Connect with us

Hi, what are you looking for?

News

ပင်းတယမီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်နဲ့ CDM ဝန်ထမ်းအချို့ကို ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်​ပေါ်

ထုတ်ပြန်စာမှာဖော်ပြချက်အရ ပြန်လွှတ်မဲ့စာရင်းထဲပါသူအများစုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရသူအများစုဖြစ်ပြီး သြဂုတ် ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ့်လို့ ဆိုပါတယ်။

ပင်းတယမီးအိမ်ရှင်လို့ လူသိများတဲ့ဆရာကြီးဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဧရာဝတီတိုင်း​ဒေသကြီးက CDM ဝန်ထမ်းအချို့ကို အမှုကဖြေလျှော့ပြီး ဖမ်းဆီးထားရာကပြန်လွှတ်ပေးမယ်လို့ သတင်းတွေထွက်နေပါတယ်။

ပြန်လွှတ်မယ်လို့ သတင်းထွက်တဲ့လူစာရင်းထဲမှာ ဆရာ ဝန် သူနာပြုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်းပါဝင်ပြီး အားလုံး ၂၇ ဦးကို လွှတ်ပေးမှာဖြစ်တယ်လို့ လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်စာမှာဖော်ပြချက်အရ ပြန်လွှတ်မဲ့စာရင်းထဲပါသူအများစုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရသူအများစုဖြစ်ပြီး သြဂုတ် ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ့်လို့ ဆိုပါတယ်။

ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်နေသူတွေထဲမှာ ဆေးရုံအုပ် သူနာပြု ဓာတ်ခွဲကျွမ်းကျင် ဌာနမှူး အလယ် တန်းပြ ကျောင်းအုပ် ရပ်ကျေးအုပ်ချုပ်ရေးမှူး စတဲ့ရာထူးတာဝန်ထမ်းဆောင်ခဲ့သူတွေပါဝင်ပြီး ပြန်ထဲရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ရဲချုပ်ကိုယ်စား ရဲမှူးကြီးကျော်လင်းဆိုသူက လက်မှတ်ရေးထိုးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDMနိုင်ငံ့ဝန်ထမ်းများ၏ မိသားစုအတွက် ထောက်ပံ့မှုအစီအစဥ်ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDMကော်မတီက စတင်ပြုလုပ်ခဲ့သည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

သတင်း

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်