Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံ၊ လမ်းမတော်နှင့် စမ်းချောင်းမြို့နယ်ရှိ လျှပ်စစ်ရုံးများတွင် ဗုံး​ပေါက်ကွဲ

“ဗုံးပေါက်တဲ့ အသံအကျယ်ကြီး ကြားရတယ်။City Mart တောင် တုန်သွားတယ်လို့ စျေးသွားဝယ်တဲ့သူတစ်ဦးကတော့ ပြောတာပဲ။ ထိခိုက်မှုအနေအထားတော့ မသိရသေးပါဘူး။ ခုတော့ လမ်းတွေပိတ်ပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု အခင်ဖြစ်ပွားရာရပ်ကွက်​နေပြည်သူက ပြောသည်။

(စမ်း​​ချောင်းမြို့နယ်ရှိ လျှပ်စစ်ရုံး ​ပေါက်ကွဲပြီး​နောက် ​တွေ့ရစဥ်)

ရန်ကုန်မြို့အတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ လျှပ်စစ်မန်​နေဂျာရုံးများတွင် ယ​နေ့နံနက်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် လျှပ်စစ်ရုံး၌ ယ​နေ့ နံနက်​စော၄ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့​ကြောင်းအဆိုပါ မြို့နေပြည်သူတစ်ဦးက People’s Spring သို့ ​ပြောသည်။

ထို့အပြင် စမ်းချောင်းမြို့နယ် လျှပ်စစ်ရုံး တွင် ယနေ့ နံနက် ၁၀ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ဗုံးပေါက်တဲ့ အသံအကျယ်ကြီး ကြားရတယ်။City Mart တောင် တုန်သွားတယ်လို့ စျေးသွားဝယ်တဲ့သူတစ်ဦးကတော့ ပြောတာပဲ။ ထိခိုက်မှုအနေအထားတော့ မသိရသေးပါဘူး။ ခုတော့ လမ်းတွေပိတ်ပြီး ရဲတွေ၊ စစ်သားတွေ ရောက်လာပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု အခင်ဖြစ်ပွားရာရပ်ကွက်​နေပြည်သူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လမ်းမ​တော်မြို့နယ် ကမ်းနားလမ်းရှိ လျှပ်စစ်ရုံးတွင်လည်း ​ယ​နေ့နံနက်က ​ပေါက်ကွဲမှုဖြစ်ခဲ့​သေးသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီအဖွဲ့က မီတာခများပေးဆောင်ရန် အတင်းအကျပ် ဖိအားပေး​တောင်ခံလာပြီးနောက် မြို့နယ်အသီးသီးရှိ လျှပ်စစ်ရုံးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ၇ ရက်ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးများ၌ ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ပြည်သူများအပေါ် လျှပ်စစ်မီးမီတာခ ပေးဆောင်ရန် အတင်းအကြပ် ဖိအားပေး ကောက်ခံသူများကို စစ်ကောင်စီအဖွဲ့ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသူများအဖြစ် သတ်မှတ်ပြီး ထပ်မံဖိအားပေး ကောက်ခံနေပါက အသက်ကိုအာမ မခံနိုင်​ကြောင်း မြို့ပြပြောက်ကျားတပ်ဦး (UGRF) က ယမန်​နေ့ (ဇူလိုင်၈ ရက်)တွင် သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။