Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်ထဲက ဘုရားကျောင်းတွေအားလုံး အလံဖြူထောင်ထားရ

ကယားပြည်နယ်ထဲမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ အားလုံး အလံဖြူ ထောင်ထားရသည်ကို လွိုင်ကော်ကက်သလစ်သာသနာတော်က တာဝန်ခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်က ကက်သလစ်ဘုရားကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖယ်ခုံမြို့မှာရှိတဲ့ ရွှေနှလုံးတော်ဘုရားကျောင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ထုလို့ ဘုရားကျောင်း မှန်တွေနဲ့ ပျက်စီးမှုတွေရှိတယ်လို့လည်း ဒေသခံတစ်ဦးက ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်မှာတင်ထားပါတယ်။

စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကယားပြည်နယ်ထဲက ဘုရားကျောင်းတွေမှာ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေနဲ့ နာမကျန်းဖြစ်သူတွေအပါအဝင် ဒေသခံပြည်သူတွေဟာ သွားရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။

မေ ၂၃ ရက် ညပိုင်းကနေ ဒီကနေ့မနက် ၃ နာရီအတွင်း ကယန်းသာယာကျေးရွာထဲကို စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကယားပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတောဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့