွားမယ်လို့ သိရတဲ့အကြောင်း ဆရာသန်းမင်းထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ Admin က အသိပေးထားပါတယ်။

လက်ရှိ အချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရရှိသေးပေမယ့် ဒေါက်တာသန်းမင်းထွဋ် ကျန်းကျန်းမာမာ ရှိတယ်လို့ သိရကြောင်းရေးသားထားပါတယ်။

ဆရာသန်းမင်းထွဋ်ကို မတ်လ ၁၂ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

You May Also Like

News

ဒီကနေ့မနက် ၁၁ နာရီခန့်က ပုသိမ်ရဲစခန်းမှာ အမှုပိတ်သိမ်းပြီး လွတ်မြောက်လာတာဖြစ်တယ်လို့ ဒေါက်တာသန်းမင်းထွဋ်ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

News

ထုတ်ပြန်စာမှာဖော်ပြချက်အရ ပြန်လွှတ်မဲ့စာရင်းထဲပါသူအများစုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရသူအများစုဖြစ်ပြီး သြဂုတ် ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ့်လို့ ဆိုပါတယ်။