Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် စစ်ကောင်စီယာဉ်တန်းကို KNU တပ်မဟာ(၅) တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ယာဉ်တန်းများကို တပ်မဟာ(၅)က မိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။

မေလ ၂၈ရက်တွင် ဖာပွန်ခရိုင် ခေးပူဒေသရှိ တပ်စခန်းများကို ရိက္ခာထောက်ပံရန် လာရောက်သည့် စစ်ကောင်စီယာဉ်တန်းကို KNU တပ်မဟာ(၅)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့သည်။ ယနေ့ မေလ ၂၉ရက် မနက်ကလည်း ဖာပွန် – ကတိုင်တိလမ်း ကူးဆိပ်ရွာနှင့် မထောရွာအကြားတွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ဟု ကရင်ဒေသခံတစ်ဦးက ပြောသည်။

“ မနေ့ကတော့ ၂ဦးသေတယ်။ ဒီနေ့က မသိရသေးဘူး။ ဖာပွန်ဘက်က ပြန်အဆင်းမှာ တိုက်ခိုက်ခံရတာ။ စစ်ကားတစ်စီးတော့ မီးလောင်တယ်။ စစ်ကောင်စီတပ်တွေလည်း ထိတော့ ထိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဒေသခံက ပြောသည်။

KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei News ကလည်းမေလ ၂၈ရက် တိုက်ပွဲဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့ရာ ခေးပူဒေသအတွင်း ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှု တိုးချဲ့ချင်၍ ရိက္ခာတင်ပို့မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

KNUတပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း ၎င်းတို့ဒေသ၌ စစ်ကောင်စီတပ်နှင့် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ မေလအတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ(၅)၊ တပ်မဟာ(၃)၊ တပ်မဟာ(၁)နှင့် တပ်မဟာ(၆) နယ်မြေများ၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်း၌လည်း တိုက်ပွဲများ ကျယ်ပြန့်လာနိုင်၍ ဒေသတွင်းရှိ ကျေးရွာလေးရွာမှ ရွာသူရွာသား ၇၇၀ ကျော်သည် ယနေ့ မေလ ၂၉ရက်တွင် စစ်ဘေးတိမ်းရှောင်းခဲ့ကြောင်း တပ်မဟာ(၂)၏ ဒေါကလူကွန်ရက် တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကရင်ပြည်န​ယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ဖာပွန်ကားလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ(၅)တို့တိုက်ပွဲဖြစ်ရာမှာဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ကားလမ်းအနီးဝန်းကျင်က ကျေးရွာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံကရင်သတင်းရင်းမြစ်ဆီကနေသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင် (မူတြော်) ၊ KNU တပ်မဟာ (၅) နယ်မြေ ထိုင်းနယ်စပ်အနီးကအူးမယ်ထာကျေးရွာကိုဒီနေ့ ( ဧပြီလ ၂၀ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်လာတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။