Connect with us

Hi, what are you looking for?

News

တာမွေရှိ မြန်မာ့စီးပွားရေးဘဏ်အနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ရဲတစ်ဦးကျည်ထိမှန်

“၁၁နာရီလောက်က စီးပွားရေးဘဏ်နားကစောင့်နေတဲ့ရဲကို လာပစ်သွားတာပါ။ သေနတ်မှန်တဲ့သူကို အရေးပေါ်ကားနဲ့လာသယ်သွားတယ်။သေ၊မသေတော့ မသိရဘူး။ သေသွားတဲ့ပုံစံတော့ ရှိတယ်”

တာမွေမြို့နယ် ​မေတ္တာညွှန့်ရပ်ကွက် အဝေရာလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အနီးတွင် စစ်ကောင်စီတပ်သားများနှင့် အမည်မသိ သေနတ်သမားအချို့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဘဏ်လုံခြုံရေးစောင်ရွက်နေသည့် ရဲတစ်ဦးကျည် ထိမှန်မှုယနေ့နံနက် ၁၁နာရီခန့်က ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားများလွတ်မြောက်သွားသည်ဟု အခင်းဖြစ်ပွားရာ မေတ္တာညွှန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“၁၁နာရီလောက်က စီးပွားရေးဘဏ်နားကစောင့်နေတဲ့ရဲကို လာပစ်သွားတာပါ။ သေနတ်မှန်တဲ့သူကို အရေးပေါ်ကားနဲ့လာသယ်သွားတယ်။သေ၊မသေတော့ မသိရဘူး။ သေသွားတဲ့ပုံစံတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန်လ၁၈ရက်တွင် တာမွေမြို့နယ်၌ ကားဗုံးပေါက်ကွဲမှု နေရာနှစ်ခုတွင်ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားအချို့သေဆုံး၊ဒဏ်ရာရမှုရှိခဲ့သည်။

ဇွန်လ၈ရက်ကလည်း တာမွေမြို့နယ်ရှိ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး‌ စစ်ကောင်စီသတင်းပေးဖြစ်သူ ဒေါ်စိုးစိုးလွင် သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ည ၈နာရီကျော် ဆိုတာညဦးပိုင်းသာရှိ​သေးပေမယ့်ရန်ကုန်မြို့​တော်မှာမလုံခြုံတော့တဲ့ အကြောင်တာမွေမြို့နယ်မှာနေထိုင်တဲ့လူငယ်တစ်ဦးက ဧပြီလဆန်းမှာရင်ဖွင့်ပါတယ်။

သတင်း

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရဲခေါင်၊ က​ဖေး /People’s Spring ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသမီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု...

သတင်း

စစ်ကောင်စီတပ်က လက်နက်ငယ်များ၊(၆၀) မမများဖြင့် ပြန်လည်ပစ်ခဲ့၍ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။