Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာမှာ ကိုဗစ်ထိန်းချုပ်​ရေး ကုလကတိုးမြှင့်​ဆောင်ရွယ်​တော့မယ်

ကုလဌာနေအဖွဲ့ဟာ အောက်စီဂျင်ပြတ်လပ်မှုကို ဖြေရှင်းဖို့၊ အောက်စီဂျင်ရှုစက်တွေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ဘက်ပေါင်းစုံကနေ ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ဟာ နိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်းစိုးရိမ်ဖွယ်အနေအထားကြောင့် တုန့်ပြန်ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်တော့မယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

အကန့်အသတ်နဲ့စစ်ဆေးမှု၊ စစ်ဆေးရာမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့် ဇူလိုင် ၁၇ ရက်မှာ ကိုဗစ်လူနာသစ် ၅၄၉၇ ဦး ရှိခဲ့ပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကရှိခဲ့တဲ့ ၂၂.၃၄ ရာခိုင်နှုန်းကနေ ၃၉.၁၂ ရာခိုင်နှုန်း လူနာသစ်တွေ့ရှိမှု မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကူးစက်မြန် Delta မျိုးကွဲအပါအဝင် များစွာသော ကိုဗစ်မျိုးကွဲတွေကို တွေ့ရှိထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ မြို့နယ် ၇၀ ကျော် နေအိမ်နေထိုင်ရေး(Stay at home) အမိန့်ထုတ်ထားပြီး ရောဂါပိုးပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ဇူလိုင် ၁၇ ကနေ ၂၅ အထိ အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာထားပါတယ်။
မလုံလောက်တဲ့ဖြည့်ဆည်းမှုနဲ့ လူသားအရင်းအမြစ်ကြောင့် ဆေးရုံတွေမှာ လက်ခံနိုင်မှုနဲ့ အောက်စီဂျင်ဟာ အကန့်အသတ်ဖြစ်နေပါတယ်။

ကုလဌာနေအဖွဲ့ဟာ အောက်စီဂျင်ပြတ်လပ်မှုကို ဖြေရှင်းဖို့၊ အောက်စီဂျင်ရှုစက်တွေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ဘက်ပေါင်းစုံကနေ ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေ ချက်ချင်းလုပ်ဆောင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးကြိုးပမ်းမှုက အရေးတကြီး ဦးစားပေးအဖြစ် လုပ်ဆောင်ရပါမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

WHO၊ UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ COVAX facility အပါအဝင် လမ်းကြောင်းစုံကနေ ကာကွယ်ဆေးရရှိနိုင်ရေးကို အရှိန်နှစ်ဆမြှင့်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာဟာ COVAX facility ကနေ 2021 အတွင်း လူဦးရေရဲ့ 20 ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအစီအစဥ်ဟာ WHO ရဲ့ ဦးစားပေးကာကွယ်ဆေးထိုးနှံရေးလမ်းညွှန်ချက်တွေအရ ဖြန့်ဝေမှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးတွေရဲ့ ပထမဆုံးအသုတ်ဟာ လက်ရှိခွဲတမ်းသတ်မှတ်ချက်မှာ ပါဝင်လာဖို့ရှိပါ တယ်။

လက်ရှိမှာ ကိုဗစ်စစ်ဆေးနိုင်မှုဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်ရက်လျှင် 12000 ကနေ 15000 အထိ ရှိနေပြီး ကန့်သတ်ချက်တွေနဲ့အတူ တွေ့ရှိလူနာသစ်စာရင်းမှာ စာရင်းမဝင်တဲ့ လူနာသစ်များစွာရှိနိုင်တယ်လို့ ကုလသမဂ္ဂက သုံးသပ်ပါတယ်။

လက်ရှိ ကိုဗစ်ပြန့်နှံဖြစ်ပွားခြင်းဟာ ပြည်သူများရဲ့ ကျန်းမာရေး၊ စီးပွားရေးတွေအပေါ်နောက်ဆက်တွဲ ဆိုးကျိုးများစွာရှိလာနိုင်တယ်လို့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရင်ကထက် ဆန်းသစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးပါဝင်တဲ့ ချဥ်းကပ်မှုလိုအပ်နေပြီး ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းတွေကို လုံခြုံစွာ အလုပ်လုပ်နိုင်စေဖို့၊ အများပြည်သူနဲ့ ပုဂ္ဂလိက လုပ်ကိုင်လိုသူတွေကို ကိုဗစ်တုန့်ပြန်ရေးမှာ ပါဝင်လာစေဖို့တို့ကို ခွင့်ပြုရေးအတွက် ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု​ကြောင့် အရပ်သားအစိုးရ​ဆောင်ရွက်​နေတဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်​ရေး အစီအစဥ်အားလုံးပျက်စီးခဲ့သလို ကိုဗစ်တိုက်ဖျက်​စေး​ဆောင်ရွက်​နေတဲ့ ကျန်းမာ​ရေးဝန်ထမ်း​တွေ ၊​စေတနာ့ဝန်ထမ်း​တွေဟာလည်း ဖမ်းဆီး ၊သတ်ဖြတ် ၊ညှင်းပန်းနှိပ်စက် ခံ​နေရပါတယ်။ ကျွမ်းကျင်ကျန်းမာ​ရေးဝန်ထမ်း​တွေက အာဏာသိမ်းစစ်​​ကောင်စီ လက်​အောက်မှာ မလုပ်ဘဲ အကြမ်းမဖက်ဘဲ အာဏာဖိဆန် ပြီး၊ ကိုဗစ်လူနာ​တွေများလာတဲ့အခါ ကူညီကုသ​ပေးတာမှာလည်းစစ်​ကောင်စီကဖမ်းဆီး​နေပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက ကိုဗစ်ထိန်းချုပ်​ရေး မလုပ်သသလို ၊ NUG -အမျိုးသားညီညွတ်​ရေးအစိုးရက ကိုဗစ်တိုက်ဖျက်​ရေး အကန်အသတ်​တွေကြားက လုပ်ကိုင်​နေရတဲ့အချိန် မှာကုလသမဂ္ဂက ကပ်​​ရောဂါ တိုက်ဖျက်​ရေး တိုးမြှင့်​ဆောင်ရွက်​တော့မယ်လို ​ကြေညာလိုက်ခြင်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။