Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဆုံးဟု PDF ထုတ်ပြန်

ဇူလိုင် ၁၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ဦး သေဆုံးခဲ့ပြီး PDF ဘက်မှ ၂ဦး ၊ ပြည်သူ ၂ဦး ကျဆုံးခဲ့ကြောင်း၊ ဇူလိုင် ၁၆ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးပြီး PDF ဘက်မှ မစိုးရိမ်ရ ဒဏ်ရာရသူ ၆ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကလေးမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းရန် လာရောက်ခဲ့ရာ ကလေး PDFနှင့် ထိတွေ့မှု တစ်နေ့လုံးဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင် ၁၆ရက် နံနက် အစောပိုင်းတွင်လည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ဦး သေဆုံးခဲ့ပြီး PDF ဘက်မှ ၂ဦး ၊ ပြည်သူ ၂ဦး ကျဆုံးခဲ့ကြောင်း၊ ဇူလိုင် ၁၆ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးပြီး PDF ဘက်မှ မစိုးရိမ်ရ ဒဏ်ရာရသူ ၆ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကလေးမြို့နယ တောင်ပိုင်းဒေသများကို ဖိနှိပ်ရှင်းလင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို အပြန်းအထန် တုံ့ပြန်သွားမည်ဖြစ်၍ ကလေးနှင့် ဂန့်ဂေါ လမ်းအား အသုံးပြုသွားလာသည့် မော်တော်ယာဉ်များအနေဖြင့် မဖြစ်မနေ မှန်ချ၍ မောင်နှင်ပေးရန်လည်း ကလေး PDFက အသိပေးခဲသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF တို့ တိုက်ပွဲဆက်ဖြစ်နေပြီး လူနေရပ်ကွက်တွေအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနေလို့ စိုးရိမ်နေရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုကကြိုဆိုခဲ့ပြီးဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။

Facebook