Connect with us

Hi, what are you looking for?

News

ကိုဗစ်ရောဂါဖြစ်သူများခြင်းမှာ စစ်ကောင်စီမှ နိုင်ငံရေးအမြတ်ထုတ်ခြင်းကြောင့်ဟု NUGယာယီသမ္မတပြော

“ကျွန်တော်တို့အစိုးရမှလည်း ပြည်သူလူထုနဲ့ လက်တွဲပြီး ဤရောဂါဆိုးကိုရော ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် တိုင်းပြည်အာဏာမတရားယူထားတဲ့စစ်အာဏာရှင် ပြုတ်ကျရေးကိုပါ ကိုယ်အား ဉာဏ်အားရှိသမျှ ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မြင့်လာခြင်းမျာ စစ်ကောင်စီက ရောဂါဖြစ်ပွားမှုအပေါ် နိုင်ငံရေအမြတ်ထုတ်မှု၊ ရောဂါနှိမ်နင်းရေး အတွက် မကျွမ်းကျင်မှု၊ ပြည်သူများကို စေတနာမရှိမှု တို့ကြောင့် ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြောကြားသည်။

ယာယီသမ္မတ ဒူဝါလရှီးလ၏ COVID 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြောကြားချက်ကို NUGက ယနေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုဟာအရှိန်အဟုန်မြင့်တက်လာတာကို တွေ့ရတဲ့အတွက်များစွာ စိတ်ပူပန်မိပါတယ်။ စစ်ကောင်စီမှလည်း ကိုဗစ် ၁၉ရောဂါဖြစ်ပွားမှုအပေါ် နိုင်ငံရေးအမြတ်ထုတ်မှု၊ ရောဂါနှိမ်နင်းရေး အတွက် ကျွမ်းကျင်မှုမရှိမှု၊ အများပြည်သူကို စေတနာမရှိမှု စသည်တို့ကြောင့်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူလူထု၏ ကျန်းမာရေးသည် NUG အစိုးရ အလေးထားဆုံး ထိပ်ဆုံးက အချက်တစ်ခုဖြစ်သည်ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

“အထူးသဖြင့် ယခုလိုတော်လှန်ရေးကာလမှာ ပြည်သူ့အားနဲ့ ပြည်သူများအသိနဲ့ ဒီကပ်ရောဂါကြီးကို ထိန်းသိမ်းဖို့ ကအရေးအကြီးဆုံးဖြစ်ပါတယ်။ ပြည်သူက စည်းလုံးကြပါတယ်။အသိဉာဏ်ကြီးပါတယ်။ မှန်ကန်တာလုပ်သင့်လုပ်ထိုက်တာ ကို အမြဲလုပ်ကြပါတယ်။ လုပ်နေမြဲ လုပ်ရမယ့် အလုပ်တွေကို စနစ်တကျနဲ့ သတိကြီးစွာ လုပ်ရဖို့ အင်မတန်အရေးကြီးတဲ့အတွက် ကျွန်တော့်အနေနဲ့ ပြည်သူလူထုကြီးကိုအနည်းငယ် ထပ်ပြီးသတိပေးလိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ယာယီသမ္မတ ပြောကြားသည့် ရောဂါကာကွယ်ရေးဆိုင်ရာအချက်များမှာ Maskကို သတိတရဖြင့် အချိန်ပြည့် စနစ်တကျ တပ်ဆင်ရန် ၊လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေခွာနေရန်၊ လူစုလူဝေးရှောင်ကျဉ်ရန်၊ အိမ်နှင့် ရုံးအဆောက်အဦးရှိ အထိအတွေ့များသည့်နေရာများကို သတ်မှတ်ပိုးသတ်ဆေးဖြင့် သန့်ရှင်းရေးလုပ်ရန်၊တစ်ဦးနှင့်တစ်ဦး သတိပေးရန် အချက်များ ဖြစ်သည်။

“ကျွန်တော်တို့အစိုးရမှလည်း ပြည်သူလူထုနဲ့ လက်တွဲပြီး ဤရောဂါဆိုးကိုရော ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် တိုင်းပြည်အာဏာမတရားယူထားတဲ့စစ်အာဏာရှင် ပြုတ်ကျရေးကိုပါ ကိုယ်အား ဉာဏ်အားရှိသမျှ ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။