Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆေးရုံတွေမှာ လူနာလက်မခံဘဲ ပြန်လွှတ်နေတာဟာ ပြည်သူကိုအသေသတ်နေတာလို့ ပရဟိတသမား​တွေ​​ပြော

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်မှာဆိုရင် ကိုဗစ်ရောဂါလက္ခာခံစားနေရသူတွေထဲက ဇူလိုင် ၁၄ ရက်က ၁၂ ဦး ဇူလိုင် ၁၅ ရက်မှာ ၆ ဦးနဲ့ ဇူလိုင်း ၁၆ ရက်မှာ ၂၁ ဦးအထိ ဆက်တိုက်သေဆုံးမှုတွေရှိနေတယ်လို့ လူနာတွေက အကူအညီပေးနေသူတွေက ဆိုပါတယ်။

ပြည်သူ့ဆေးရုံကြီးတွေမှာ ကိုဗစ်လူနာတွေလက်မခံဘဲ ပြန်လွှတ်နေတာဟာ ပြည်သူတွေကို အသေသတ်နေတာသာဖြစ်တယ်လို့ လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ပြောဆိုလိုက်ပါတယ်။ရန်ကုန်ဆေးရုံကြီးအပါအဝင် ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီးအားလုံးနီးပါးဟာ လူနာအနည်းငယ်သာလက်ခံပေးနေပြီး အများစုကိုတော့ ကုတင်မရှိတော့ဘူးဆိုပြီး ပြန်လွှတ်နေတာလည်း ဖြစ်ပါတယ်။

“မြောက်ဥက္ကလာဆေးရုံပါ။ လုံးဝပေးမဝင်ပါဘူး။ နောက်မှာ လူနာတွေတန်းစီနေတာအများကြီးပဲ။ အသေသတ်နေတာ။ ကျည်ဆံတွေမကုန်ဘဲနဲ့ အသေသတ်နေတာ”လို့ မြောက်ဥက္ကလာမေဓာဝီဆေးရုံကို ယမန်နေ့ညက လူနာသွားပို့ခဲ့တဲ့ လူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးက သူရဲ့ဖေ့စ်ဘွတ်ခ်လူမှုကူယက် မှာ ရုပ်သံတစ်ခုတိုက်ရိုက်လွှင့်တင်ပြီး ပြောထားပါတယ်။

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်မှာနေထိုင်တဲ့ လူမှုကူညီရေးလုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ဦးကလည်း သူတို့ရပ်ကွက်ထဲက လူနာတွေကို မေဓါဝီဆေးရုံအပါအဝင် မင်္ဂလာဒုံစစ်ဆေးရုံအထိပါ ပို့ဆောင်ကူညီပေးခဲ့ပေမဲ့ ဆေးရုံမှာ ကုတင်မရှိတော့ဘူး ဆရာတွေလည်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လူနာလက်မခံဘဲ ပြန်လွှတ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

“အစကတော့ နီးနီးနားနားဆိုပြီး မေဓါဝီဆေးရုံကို လိုက်ပို့တယ်။ လက်မခံဘူး။ နောက်တော့ စစ်ဆေးရုံထပ်သွားတယ်။ လိုက်ပို့တဲ့သူတွေ ကားပေါ်ကတောင်ပေးမဆင်းဘူး။ လူနာကို ကားပေါ်မှာပဲ နှာခေါင်းနှိုက်တယ် အာခေါင်နှိုက်တယ်။ ပြီးတော့ ကားပေါ်ကမဆင်းဘဲ အဲဒီအတိုင်းထိုင်စောင့်ခိုင်တယ်။ အဖြေထွက်လို့ P(ပိုးတွေ့)လည်းဆိုရော အတင်းအိမ်ပြန်လွှတ်တယ်”လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုလက်ရှိ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာတွေဟာ အောက်ဆီဂျင်ထိုးကျတဲ့သူများနေပြီး လိုအပ်တဲ့အောက်ဆီဂျင်ကို အလွယ်တကူမရတဲ့အပြင် ဆေးရုံတက်ပြီး စနစ်တကျပြုစုကသမှုမရတာကြောင့် အသက်သေဆုံးရတဲ့သူ များလာနေတယ်လို့ လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ပြောကြပါတယ်။

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်မှာဆိုရင် ကိုဗစ်ရောဂါလက္ခာခံစားနေရသူတွေထဲက ဇူလိုင် ၁၄ ရက်က ၁၂ ဦး ဇူလိုင် ၁၅ ရက်မှာ ၆ ဦးနဲ့ ဇူလိုင်း ၁၆ ရက်မှာ ၂၁ ဦးအထိ ဆက်တိုက်သေဆုံးမှုတွေရှိနေတယ်လို့ လူနာတွေက အကူအညီပေးနေသူတွေက ဆိုပါတယ်။

Non-CDM တစ်ဦးလည်းဖြစ် လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်ခံ ကျန်းမာရေးဝန်ကြီးဌာရဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးဖြစ်တဲ့ ဆရာဝန်တစ်ဦးကတော့ သူတို့အနေနဲ့ လူသားအရင်းအမြစ်နဲ့ ကုသရေးဆိုင်ရာပစ္စည်းတွေ မလုံလောက်တဲ့အပြင် အဆင့်ဆင့်တင်ပြရတဲ့လုပ်ငန်းစဉ်အပါအဝင် အကန့်အသတ်တွေကြားမှာလုပ်ဆောင်နေရလို့ ထင်သလောက်မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဆင်ရေးကြောင့်စစ်ကောင်စီဘက်မှ ဒဏ်ရာရနိုင်သော်လည်း အတည်မပြုနိင်သေး‌ကြောင်း၊ မြို့နယ်ခမ်းမသို့ ဆေးရုံကားများ လာရောက်ခဲ့သည်ဟု မြေပြင်မှ သတင်းရကြောင်း ယင်းတာဝန်ရှိသူကပြောသည်။

သတင်း

မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန် ရွှေဆိုင်ဓားပြတိုက်သည့် ဖြစ်စဉ်မှ ဖမ်းဆီးခံရသူများက ယင်းကိစ္စကို PDF တွံတေး ခေါင်းဆောင် ဗိုလ်ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့က လက်နက်များပေးခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ဖော်ပြထားသည်။

သတင်း

ပစ်ခတ်လိုက်သည့် ပေါက်ကွဲအားပြင်း လက်ပစ် ဗုံးသည် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များစုဝေးနေသည့်နေရာအနီးကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများထွက် လာပြီးနောက် အော်ဟစ်သံများပါကြားရကြောင်း YUF တာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ရွှေတောင်မေတ္တာ အခမဲ့ ပရဟိတဆေးခန်းဟာ မုံရွာမြို့ ၊ကူးတို့ကုန်းရပ်ကွက် ၊ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတာဖြစ်ပြီးနေ့စဉ် လူနာ ၁၀၀ နီးပါး ကုသပေးနေရတယ်လို့သိရပါတယ်။