Connect with us

Hi, what are you looking for?

News

သတင်း​​​ထောက်အချို့အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူ ၂၀၀၀​ကျော် ပြန်လွတ်​မြောက်လာ

စစ်တပ်ကအာဏာသိမ်းပြီး​နောက် မတရားဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ပုဒ်မ၅၀၅(က) တစ်ခုတည်းဖြင့် တရားစွဲဆိုခံရသူ ၂၃၄၂ဦးကို စစ်​ကောင်စီအဖွဲ့က ယ​နေ့ည​နေပိုင်းတွင် ပြန်လွှတ်​ပေးခဲ့သည်။

ပြန်လည်လွတ်​မြောက်လာသူများတွင် အင်းစိန်အကျဥ်း​ထောင်၌ အကျဥ်းကျခံ​နေရ​သော 7Day News မှသတင်း​​ထောက် ကို​အောင်ရဲကို၊ Myanmar Now သတင်းဌာနမှ မ​ကေဇွန်​နွေးနှင့် MPAမှ ဓါတ်ပုံသတင်း​​​ထောက်ကိုရဲမျိုးခန့်တို့ ပြန်လည်လွတ်​မြောက်လာခဲ့သည်။

ယနေ့တွင် အာဏာသိမ်းစစ်အုပ်စုက အကျဉ်းထောင်များမှ ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသား ၂၃၄၂ ဦးအားလွှတ်ပေးခဲ့ကြောင်းသိရှိရသည်ဟု နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

စစ်အုပ်စုအနေဖြင့် အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် အကြမ်းဖက်မှုများအား မူတစ်ခုအနေဖြင့် အသုံးပြုလျှက်ရှိပြီးပြန်လည်လွတ်မြောက်လာသူများမှာလည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ စွဲကပ် ပါလာမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် ယနေ့ဖြစ်ပေါ်နေသော မတရားမှုများနှင့် ခံစားနေရသော ဆင်းရဲဒုက္ခများကို အသိ အမှတ် ပြု၍ ထုတ်ဖော်ပြောဆိုခြင်း၊ ပြန်လည်ပေးလျော်ခြင်း၊ အရေးယူခြင်းများ လုံးဝမရှိပါ။

Public Service Announcement

Public Service Announcement

ထိန်းသိမ်းခံများကို ပြန်လည် လွှတ်ပေးခြင်းမှာ စစ်အုပ်စုအနေဖြင့် ပြည်သူများအပေါ် ဖိနှိပ်နေမှုများ လျှော့ပေါ့ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လွှတ်ပေးခြင်းမျိုးမဟုတ်ပေ။

လက်တွေ့တွင် စစ်အုပ်စုသည် ယခုလွှတ်ပေးနေစဉ်အတွင်း အခြားတစ်ဖက်၌ ဆက်လက်ဖမ်းဆီးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သကဲ့သို့ လက်ရှိအကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရဆဲ အကျဉ်းသားများအနေဖြင့် ပိုမိုဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုများအား ခံနေကြရဆဲဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဉ် စတင်ခဲ့ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူနှင့် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၈၈၃ ဦးအား သတ်ဖြတ်ခဲ့ပြီး ၆၄၂၁ ဦးအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးဖြစ်သည်ဟု ဆက်လက်​ဖော်ပြထားသည်။

AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “နိုင်ငံရေး အကျဉ်းသားများရှိနေသရွေ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အပြင် တရားမျှတမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း အကောင် အထည် ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ တရားမဝင် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ လုပ်ဆောင်နေမှုတွေဟာ အပြု သဘောဆောင်တဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေခြင်းမဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုလက်ခံလာစေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်” ဟု ပြောသည်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “အစကတည်းက မဖမ်းသင့်တဲ့ လူတွေကို ဖမ်းထားတာပါ။ ပြန်လည် လွတ်မြောက်လာတဲ့သူတွေမှာလည်း စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှု‌တွေ ပွေ့ပိုက်ပြီး ပြန်လာကြရမှာပါ။ လွတ်မြောက်လာသူတွေကို ပြန်လည်ကုစားပေးဖို့လည်း လိုအပ်ပါတယ်။ စာနာနားလည်မှုပေးဖို့လည်း လိုအပ် ပါတယ်။ သူတို့တွေဟာ မတရားဖမ်းဆီးခံခဲ့ရတာပါ။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်တဲ့ လွှတ်ပေးခြင်းမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရမယ်၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ရပါမယ်။ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေကို အရေးယူ ရပါမယ်။ လွှတ်ပေးမှုရှိနေသလို အဖမ်းအဆီးကလည်း ဆက်ရှိနေတာပါ”ဟု ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ၂၀၂၆ ခုနှစ်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုတွေကို ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က Courage Prize(ရဲစွမ်းသတ္တိဆု) ရရှိခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တစ်လတာအတွင်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်ချက် ကြောင့် အရပ်သား ၁၁၃ ဦး အသက် ဆုံးပါး ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အသိပေးဖော်ပြပါတယ်။