Connect with us

Hi, what are you looking for?

News

ဘဏ်အချို့ ​ငွေထုတ်​ပေးတဲ့ပမာဏလျှော့ချ

ငွေထုတ်သူ​တွေများ​နေတဲ့အတွက် ပုဂ္ဂလိကဘဏ်အချို့မှာ ​ငွေထုတ်​ပေးတာကို ဒီအပါတ်ကစပြီး​လျှော့ချလိုက်ပါတယ်။

ဗဟိုဘဏ်က တစ်ဦးချင်း​ငွေထုတ်ယူရင် တစ်ပါတ်လျှင်ကျပ်သိန်း ၂၀ ၊ ကုမ္ပဏီလုပ်ငန်းမှာတစ်ပါတ်လျှင် သိန်း ၂၀၀ နဲ့ ATM စက်​တွေက တစ်ရက် ၅ သိန်းစီထုတ်​ပေးရမယ်လို့ ​ကြေညာထား​ပေမယ့် ဘဏ်အချို့က အဲဒီနှုန်းကိုထုတ်မ​ပေးနိုင်​တော့ပါဘူး။

AGD ဘက်ကတစ်ဦးချင်းစုငွေမှ ငွေထုတ်ယူခြင်း – တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀ ၊လုပ်ငန်းသုံးစာအုပ်မှ ငွေထုတ်ယူခြင်း – တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀၀ နှင့် ATM မှတဆင့် ငွေထုတ်ယူခြင်း – တစ်ရက်လျှင် ငွေကျပ် ၁.၅ သိန်း သာထုတ်​ပေး​တော့မယ်လို့ ဧပြီ ၂၁ ရက်မှာတရာဝင်​ကြေညာပါတယ်။

ကျန်ဘဏ်​အချို့လည်း ​ငွေထုတ်​ပေးတဲ့နှုန်း​တွေကို အလားတူ​လျှော့ချ​နေသလို၊ အချို့ ဘဏ်​တွေက ​ရှေ့အပါတ်က စတင်​လျှော့​တော့မယ်လို့ ​ပြော​​ကြောင်း CB ဘဏ်က​ငွေထုတ်ခဲ့သူက CB ဘဏ်ဝန်ထမ်း​ပြောပြတာကိုပြန်​ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

​ ဘဏ်​တွေမှာ​ငွေထုတ်သူများ​နေတာ​ကြောင့် ​ငွေထုတ်​ပေးတဲ့ပမာဏကို ထပ်ခါ၊ ထပ်ခါ​လျှော့လာသလို ​ငွေထုတ်ခွင့်ရဖို့ တိုကင်ရဖို့၊ ATM စက်ထဲက ​ငွေထုတ်ဖို့အတွက်လည်း နာရီ​ပေါင်းစွာ​စောင့်ဆိုင်းရပြီးအခက်အခဲ​တွေရှိတယ်လို့​ငွေထုတ်သူ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းက ငွေထုတ်စက် (ATM)တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက အကြမ်းဖက် တိုက်ခိုက်ဖို့ ဆိုတာထက် ဖောက်ထွင်းလုယက်မှုသာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သတင်း

ခေတ်ပျက်ချိန်တွင် ဘဏ်တိုးနှုန်းမြင့်တက်ခြင်းက စီးပွားပျက်ကပ်ဖြစ်နိုင်ဟုစီးပွား​ရေးပညာရှင်တဦး​ပြော