Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်ဖြစ်စဥ်ပြေလည်မှုရဟု အေအေပီပီပြော၊ ထောင်တာဝန်ရှိသူအချို့ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ

ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ‌သောသူများသည် ‘သွေးသစ္စာ’ သီချင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို သံပြိုင်အော်ဟစ်၍ ဆူပူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်အတွင်း ဖမ်းဆီးခံသူများ၏ တောင်းဆိုမှုဖြစ်စဥ်ကို စစ်တပ်က ဝင်ရောက် ပြီးနောက် ပြေလည်မှုရရှိသည်ဟု ကြားသိရပြီး အကျဥ်းဦးစီးဌာနတာဝန်ရှိသူ ဦးဇော်ဇော်နှင့် ထောင်ဝန်ထမ်းသုံးဦးကို စစ်တပ်က ခေါ်ယူစစ်နေသည်ဟု ကြားသိရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

“ထောင်ကို စစ်တပ်က ဝင်တယ်။ ထောင်တာဝန်ရှိသူ ဦးဇော်ဇော်နဲ့ ဝန်ထမ်းသုံးယောက်ကို စစ်တပ်က ခေါ်စစ် နေတယ်ကြားတယ်။ ဝန်ထမ်းတွေဆီကလည်း လက်နက်အချို့သိမ်းမိတယ်လည်းကြားတယ်။ ပြေလည်မှုရ တယ်လည်း ကြားရတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ကိုဘိုကြည်က ပြောသည်။

အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ဖျားနာနေသည့်အတွက် ကျန်းမာရေး စောင့်ရှောက်ခံယူခွင့်ရရှိစေရန်အတွက် ဆူပူကြွေးကြော်နေခြင်းဖြစ်သည်ဟု ကြားသိထားကြောင်း ၎င်းကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ‌သောသူများသည် ‘သွေးသစ္စာ’ သီချင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို သံပြိုင်အော်ဟစ်၍ ဆူပူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ထွက်လာသော စစ်ဘေးရှောင်ပြည်သူ ၂၈၀ဦးဝန်းကျင် လိုက်ပါလာသည့် သင်္ဘောကို ဧရာဝတီတိုင်း ဟိုင်းကြီး ကျွန်းအနီးပင်လယ်ပြင်တွင် စစ်ကောင်စီက တားမြစ်ထားပြီး ၇ ရက်ကြာသည့်တိုင် ကမ်းကပ်ခွင့်မ​ပေးသလို ပြန်ထွက်ခွင့်မ​ပေး၍ ကလေးငယ်၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများအပါအဝင် သင်္ဘောပေါ်ရှိသူအားလုံး အခက်အခဲကြုံတွေ့နေသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းပေးရာမှာ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ အကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာပါတယ်။

သတင်း

ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၆ဦးက ပြင်းထန်ဒဏ်ရာတွေရကာ ၁၁ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီပစ်ခတ်သွားသည့် လူငယ်တဦး၏ရုပ်အလောင်းကို ဘုတလင်မြို့၊ ခုံမင်းကြီးရပ်တွင် တွေ့ရှိခြင်းဟု ဒေသခံတစ်ဦးကပြောသည်။