Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဆုံးဟု PDF ထုတ်ပြန်

ဇူလိုင် ၁၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ဦး သေဆုံးခဲ့ပြီး PDF ဘက်မှ ၂ဦး ၊ ပြည်သူ ၂ဦး ကျဆုံးခဲ့ကြောင်း၊ ဇူလိုင် ၁၆ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးပြီး PDF ဘက်မှ မစိုးရိမ်ရ ဒဏ်ရာရသူ ၆ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကလေးမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းရန် လာရောက်ခဲ့ရာ ကလေး PDFနှင့် ထိတွေ့မှု တစ်နေ့လုံးဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင် ၁၆ရက် နံနက် အစောပိုင်းတွင်လည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ဦး သေဆုံးခဲ့ပြီး PDF ဘက်မှ ၂ဦး ၊ ပြည်သူ ၂ဦး ကျဆုံးခဲ့ကြောင်း၊ ဇူလိုင် ၁၆ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးပြီး PDF ဘက်မှ မစိုးရိမ်ရ ဒဏ်ရာရသူ ၆ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကလေးမြို့နယ တောင်ပိုင်းဒေသများကို ဖိနှိပ်ရှင်းလင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို အပြန်းအထန် တုံ့ပြန်သွားမည်ဖြစ်၍ ကလေးနှင့် ဂန့်ဂေါ လမ်းအား အသုံးပြုသွားလာသည့် မော်တော်ယာဉ်များအနေဖြင့် မဖြစ်မနေ မှန်ချ၍ မောင်နှင်ပေးရန်လည်း ကလေး PDFက အသိပေးခဲသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။