Connect with us

Hi, what are you looking for?

LuduNwayOo

News

မိတ္ထီလာ ဗကသကျောင်းသားများ၏ ‘လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာကိုးဦးမက’

မိတ္ထီလာနွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သော အာဇာနည်(၄)ဦး၏ ပုံများဖြင့် စာတန်းများကိုလည်း အာဇာနည်ကျောက်တိုင်နှင့် ကန်ပတ်လမ်းများတွင် ချိတ်ဆွဲခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ကျရောက်သော အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗ.က.သများ အဖွဲ့ချုပ်)က ဦဆောင်၍ “လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာကိုးဦးမက” ဟူသောခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ယနေ့နံနက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သပိတ်စစ်ကြောင်းသည် မိတ္ထီလာမြို့အတွင်း အောင်မြင်စွာချီတက် လူစုခွဲနိုင်ခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

ထို့အပြင် မိတ္ထီလာနွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သော အာဇာနည်(၄)ဦး၏ ပုံများဖြင့် စာတန်းများကိုလည်း အာဇာနည်ကျောက်တိုင်နှင့် ကန်ပတ်လမ်းများတွင် ချိတ်ဆွဲခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီဘက်က တပ်သားအင်အားများလာရောက်ချထားပေးခဲ့၍ ယမန်နေ့က နေ့ချင်းပြီး ဖျက်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

သတင်း

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက ၎င်းတို့အား ဆိုင်ကယ်ဖြင့်လာရောက်တိုက်ခိုက်မည်စိုး၍ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်း စီးနင်းခြင်းမပြုရန်တားမြစ်ထားပြီး စီးနင်းပါက ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။