Connect with us

Hi, what are you looking for?

News

ပင်းတယမီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်နဲ့ CDM ဝန်ထမ်းအချို့ကို ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်​ပေါ်

ထုတ်ပြန်စာမှာဖော်ပြချက်အရ ပြန်လွှတ်မဲ့စာရင်းထဲပါသူအများစုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရသူအများစုဖြစ်ပြီး သြဂုတ် ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ့်လို့ ဆိုပါတယ်။

ပင်းတယမီးအိမ်ရှင်လို့ လူသိများတဲ့ဆရာကြီးဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဧရာဝတီတိုင်း​ဒေသကြီးက CDM ဝန်ထမ်းအချို့ကို အမှုကဖြေလျှော့ပြီး ဖမ်းဆီးထားရာကပြန်လွှတ်ပေးမယ်လို့ သတင်းတွေထွက်နေပါတယ်။

ပြန်လွှတ်မယ်လို့ သတင်းထွက်တဲ့လူစာရင်းထဲမှာ ဆရာ ဝန် သူနာပြုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်းပါဝင်ပြီး အားလုံး ၂၇ ဦးကို လွှတ်ပေးမှာဖြစ်တယ်လို့ လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်စာမှာဖော်ပြချက်အရ ပြန်လွှတ်မဲ့စာရင်းထဲပါသူအများစုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရသူအများစုဖြစ်ပြီး သြဂုတ် ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ့်လို့ ဆိုပါတယ်။

ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်နေသူတွေထဲမှာ ဆေးရုံအုပ် သူနာပြု ဓာတ်ခွဲကျွမ်းကျင် ဌာနမှူး အလယ် တန်းပြ ကျောင်းအုပ် ရပ်ကျေးအုပ်ချုပ်ရေးမှူး စတဲ့ရာထူးတာဝန်ထမ်းဆောင်ခဲ့သူတွေပါဝင်ပြီး ပြန်ထဲရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ရဲချုပ်ကိုယ်စား ရဲမှူးကြီးကျော်လင်းဆိုသူက လက်မှတ်ရေးထိုးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။