Connect with us

Hi, what are you looking for?

News

မြင်းခြံနည်းပညာ​ကောလိပ်​ကျောင်းသားများ၏ စစ်အာဏာရှင်ဆန့်ကျင်​ရေးသပိတ်

လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ၉ဦးမက’ ဗီနိုင်းကိုင်​ဆောင်၍ လမ်း​လျှောက်ချီတက် သပိတ်မှောက်ခဲ့ကြသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ​မြင်းခြံနည်းပညာ​ကောလိပ် ​ကျောင်းသားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်)ဦးဆောင်၍ ယ​နေ့ မြင်းခြံမြို့ရှိ အ​ဝေး​ပြေးကားဂိတ်ရှေ့လမ်းမများ​ပေါ်တွင် ​ယ​နေ့နံနက်က သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့သည်။

‘လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ၉ဦးမက’ ဗီနိုင်းကိုင်​ဆောင်၍ လမ်း​လျှောက်ချီတက် သပိတ်မှောက်ခဲ့ကြသည်။

“ငါဒို့မြို့ပြ​တွေကို ငါဒို့ပြန်သိမ်းပိုက်ပြီ၊ ငါဒို့လမ်း​တွေ ငါဒို့ပြန်​သိမ်းပြီ ၊၂၀၀၈ ​ခြေဥ ဖျက်သိမ်း​ရေး၊ ဒီမိုက​ရေစီ ရရှိ​ရေး၊ဖက်ဒရယ် ဒီမိုက​ရေစီဖွဲ့စည်းပုံသစ် ​ပေါ်​ပေါက်​ရေး၊ ဖမ်းဆီးခံနိုင်ငံ​ရေးအကျဥ်းသားများ ချက်ချင်းလွှတ်၊ ဖိရင်ကြွမယ် ထိရင်ချမယ်ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်’ စသည့်​ကြွေး​ကြော်သံများဖြင့် ​အော်ဟစ်ဆန္ဒပြခဲ့​ကြောင်း မြင်းခြံနည်းပညာ​ကောလိပ် ​ကျောင်း သားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။