Connect with us

Hi, what are you looking for?

News

နွေဦး​တော်လှန်​ရေးတွင် ကျဆုံးပြည်သူအနည်းဆုံး ၇၃၉ ဦးရှိလို့ AAPP ထုတ်ပြန်

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၈၀ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၃၉ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ဧပြီ ၂၁ ရက်ညကထုတ်ပြန်ပါတယ် ။

ဒီအ​ရေအတွက်က AAPP သတင်းရရှိတဲ့အ​ရေအတွက်သာဖြစ်ပြီးကျဆုံးသွား​ပေမယ့် စာရင်းမရရှိသူ​တွေ ၊အသတ်ခံရပြီးအ​လောင်း​ဖျောက်၊စာရင်း​ဖျောက်ခံရ
သူ​တွေလည်းရှိတဲ့အတွက် အမှန်တစ်ကယ်​သေဆုံးသူစာရင်းကအဲထက်ပိုနိုင်ပါတယ်။

ဧပြီ ၂၁ ရက်မှာ AAPP ထပ်မံရရှိတဲ့စာရင်းအရ ​မြောင် မြို့နယ်ကအပြစ်မဲ့ပြည်သူ၁ ဦး ​ကျဆုံးခဲ့တဲ့အချက်အလက်​တွေ ထက်ရခဲ့ပြီး ဧပြီ ၂၁ ရက် ည​နေ ၆ နာရီအထိရရှိတဲ့စာရင်းအရ ၇၃၉ ဦးရှိပြီလို့ ဆိုပါတယ်။

ဒါ​ပေမယ့်ဒီစာရင်းမှာ မုံရွာမြို့မှာ ဧပြီ ၁၇ ရက်မှာစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ဖမ်းဆီးထားတဲ့ပြည်သူ​တွေကို သတ်ဖြတ်ပြီးအ​လောင်း နှစ်​လောင်း​ဆေးရုံကိုလာပို့သွားတာရယ် ၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၅ ရက်ညမှာ ဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်​​ကောင်စီတပ်ဖွဲ့ဝင်​တွေက အကြမ်းဖက်ဖြိုခွင်လို့ ပြည်သူ ၆ ဦး​သေဆုံးတဲ့စာရင်း​ရယ် ၊ ဧပြီ ၁၈ ရက်မှာ မြင်းခြံသပိတ်ကို အကြမ်းဖက်တပ်ဖွဲ့ဝင်​တွေက လာ​ရောက်ဖြိုခွင်းတာမှာ ကျဆုံးသူအ​ရေအတွက်​​တွေရယ် ၊ ယင်းမာပင် မြို့နယ် မှာ ဧပြီ ၂၀ ရက်က စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက တိုက်ပွဲသုံးလက်နက်ကြီး​တွေကိုပါအသုံးပြုပစ်ခတ်ခဲ့လို့ ပြည်သူ၁၀ ဦးသေတာ စတာတွေ ပါဝင်တာမ​တွေ့ရ​သေးပါဘူး ။ ယင်းမာပင် ဖြစ်စဥ်မှာ အနည်းဆုံး ပြည်သူ ၆ ဦး​သေဆုံးပြီး အနည်းဆုံး ၁၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Now သတင်းဌာနက​ဖော်ပြထားပါတယ် ။ ဧပြီ ၂၀ ရက်က ယင်းမာပင်မြို့နယ်က​ကျေးရွာ​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက လက်နက်ကြီး​တွေနဲ့ ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူ ၁၀ ဦး​သေဆုံးခဲ့တယ်လို့ BBC မြန်မာပိုင်းကသတင်း​ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက အာဏာသိမ်းပြီး ၈၀ ရက်(ဧပြီ ၂၁ အထိ့) အတွင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၄၃၆၁ ဦးအထိ့ရှိခဲ့သလို ၊အခုချိန်ထိ့ဖမ်းဆီးချုပ်​နှောင်ခံရသူ ၃၃၃၁ ဦးရှိသလို ၊ဖမ်းဝရမ်းထုတ်ခံရသူ ၁၀၅၉ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

အတွေးအမြင်

လတ်တလော အခင်းအကျင်းကို နိုင်ငံသားတစ်ယောက်နေရာက မဟုတ်ဘဲ အပြင်နိုင်ငံခြားသားတစ်ယောက်နေရာက ကြည့်ကြည့်ရင် တော်လှန်ရေးဗွက်ထနေတာကိုသာ မြင်ပြီး စကစရဲ့ "ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ"ကသာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာ ရှိနေသယောင် မြင်ကြတာဟာ သိပ်တော့လည်း အဆန်းတကြယ် မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) တပ် ရင်းအမှတ်-1105 က ယနေ့သတင်းထုတ် ပြန်သည်။