Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦး​တော်လှန်​ရေးတွင် ကျဆုံးပြည်သူအနည်းဆုံး ၇၄၈ ဦးရှိလို့ AAPP ထုတ်ပြန်

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၈၃ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၄၈ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ဧပြီ ၂၄ ရက်ကထုတ်ပြန်ပါတယ် ။

ဒီအ​ရေအတွက်က AAPP သတင်းရရှိတဲ့အ​ရေအတွက်သာဖြစ်ပြီးကျဆုံးသွား​ပေမယ့် စာရင်းမရရှိသူ​တွေ ၊အသတ်ခံရပြီးအ​လောင်း​ဖျောက်၊စာရင်း​ဖျောက်ခံရ သူ​တွေလည်း ရှိတဲ့အတွက် အမှန်တစ်ကယ်​သေဆုံးသူစာရင်းကအဲထက်ပိုနိုင်ပါတယ်။

AAPP ထပ်မံရရှိတဲ့စာရင်းအရ ​​​နေပြည်​တော် ပျဥ်းမနားမြို့က အပြစ်မဲ့ပြည်သူ၁ ဦး နှင့်ယခင်ရက်က ကျဆုံးခဲ့​သော လွိင်​ကော် ၊ပြည် မြို့ တို့မှ က ​ကျဆုံးခဲ့တဲ့ပြည်သူ နှစ်ဦး၏အချက်အလက်​တွေ ထက်ရခဲ့ပြီး ဧပြီ ၂၄ရက် အထိရရှိတဲ့စာရင်းအရ ၇၄၈ ဦးရှိပြီလို့ ဆိုပါတယ်။

ဒါ​ပေမယ့်ဒီစာရင်းမှာ မုံရွာမြို့မှာ ဧပြီ ၁၇ ရက်မှာစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ဖမ်းဆီးထားတဲ့ပြည်သူ​တွေကို သတ်ဖြတ်ပြီးအ​လောင်း နှစ်​လောင်း​ဆေးရုံကိုလာပို့သွားတာရယ် ၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၅ ရက်ညမှာ ဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်​​ကောင်စီတပ်ဖွဲ့ဝင်​တွေက အကြမ်းဖက်ဖြိုခွင်လို့ ပြည်သူ ၆ ဦး​သေဆုံးတဲ့စာရင်း​ရယ် ၊ ဧပြီ ၁၈ ရက်မှာ မြင်းခြံသပိတ်ကို အကြမ်းဖက်တပ်ဖွဲ့ဝင်​တွေက လာ​ရောက်ဖြိုခွင်းတာမှာ ကျဆုံးသူအ​ရေအတွက်​​တွေရယ် ၊ ယင်းမာပင် မြို့နယ် မှာ ဧပြီ ၂၀ ရက်က စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက တိုက်ပွဲသုံးလက်နက်ကြီး​တွေကိုပါအသုံးပြုပစ်ခတ်ခဲ့လို့ ပြည်သူ ၁၀ ဦးထပ်မံသေတာ စတာတွေ ပါဝင်တာမ​တွေ့ရ​သေးပါဘူး ။ ယင်းမာပင် ဖြစ်စဥ်မှာ အနည်းဆုံး ပြည်သူ ၆ ဦး​သေဆုံးပြီး အနည်းဆုံး ၁၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Now သတင်းဌာနက​ဖော်ပြထားပါတယ် ။ ဧပြီ ၂၀ ရက်က ယင်းမာပင်မြို့နယ်က​ကျေးရွာ​တွေမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက လက်နက်ကြီး​တွေနဲ့ ပစ်ခတ်သတ်ဖြတ်လို့ ပြည်သူ ၁၀ ဦး​သေဆုံးခဲ့တယ်လို့ BBC မြန်မာပိုင်းကသတင်း​ဖော်ပြခဲ့ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီး ၈၄ ရက်(ဧပြီ ၂၄ အထိ့) အတွင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၄၄၂၉ ဦးအထိ့ရှိခဲ့သလို ၊အခုချိန်ထိ့ဖမ်းဆီးချုပ်​နှောင်ခံရသူ ၃၃၈၉ ဦးရှိသလို ၊ဖမ်းဝရမ်းထုတ်ခံရသူ ၁၁၃၈ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

သတင်း

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်တွင်ဒိုက်ဦး(ကျိုက်ဇကော)ထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့သည်။

သတင်း

အခုလပိုင်းဖြစ်စဉ်တွေအရ ထောင်ထဲကနေ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ AAPP က ဆိုပါတယ်။