Connect with us

Hi, what are you looking for?

News

ကိုဗစ်​ကြောင့် သားအဖနှစ်ဦးတည်းရှိ​သောအိမ်တွင် ဖခင်​​​ရော ၊​စောင့်​ရှောက်​ပေး​နေ​သောသားပါ အတူ​သေဆုံး

နေအိမ်အတွင်း နှာ​ခေါင်းစည်းများ ၊ကြက်ဥကတ်တစ်ကတ် ၊ Oximeter စသည်တို့ဖြင့် ကမ္ဘာ့ကပ်​ရောဂါကို သားအဖနှစ်ဦး ကြိုးစားရင်ဆိုင်သွားခဲ့သည်ကိုလည်း​တွေ့ရသည်။

ရန်ကုန်မြို့တွင် သားအဖနှစ်ဦးတည်း​နေ​​သောအိမ်တွင် ကိုဗစ်-၁၉ ​ရောဂါ​ကြောင့် ဖခင်ဖြစ်သူ​ရော ၊ဖခင်ကိုပြုစု​စောင့်​ရှောက်​ပေး​သော သားဖြစ်သူပါ တစ်ရက်တည်း ​ယ​နေ့​သေဆုံးခဲ့သည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်အ​ရှေ့ပိုင်းမြို့နယ် ၁၁ ရပ်ကွက် ၊ ဒုဠဝတီလမ်း ရှိ​နေအိမ်တွင်​ ​နေထိုင်​သော ဖခင်ဖြစ်သူ​ရော ၊သားဖြစ်သူပါ ကိုဗစ်-၁၉ ​ရောဂါဖြင့်ယ​နေ့​သေဆုံးခဲ့ခြင်းဖြစ်သည်။

“တစ်အိမ်ထဲမှာ သားအဖနှစ်​ယောက်တည်း ဖ​အေလုပ်သူက ကိုဗစ်ဖြစ်လို့ အသက်ရှုကြပ်​​နေတယ် သားက​စောင့်​ရှောက်​ပေးတယ် ။​စောင့်​ရှောက်​ပေးတဲ့သားလုပ်သူက ထိုင်​နေရင်းနဲ့ ငုတ်တုပ်​မေ့သွားပြီဗျာ ” ဟု အဆိုပါ သားအ​ဖ နှစ်ဦး၏ ရုပ်အ​လောင်းများကို ပြင်ဆင် ၊သယ်​ဆောင် ​ပေးခဲ့​သော လူမှုကူညီ​ရေးသမား ဦးမင်းဒင်က သူ၏ ​ဖေစ်ဘွတ်ခ်တွင် Live လွှင့်၍ ပြည်သူများကိုအသိ ပေးခဲ့သည်။

အဆိုပါ သားအဖနှစ်ဦးမှာ တစ်ထပ်လုံးချင်းတိုက်တွင်​နေထိုင်ကြပြီး ဖခင်ဖြစ်သူမှာ အိပ်ခန်းအတွင်း အိပ်လျက်ကွယ်လွန်​နေသလို ၊သားဖြစ်သူမှာ အိမ်​ရှေ့ ခုံ​ပေါ်တွင် တင်ကုလိမ်ချိတ်ထိုင်လျက် Air Con Remote ကို ကိုင်လျက် ကွယ်လွန်​နေသည်ကို ဗီဒီယိုဖိုင်တွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

နေအိမ်အတွင်း နှာ​ခေါင်းစည်းများ ၊ကြက်ဥကတ်တစ်ကတ် ၊ Oximeter စသည်တို့ဖြင့် ကမ္ဘာ့ကပ်​ရောဂါကို သားအဖနှစ်ဦး ကြိုးစားရင်ဆိုင်သွားခဲ့သည်ကိုလည်း​တွေ့ရသည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်း ကမ္ဘာ့ကပ်​ရောဂါ Covid-19 တတိယလှိုင်းဒဏ်ကို အာဏာသိမ်းစစ်​ကောင်စီ၏ ဖိနှိပ်မှုများကြား ရင်ဆိုင်​နေရကာ ​နေ့စဥ်ပြည်သူရာနှင့်ချီ​သေဆုံးလာသည်မှာ ရက်အနည်းငယ်ကြာလာပြီဖြစ်သည်။

တစ်အိမ်တည်းရှိသူအကုန် ပိုးကူးစက်ခံရမှု ၊မိသားစုဝင်များ ​သေဆုံးမှုများ ပိုမိုများပြားလာ​နေသည်။စစ်​ကောင်စီ၏လက်​အောက်ခံ ကျန်းမာ​ရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှ ၁၅ရက် ည ၈ နာရီအထိ၂၄ နာရီအတွင်းပိုး​တွေ့လူနာ ၄၀၀၀​ကျော်ရှိပြီး ၁၆၅ ဦး​သေဆုံးခဲ့သည်ဟုထုတ်ပြန်သည်။

လက်​တွေ့တွင် အာဏာသိမ်းစစ်​ကောင် စီ​ကြောင့် ​​အောက်စီဂျင်ရှာမရ၍ ​၊​ဆေးရုံတက်ခွင့်မရ၍ နေအိမ်တွင်​သေဆုံးသူ များမှာ ​ဆေးရုံတက်ပြီး​သေဆုံးသူထက်ပိုများသည်။

ထို​ကြောင့် ကိုဗစ်​ကြောင့် အမှန်တကယ်သေဆုံးသူမှာ စစ်​ကောင်စီထုတ်ပြန်မှုထက် များစွာပိုများပြီး ရန်ကုန်မြို့တစ်မြို့တွင်​သေဆုံးသူမှာပင် စစ်​ကောင်စီထုတ်ပြန်ချက်ထက်ပိုများ​နေသည်။ ​နေ့စဥ်​သေဆုံးသူ ရာနှင့်ချီများ​နေသဖြင့် ရန်ကုန်ရှိ မီးသဂြိုဟ်စက်များမှာ မနိုင်မနင်းဖြစ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။

သတင်း

စစ်အုပ်စုက အဓမ္မစစ်သားသစ်စု​ဆောင်းခြင်း၊​ပေါ်တာဆွဲခြင်းများကို စစ်​ကောင်စီထိန်းချုပ်​ဒေသများတွင်ပိုလုပ်​နေ​သော်လည်း ၊၎င်းတို့ပြုလုပ်​သောပျော်ပွဲရွှင်ပွဲများကိုမူ ပြည်သူများလာ​စေရန် စစ်သားသစ်စု​ဆောင်းခြင်း ၊​ပေါ်တာဆွဲခြင်းများကိုပြုလုပ်​လေ့မရှိ​ပေ ။

သတင်း

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုစလုံးကို နိုဝင်ဘာ ၅ ရက်ကစတင်၍ တစ်ရက်လျှင် နှစ်ကြိမ်မီးပြတ်ပြီး ရှစ်နာရီ မီးဖြတ်မည်ဖြစ်ကြောင်း လျှပ်စစ်မန်နေဂျာရုံးများကကြေညာသည်။