Connect with us

Hi, what are you looking for?

News

စစ်ဆင်ရေးတွေ နယ်ကျော်မလာဖို့ မြန်မာစစ်တပ်ကို ထိုင်းသတိပေး

ထိုင်းပိုင်နက်ကို ကျော်လွန်ပြီး ပစ်ခတ်တာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့ မြန်မာစစ်တပ်ကို ထိုင်းက သတိပေး တောင်းဆိုလိုက်ပါတယ်။

Photo: Salween Press

ထိုင်းမြေပေါ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ နယ်ကျော် လုပ်ဆောင်တာမျိုးကို ရှောင်ရှားဖို့၊ လက်နက်ကြီး ကျည်ဆန်တွေ နယ်ကျော် ကျရောက်တာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့ တရားဝင် စာပေးပို့သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

Photo: Salween Press

မေ ၂၀ မှာ မြန်မာ စစ်တပ် ပစ်ခတ်တဲ့ မော်တာကျည် သုံးလုံး ထိုင်းပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို တောင်းဆိုဖို့ စီစဉ်လာတာဖြစ်ကြောင်း နယ်စပ်လုံခြုံရေး ကဏ္ဍကို တာဝန်ယူထားတဲ့ ထိုင်းစစ်ဘက် အရာရှိ တစ်ဦးက Bangkok Post သတင်းစာကို ပြောကြားခဲ့ပါတယ်။

Photo: Salween Press

ထိုင်းဖက်ကို နယ်ကျော်လာတဲ့ စစ်ဆင်ရေးတွေကြောင့် မီးခိုးဗုံးတစ်လုံး ပစ်ပြီး အချက်ပြ သတိပေးခဲ့ကြောင်း၊ အဲဒီကျမှ ပစ်ခတ်မှုတွေ ရပ်ဆိုင်းသွားကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အပီချက် ဆူဆက်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။