Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒေါတဝီဂိတ်ကို PDF ထပ်မံသိမ်းပိုက်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဂိတ်စခန်း ဒေါတဝီဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ကယနေ့ မွန်းလွဲပိုင်းတွင် ထပ်မံသိမ်းပိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့သည် မေလ ၂၁ရက်တွင် ဒီးမော့ဆိုမြို့နှင့်အနီးတ၀ိုက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ယမန်နေ့တွင် စစ်ကောင်စီတပ်၏ ထူလွီးဘီလာဂိတ်ကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

“ဒီနေ့ကတော့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်တာတော့ နည်းတယ်။ ဒေါတဝီဂိတ်တစ်ခုတည်းပဲ ပြန်ပြီးတော့ နောက်ထပ်တစ်ခါ ပြန်သိမ်းလိုက်တယ်။ ထိခိုက်ဒဏ်ရာကတော့ မနက်ပိုင်းအစောပိုင်း ဆိုင်ကယ်စီးတဲ့သူတွေကို သူတို့ ပစ်တာတော့ရှိတယ်။ မြို့ပေါ်ကတော့ ပုံမှန်အတိုင်း သူတို့ ကင်းလှည့်တာမျိုးပဲလုပ်တာပေါ့။ တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့် နေတဲ့သဘောပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်စီးလာသည့် ဒေသခံသုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ၂ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နှင့် အနီးတစ်၀ိုက်ကျေးရွာများမှ ဒေသခံ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ တိုက်ပွဲကြောင့် ရှောင်နေရတဲ့ လူထုတွေက တစ်သောင်းကျော်သွားတယ်ပြောတယ်။ တစ်ခါမှလည်း ဒီလိုဖြစ်စဉ်လည်းမဖြစ်ဖူးတော့ကြောက်လန့်ပြီးတော့ ရရာရိက္ခာ ယူပြီးတော့မှ နီးစပ်ရာတောထဲမှာ သွားပြေးပုန်းတာပေါ့။ တချို့ကတော့ ဆွေမျိုးတွေရှိရာကို သွားပြီးတော့ မှီခိုနေရတာပေါ့။ သူတို့နေရာ နှစ်နေရာကွဲသွားတယ်ပြောတယ် လမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းပေါ့” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KNPPနှင့် စစ်ကောင်စီတပ်တို့သည်လည်း မေလ ၂၀ရက်တွင် ဘောလခဲမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်သင်တန်းပေးသည့်နေရာတစ်ခုဖြစ်သော KNPP၏ လူငယ်လေ့ကျင့်ရေးကွင်းအား စစ်ကောင်စီက လာရောက်တိုက်ခိုက်ရာ လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်တွင် ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီက အကြမ်းဖက်ဖိနှိပ်နှိမ်နင်းခဲ့၍ ဒေသခံများက ရရာလက်နက်စွဲကိုင်ခုခံခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။