Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆန္ဒပြသူ​တွေကို အကြမ်းဖက်မှု​တွေနဲ့ဆက်စက်တဲ့ အစိုးရပိုင်လုပ်ငန်း​တွေနဲ့ လူတစ်ဦးချင်းစီကို အီးယူနဲ့ဗြိတိန် ထပ်မံပိတ်ဆို့အ​ရေးယူ

ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့ရဲ့ အခုအရေးယူမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ G7 ခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုပြင်းထန်စွာ ရှုတ်ချမှုနဲ့ အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန် တဲ့ အကြမ်းဖက်မှု နောက်ဆက်တွဲ ရလဒ်ဖြစ်ပါတယ်။

ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖိနှိပ်မှုတို့နဲ့ဆက်စပ်တဲ့ အစိုးရပိုင်လုပ်ငန်းတွေနဲ့ လူတစ်ဦးချင်းစီကို အရေးယူဒဏ်ခတ်မှုအသစ် ထပ်မံချမှတ်လိုက်တယ်လို့ ဇွန် ၂၁ ရက်မှာ ကြေညာပါတယ်။

ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ လူပုဂ္ဂိုလ် ၈ ဦး၊ စီးပွားရေးလုပ်ငန်း ၃ ခုနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တို့ကို အရေး ယူဒဏ်ခတ်တဲ့စာရင်းမှာ ထည့်သွင်းခဲ့တာပါ။

တစ်ဦးချင်းအရေးယူတဲ့ ၈ ဦးစာရင်းမှာ အကြမ်းဖက်စစ်ကောင်စီခန့် ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် ပြည် ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေလည်း ပါဝင်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ မြန်မာနိုင်ငံမှာ ဒီမို ကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး လျော့ပါးစေပြီး ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန် ရှိသူပါ။

အရေးယူပိတ်ဆို့တဲ့အဖွဲ့အစည်းလေးခုဟာလည်း အစိုးရပိုင် ဒါမှမဟုတ် စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး အဲဒီ အဖွဲ့အစည်းတွေဟာ စစ်တပ်ရဲ့အကျိုးအမြတ် ဒါမှမဟုတ် လှုပ်ရှားမှုတွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်၀ိုက်ပြီး အထောက်အပံ့ပြုနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကျောက်မျက်နဲ့ သစ်ထုတ်လုပ်မှုကဏ္ဍတွေကို ပစ်မှတ်ထားခြင်းအားဖြင့် ဒီအရေးယူမှုတွေဟာ မြန်မာ့သဘာ၀ အရင်းအမြစ်တွေကနေရရှိနေတဲ့ စစ်တပ်ရဲ့အကျိုးအမြတ်တွေကို ကန့်သတ်ဖို့နဲ့ တစ်ချိန်တည်းမှာ မြန်မာပြည် သူတွေကိုဒုက္ခ မပေးနိုင်ဖို့ ရည်ရွယ်တာပါ” လို့ EU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုဆိုရင် EU ရဲ့အရေးယူမှု စုစုပေါင်းဟာ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စလို့ တစ်ဦးချင်းအပေါ် ၄၃ ခု၊ စီးပွားရေးအဖွဲ့အစည်း ၆ ခုအထိ ရှိလာပြီဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဗြိတိန်ဟာ မြန်မာ့သစ်လုပ်ငန်းနဲ့ မြန်မာ့ပုလဲလုပ်ငန်းတို့ကို အရေးယူဒဏ်ခတ်တဲ့စာရင်းမှာ ထပ်ထည့်ခဲ့ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကို အထောက်အကူဖြစ်စေမယ့် ဘဏ္ဍာရေးပိုင်းဆိုင် ရာ ထောက်ပံ့မှုကို ဗြိတိန်က ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို ဒီအရေးယူမှုကနေ စစ်ကောင်စီကို ရှင်းလင်းတဲ့သတင်း စကားပေးပို့တာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောပါတယ်။

“ကျွန်တော်တို့မဟာမိတ်တွေနဲ့အတူ ဒီတရားမဝင်စစ်ကောင်စီရဲ့ ဘဏ္ဍာရေးတွေကို ပစ်မှတ်ထားပြီး စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့ အရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ ဆက်လက်ပြီး ဒီမိုကရေစီကို ဖျက်ဆီးနေပြီး အရပ်သားပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်နေပါတယ်။ ဒီမိုကရေစီ ပြန်လည်အသက်မသွင်းမချင်း ကျွန်တော်တို့ဟာ စစ်တပ်ကို အရေးယူမှုနဲ့ တာဝန်ရှိသူတွေအပေါ် အရေးယူဒဏ် ခတ်တာတွေ ဆက်လက်လုပ်ဆောင်ရပါလိမ့်မယ်”လို့ Dominic Raab က ဆက်ပြောပါတယ်။

ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့ရဲ့ အခုအရေးယူမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ G7 ခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုပြင်းထန်စွာ ရှုတ်ချမှုနဲ့ အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန် တဲ့ အကြမ်းဖက်မှု နောက်ဆက်တွဲ ရလဒ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။