Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်ဖြစ်စဥ်ပြေလည်မှုရဟု အေအေပီပီပြော၊ ထောင်တာဝန်ရှိသူအချို့ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ

ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ‌သောသူများသည် ‘သွေးသစ္စာ’ သီချင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို သံပြိုင်အော်ဟစ်၍ ဆူပူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်အတွင်း ဖမ်းဆီးခံသူများ၏ တောင်းဆိုမှုဖြစ်စဥ်ကို စစ်တပ်က ဝင်ရောက် ပြီးနောက် ပြေလည်မှုရရှိသည်ဟု ကြားသိရပြီး အကျဥ်းဦးစီးဌာနတာဝန်ရှိသူ ဦးဇော်ဇော်နှင့် ထောင်ဝန်ထမ်းသုံးဦးကို စစ်တပ်က ခေါ်ယူစစ်နေသည်ဟု ကြားသိရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

“ထောင်ကို စစ်တပ်က ဝင်တယ်။ ထောင်တာဝန်ရှိသူ ဦးဇော်ဇော်နဲ့ ဝန်ထမ်းသုံးယောက်ကို စစ်တပ်က ခေါ်စစ် နေတယ်ကြားတယ်။ ဝန်ထမ်းတွေဆီကလည်း လက်နက်အချို့သိမ်းမိတယ်လည်းကြားတယ်။ ပြေလည်မှုရ တယ်လည်း ကြားရတယ်။ အသေးစိတ်တော့ မသိရသေးဘူး”ဟု ကိုဘိုကြည်က ပြောသည်။

အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ဖျားနာနေသည့်အတွက် ကျန်းမာရေး စောင့်ရှောက်ခံယူခွင့်ရရှိစေရန်အတွက် ဆူပူကြွေးကြော်နေခြင်းဖြစ်သည်ဟု ကြားသိထားကြောင်း ၎င်းကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ‌သောသူများသည် ‘သွေးသစ္စာ’ သီချင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို သံပြိုင်အော်ဟစ်၍ ဆူပူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook