Connect with us

Hi, what are you looking for?

News

ကိုဗစ်​ကြောင့် သားအဖနှစ်ဦးတည်းရှိ​သောအိမ်တွင် ဖခင်​​​ရော ၊​စောင့်​ရှောက်​ပေး​နေ​သောသားပါ အတူ​သေဆုံး

နေအိမ်အတွင်း နှာ​ခေါင်းစည်းများ ၊ကြက်ဥကတ်တစ်ကတ် ၊ Oximeter စသည်တို့ဖြင့် ကမ္ဘာ့ကပ်​ရောဂါကို သားအဖနှစ်ဦး ကြိုးစားရင်ဆိုင်သွားခဲ့သည်ကိုလည်း​တွေ့ရသည်။

ရန်ကုန်မြို့တွင် သားအဖနှစ်ဦးတည်း​နေ​​သောအိမ်တွင် ကိုဗစ်-၁၉ ​ရောဂါ​ကြောင့် ဖခင်ဖြစ်သူ​ရော ၊ဖခင်ကိုပြုစု​စောင့်​ရှောက်​ပေး​သော သားဖြစ်သူပါ တစ်ရက်တည်း ​ယ​နေ့​သေဆုံးခဲ့သည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်အ​ရှေ့ပိုင်းမြို့နယ် ၁၁ ရပ်ကွက် ၊ ဒုဠဝတီလမ်း ရှိ​နေအိမ်တွင်​ ​နေထိုင်​သော ဖခင်ဖြစ်သူ​ရော ၊သားဖြစ်သူပါ ကိုဗစ်-၁၉ ​ရောဂါဖြင့်ယ​နေ့​သေဆုံးခဲ့ခြင်းဖြစ်သည်။

“တစ်အိမ်ထဲမှာ သားအဖနှစ်​ယောက်တည်း ဖ​အေလုပ်သူက ကိုဗစ်ဖြစ်လို့ အသက်ရှုကြပ်​​နေတယ် သားက​စောင့်​ရှောက်​ပေးတယ် ။​စောင့်​ရှောက်​ပေးတဲ့သားလုပ်သူက ထိုင်​နေရင်းနဲ့ ငုတ်တုပ်​မေ့သွားပြီဗျာ ” ဟု အဆိုပါ သားအ​ဖ နှစ်ဦး၏ ရုပ်အ​လောင်းများကို ပြင်ဆင် ၊သယ်​ဆောင် ​ပေးခဲ့​သော လူမှုကူညီ​ရေးသမား ဦးမင်းဒင်က သူ၏ ​ဖေစ်ဘွတ်ခ်တွင် Live လွှင့်၍ ပြည်သူများကိုအသိ ပေးခဲ့သည်။

အဆိုပါ သားအဖနှစ်ဦးမှာ တစ်ထပ်လုံးချင်းတိုက်တွင်​နေထိုင်ကြပြီး ဖခင်ဖြစ်သူမှာ အိပ်ခန်းအတွင်း အိပ်လျက်ကွယ်လွန်​နေသလို ၊သားဖြစ်သူမှာ အိမ်​ရှေ့ ခုံ​ပေါ်တွင် တင်ကုလိမ်ချိတ်ထိုင်လျက် Air Con Remote ကို ကိုင်လျက် ကွယ်လွန်​နေသည်ကို ဗီဒီယိုဖိုင်တွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

နေအိမ်အတွင်း နှာ​ခေါင်းစည်းများ ၊ကြက်ဥကတ်တစ်ကတ် ၊ Oximeter စသည်တို့ဖြင့် ကမ္ဘာ့ကပ်​ရောဂါကို သားအဖနှစ်ဦး ကြိုးစားရင်ဆိုင်သွားခဲ့သည်ကိုလည်း​တွေ့ရသည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်း ကမ္ဘာ့ကပ်​ရောဂါ Covid-19 တတိယလှိုင်းဒဏ်ကို အာဏာသိမ်းစစ်​ကောင်စီ၏ ဖိနှိပ်မှုများကြား ရင်ဆိုင်​နေရကာ ​နေ့စဥ်ပြည်သူရာနှင့်ချီ​သေဆုံးလာသည်မှာ ရက်အနည်းငယ်ကြာလာပြီဖြစ်သည်။

တစ်အိမ်တည်းရှိသူအကုန် ပိုးကူးစက်ခံရမှု ၊မိသားစုဝင်များ ​သေဆုံးမှုများ ပိုမိုများပြားလာ​နေသည်။စစ်​ကောင်စီ၏လက်​အောက်ခံ ကျန်းမာ​ရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှ ၁၅ရက် ည ၈ နာရီအထိ၂၄ နာရီအတွင်းပိုး​တွေ့လူနာ ၄၀၀၀​ကျော်ရှိပြီး ၁၆၅ ဦး​သေဆုံးခဲ့သည်ဟုထုတ်ပြန်သည်။

လက်​တွေ့တွင် အာဏာသိမ်းစစ်​ကောင် စီ​ကြောင့် ​​အောက်စီဂျင်ရှာမရ၍ ​၊​ဆေးရုံတက်ခွင့်မရ၍ နေအိမ်တွင်​သေဆုံးသူ များမှာ ​ဆေးရုံတက်ပြီး​သေဆုံးသူထက်ပိုများသည်။

ထို​ကြောင့် ကိုဗစ်​ကြောင့် အမှန်တကယ်သေဆုံးသူမှာ စစ်​ကောင်စီထုတ်ပြန်မှုထက် များစွာပိုများပြီး ရန်ကုန်မြို့တစ်မြို့တွင်​သေဆုံးသူမှာပင် စစ်​ကောင်စီထုတ်ပြန်ချက်ထက်ပိုများ​နေသည်။ ​နေ့စဥ်​သေဆုံးသူ ရာနှင့်ချီများ​နေသဖြင့် ရန်ကုန်ရှိ မီးသဂြိုဟ်စက်များမှာ မနိုင်မနင်းဖြစ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီက​နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကား​တွေကရပ်တန့်ပြီး ဟွန်းတီး အ​လေးပြုခဲ့ကြပါတယ်။