Connect with us

Hi, what are you looking for?

LuduNwayOo

News

KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် ဘောလခဲတွင် တိုက်ပွဲထပ်ဖြစ်၊တိုက်ပွဲပြင်းထန်ပြီး စစ်ကောင် စီတပ်သားများ သေဆုံးမှုရှိ

အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့၍ ယမန်နေ့ ညနေတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်း KNDFက ဆိုသည်။

(KNPPတပ်သားများ၏ ရုပ်ပုံမှာ ပုံအ​ဟောင်းဖြစ်ပါသည်)

ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့(KNPP/KNDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာများသို့ဦးတည်ပြီးလက်နက် ကြီးများပစ်ခတ်ခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက်ညနေပိုင်းက နန်းဖဲရွာအနီး တော်ခူကျေးရွာသစ်နှင့် ကလိလျားရွာကြားသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို KNPPနှင့် KNDF တို့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အင်အား ၂၀၀ ခန့်ရှိသော စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့၍ ယမန်နေ့ ညနေတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်း KNDFက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးတ၀ိုက်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်များမှ ဆက်လက်တပ်ဖြန့်ထားပြီး ထိုးစစ်ဆင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ ဇူလိုင် ၁၉ရက် နံနက် တွင်လည်း ကလိလျားရွာအနီး တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းကျေးရွာဖက်သို့ ဦးတည်ကာ လက်နက်ကြီးများ တစ်ဖက်သတ်ပစ်ခတ်ခဲ့ပြီး နေ့လည်ပိုင်းတွင်လည်း ဘောလခဲအခြေစိုက်တပ်မှ ကလိလျားရွာတစ်၀ိုက်သို့ တာဝေးပစ် အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသဘက်သို့ စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည်လည်း ဇူလိုင် ၁၆ရက်ကလည်း နန်းဖဲကျေးရွာအနီးတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ KNPP/KNDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီကလည်း KNPPနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၁ရက်မှ ၁၂ရက်အတွင်း လွိုင်ကော်မြို့နယ်၌ တိုက်ပွဲ ၈ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များသေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။