Connect with us

Hi, what are you looking for?

News

ရွှေဘိုစည်ပင်သာယာစျေးမီးလောင်၊ ရှို့မီးဟု​ဒေသခံများပြော

​ရွှေဘိုမြို့ စည်ပင်သာယာ​စျေးကြီးမီး​လောင်မှု ယ​နေ့နံနက်​စောပိုင်းက ဖြစ်ခဲ့သည်။

နံနက် ၂နာရီခန့်က မီးစတင်​လောင်ကျွမ်းခြင်းဖြစ်ပြီး ရှို့မီးဖြစ်​သည်ဟု ​ဒေသခံများက ​ပြောသည်။မီး​လောင်မှုစတင်ဖြစ်ပွားသည့်အချိန်မှာ အများပြည်သူများ ညအပြင်မထွက်ရန်အမိန့်ထုတ်ပြန်ထာသည့် အချိန်လည်းဖြစ်သည်။

ထို့အပြင် မီးသတ်ဌာနသည် ​စျေးကြီးအနီးတွင် ရှိ​သော်လည်း အချိန်မီသွားရောက်မီးငြှိမ်းသတ်ခဲ့ခြင်းမရှိ​ကြောင်းလည်း ​ဒေသခံများက ဆိုသည်။

အချိန်သုံးနာရီ​ကျော်ကြာသောမီး​ကြောင့် တစ်​စျေးလုံးနီးပါးမီး​လောင်ကျွမ်းခဲ့သည်။

ဆိုင်ရှင်များသည်ပစ္စည်းများ သွားရောက်သယ်ယူချိန်မရလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စားသောက်ကုန်တန်းဘာတစ်ခုမှမရဘဲ ငါးခြောက်၊ ဆီ၊ ကြာဇံ၊ ဖျာ၊ အသီးအနှံ အလယ်တန်းမှစ၍အနောက်ပေါက်အထိအရှေ့အနောက်အလယ်တန်းအနောက်တဝက် အကုန်ပြာကျခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အတွင်းထဲတွင်လှိုက်၍လောင်နေသောကြောင့်အချို့နေရာများတွင်သံတိုင်များမီးပူရှိန်ကြောင့်အရည်ပျော်ကြကာ ကွေးညွှတ်ပြီးသံတိုင် ငုတ်တိုင်များသာကျန်ရှိတော့သည်ဟု ဒေသခံက ဆိုသည်။

မီး​လောင်မှုဖြစ်ပွားသည့် ​ရွှေဘိုစည်ပင်သာယာ​စျေးရှိ​စျေးဆိုင်အများစုမှာ ငြိမ်းချမ်းစွာပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေသည့် ဝန်ထမ်းများကို ဈေးလျှော့ ရောင်းချပေးနေ​ကြောင်း အဆိုပါ​ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။