Connect with us

Hi, what are you looking for?

News

KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ဘောလခဲတွင် တိုက်ပွဲထပ်ဖြစ်၊တိုက်ပွဲပြင်းထန်ပြီး စစ်ကောင် စီတပ်သားများ သေဆုံးမှုရှိ

အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့၍ ယမန်နေ့ ညနေတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်း KNDFက ဆိုသည်။

(KNPPတပ်သားများ၏ ရုပ်ပုံမှာ ပုံအ​ဟောင်းဖြစ်ပါသည်)

ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့(KNPP/KNDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာများသို့ဦးတည်ပြီးလက်နက် ကြီးများပစ်ခတ်ခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက်ညနေပိုင်းက နန်းဖဲရွာအနီး တော်ခူကျေးရွာသစ်နှင့် ကလိလျားရွာကြားသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို KNPPနှင့် KNDF တို့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့၍ ယမန်နေ့ ညနေတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်း KNDFက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးတ၀ိုက်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်များမှ ဆက်လက်တပ်ဖြန့်ထားပြီး ထိုးစစ်ဆင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ ဇူလိုင် ၁၉ရက် နံနက် တွင်လည်း ကလိလျားရွာအနီး တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းကျေးရွာဖက်သို့ ဦးတည်ကာ လက်နက်ကြီးများ တစ်ဖက်သတ်ပစ်ခတ်ခဲ့ပြီး နေ့လည်ပိုင်းတွင်လည်း ဘောလခဲအခြေစိုက်တပ်မှ ကလိလျားရွာတစ်၀ိုက်သို့ တာဝေးပစ် အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသဘက်သို့ စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည်လည်း ဇူလိုင် ၁၆ရက်ကလည်း နန်းဖဲကျေးရွာအနီးတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ KNPP/KNDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီကလည်း KNPPနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၁ရက်မှ ၁၂ရက်အတွင်း လွိုင်ကော်မြို့နယ်၌ တိုက်ပွဲ ၈ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များသေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။