Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ နမခတွင် ကိုဗစ်ရောဂါကူးစက်မှုများပြားနေသဖြင့် အောက်စီဂျင်ခွဲတမ်းတစ်၀က်ပေးရန်တောင်း

နမခတိုင်းမှူး၏ညွန်ကြားချက်ဖြင့် တောင်းခံခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။မုံရွာမြို့တွင် အောက်စီဂျင်ထုတ်လုပ်နိုင်ပြီး မြို့၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သောနေရာမှာ မိဘဂုဏ်အောက်စီဂျင်စက်ရုံတစ်ခုတည်းသာရှိပြီး တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆန့်အိုးပေါင်း ၂၀၀ကျော် ထုတ်လုပ်နိုင်သည်

မုံရွာမြို့ အနီးတွင်အ‌ခြေစိုက်သော အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နပခ)အတွင်းတွင် ကိုဗစ်ရောဂါကူးစက်မှု့များပြားလာသဖြင့် မုံရွာမြို့၌ အောက်စီဂျင်အဓိကထုတ်လုပ်နေသော စက်ရုံမှ ခွဲတမ်းတစ်၀က်ပေးရန်တောင်းဆိုခဲ့ကြောင်း မုံရွာမြို့ခံများက ပြောသည်။

နမခတိုင်းမှူး၏ညွန်ကြားချက်ဖြင့် တောင်းခံခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။မုံရွာမြို့တွင် အောက်စီဂျင်ထုတ်လုပ်နိုင်ပြီး မြို့၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သောနေရာမှာ မိဘဂုဏ်အောက်စီဂျင်စက်ရုံတစ်ခုတည်းသာရှိပြီး တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆန့်အိုးပေါင်း ၂၀၀ကျော် ထုတ်လုပ်နိုင်သည်။

အဆိုပါစက်ရုံမှ ဇူလိုင်လ ၁၉ ရက်အထိ အောက်ဆီဂျင်လိုအပ်နေသောပြည်သူများအတွက် အောက်ဆီဂျင်များပုံမှန်အတိုင်းဆက်တိုက်ထုတ်လုပ်ပေးနေသော်လည်း ထိုသို့ စစ်ကောင်စီတပ်မှ ခွဲတမ်းတောင်းခံသည်ဆိုသည့် သတင်းထွက်ပေါ်ပြီးနောက် ထုတ်လုပ်မှု့ ရပ်တန့်သွားမည်၊ သို့မဟုတ် ပြည်သူအတွက် ခွဲတမ်းလျော့နည်းသွားမည်ကို စိုးရိမ်ထိတ်လန့်နေကြရကြောင်း မုံရွာမြို့ခံများက လူထုနွေဦးသို့ပြောသည်။

မုံရွာမြို့တွင်လည်း ကိုဗစ်ရောဂါကူးစက်ခံရသူ အရေ အတွက် ဆက်တိုက်မြင့်တက်လျှက်ရှိပြီး အောက်ဆီဂျင်လိုအပ်ချက်မှာလည်း ဆက်လက်မြင့်တက်နေသည်။

Public Service Announcement

Public Service Announcement

အချို့သော လူမှူကူညီရေးအသင်းအဖွဲ့များက အောက်ဆီဂျင်အိုးများကို မန္တလေးမြို့အထိပင်သွားရောက်တန်းစီကာ လိုအပ်သော လူနာများအတွက် ကူညီမှုများပြုလုပ်နေကြသည်။

ထိုအောက်ဆီဂျင်စက်ရုံမှ မုံရွာမြို့၏အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရသလို ကူးစက်မှု့ဆိုးရွာစွာကြုံနေရသည့် ကလေးမြို့အပါအ၀င် အနီးတစ်၀ိုက်မြို့များအတွက်လည်း ဖြည့်ဆည်းပေးနေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။