Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦး​တော်လှန်​ရေးတွင် ကျဆုံးပြည်သူအနည်းဆုံး ၇၃၉ ဦးရှိလို့ AAPP ထုတ်ပြန်

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၈၀ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၃၉ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ဧပြီ ၂၁ ရက်ညကထုတ်ပြန်ပါတယ် ။

ဒီအ​ရေအတွက်က AAPP သတင်းရရှိတဲ့အ​ရေအတွက်သာဖြစ်ပြီးကျဆုံးသွား​ပေမယ့် စာရင်းမရရှိသူ​တွေ ၊အသတ်ခံရပြီးအ​လောင်း​ဖျောက်၊စာရင်း​ဖျောက်ခံရ
သူ​တွေလည်းရှိတဲ့အတွက် အမှန်တစ်ကယ်​သေဆုံးသူစာရင်းကအဲထက်ပိုနိုင်ပါတယ်။

ဧပြီ ၂၁ ရက်မှာ AAPP ထပ်မံရရှိတဲ့စာရင်းအရ ​မြောင် မြို့နယ်ကအပြစ်မဲ့ပြည်သူ၁ ဦး ​ကျဆုံးခဲ့တဲ့အချက်အလက်​တွေ ထက်ရခဲ့ပြီး ဧပြီ ၂၁ ရက် ည​နေ ၆ နာရီအထိရရှိတဲ့စာရင်းအရ ၇၃၉ ဦးရှိပြီလို့ ဆိုပါတယ်။

ဒါ​ပေမယ့်ဒီစာရင်းမှာ မုံရွာမြို့မှာ ဧပြီ ၁၇ ရက်မှာစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ဖမ်းဆီးထားတဲ့ပြည်သူ​တွေကို သတ်ဖြတ်ပြီးအ​လောင်း နှစ်​လောင်း​ဆေးရုံကိုလာပို့သွားတာရယ် ၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၅ ရက်ညမှာ ဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်​​ကောင်စီတပ်ဖွဲ့ဝင်​တွေက အကြမ်းဖက်ဖြိုခွင်လို့ ပြည်သူ ၆ ဦး​သေဆုံးတဲ့စာရင်း​ရယ် ၊ ဧပြီ ၁၈ ရက်မှာ မြင်းခြံသပိတ်ကို အကြမ်းဖက်တပ်ဖွဲ့ဝင်​တွေက လာ​ရောက်ဖြိုခွင်းတာမှာ ကျဆုံးသူအ​ရေအတွက်​​တွေရယ် ၊ ယင်းမာပင် မြို့နယ် မှာ ဧပြီ ၂၀ ရက်က စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက တိုက်ပွဲသုံးလက်နက်ကြီး​တွေကိုပါအသုံးပြုပစ်ခတ်ခဲ့လို့ ပြည်သူ၁၀ ဦးသေတာ စတာတွေ ပါဝင်တာမ​တွေ့ရ​သေးပါဘူး ။ ယင်းမာပင် ဖြစ်စဥ်မှာ အနည်းဆုံး ပြည်သူ ၆ ဦး​သေဆုံးပြီး အနည်းဆုံး ၁၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Now သတင်းဌာနက​ဖော်ပြထားပါတယ် ။ ဧပြီ ၂၀ ရက်က ယင်းမာပင်မြို့နယ်က​ကျေးရွာ​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက လက်နက်ကြီး​တွေနဲ့ ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူ ၁၀ ဦး​သေဆုံးခဲ့တယ်လို့ BBC မြန်မာပိုင်းကသတင်း​ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက အာဏာသိမ်းပြီး ၈၀ ရက်(ဧပြီ ၂၁ အထိ့) အတွင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၄၃၆၁ ဦးအထိ့ရှိခဲ့သလို ၊အခုချိန်ထိ့ဖမ်းဆီးချုပ်​နှောင်ခံရသူ ၃၃၃၁ ဦးရှိသလို ၊ဖမ်းဝရမ်းထုတ်ခံရသူ ၁၀၅၉ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။