Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်္ဂလာဒုံ၊ လမ်းမတော်နှင့် စမ်းချောင်းမြို့နယ်ရှိ လျှပ်စစ်ရုံးများတွင် ဗုံး​ပေါက်ကွဲ

“ဗုံးပေါက်တဲ့ အသံအကျယ်ကြီး ကြားရတယ်။City Mart တောင် တုန်သွားတယ်လို့ စျေးသွားဝယ်တဲ့သူတစ်ဦးကတော့ ပြောတာပဲ။ ထိခိုက်မှုအနေအထားတော့ မသိရသေးပါဘူး။ ခုတော့ လမ်းတွေပိတ်ပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု အခင်ဖြစ်ပွားရာရပ်ကွက်​နေပြည်သူက ပြောသည်။

(စမ်း​​ချောင်းမြို့နယ်ရှိ လျှပ်စစ်ရုံး ​ပေါက်ကွဲပြီး​နောက် ​တွေ့ရစဥ်)

ရန်ကုန်မြို့အတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ လျှပ်စစ်မန်​နေဂျာရုံးများတွင် ယ​နေ့နံနက်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် လျှပ်စစ်ရုံး၌ ယ​နေ့ နံနက်​စော၄ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့​ကြောင်းအဆိုပါ မြို့နေပြည်သူတစ်ဦးက People’s Spring သို့ ​ပြောသည်။

ထို့အပြင် စမ်းချောင်းမြို့နယ် လျှပ်စစ်ရုံး တွင် ယနေ့ နံနက် ၁၀ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ဗုံးပေါက်တဲ့ အသံအကျယ်ကြီး ကြားရတယ်။City Mart တောင် တုန်သွားတယ်လို့ စျေးသွားဝယ်တဲ့သူတစ်ဦးကတော့ ပြောတာပဲ။ ထိခိုက်မှုအနေအထားတော့ မသိရသေးပါဘူး။ ခုတော့ လမ်းတွေပိတ်ပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု အခင်ဖြစ်ပွားရာရပ်ကွက်​နေပြည်သူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လမ်းမ​တော်မြို့နယ် ကမ်းနားလမ်းရှိ လျှပ်စစ်ရုံးတွင်လည်း ​ယ​နေ့နံနက်က ​ပေါက်ကွဲမှုဖြစ်ခဲ့​သေးသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီအဖွဲ့က မီတာခများပေးဆောင်ရန် အတင်းအကျပ် ဖိအားပေး​တောင်ခံလာပြီးနောက် မြို့နယ်အသီးသီးရှိ လျှပ်စစ်ရုံးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ၇ ရက်ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးများ၌ ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ပြည်သူများအပေါ် လျှပ်စစ်မီးမီတာခ ပေးဆောင်ရန် အတင်းအကြပ် ဖိအားပေး ကောက်ခံသူများကို စစ်ကောင်စီအဖွဲ့ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသူများအဖြစ် သတ်မှတ်ပြီး ထပ်မံဖိအားပေး ကောက်ခံနေပါက အသက်ကိုအာမ မခံနိုင်​ကြောင်း မြို့ပြပြောက်ကျားတပ်ဦး (UGRF) က ယမန်​နေ့ (ဇူလိုင်၈ ရက်)တွင် သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။