Connect with us

Hi, what are you looking for?

News

တောတောင်ထဲရှိ စစ်ရှောင်များကိုပါ ကူညီမှုပေးနိုင်ရေး ဆောင်ရွက်ပေးရန် UNHCR ထံ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြည်သူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေရခြင်းနှင့်
UNHCR ၏ အကူအညီပေးမှုများကို စစ်ကောင်စီက ဟန့်တားနေခြင်း တို့နှင့်ပတ်သက်ပြီး CRPHက ယခုကဲ့သို့ စာပို့ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)အနေဖြင့် ဝေးလံသော တောတောင်များရှိ နေရပ်စွန့်ခွာရသူများအတွက် ဖြစ်နိုင်သမျှ ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး ဆောင်ရွက် ပေးရန်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ တောင်းဆိုလိုက်သည်။

အခြားသော စစ်ဘေးရှောင်စခန်းများသို့လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ဆောင်ရွက် ပေးပါရန် လေးနက်စွာ တောင်းဆိုကြောင်း CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က UNHCR မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ကူညီဆောင်ရွက်ပေးရန် တောင်းဆိုသည့် စာ၌ ပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြည်သူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေရခြင်းနှင့်
UNHCR ၏ အကူအညီပေးမှုများကို စစ်ကောင်စီက ဟန့်တားနေခြင်း တို့နှင့်ပတ်သက်ပြီး CRPHက ယခုကဲ့သို့ စာပို့ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့နေသကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာ များသို့ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း CRPHကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၊ တိုက်ခိုက်မှုများကြောင့် ပြည်သူထောင်ပေါင်းများစွာသည် နေရပ်စွန့်ခွာ၍ ဘေးကင်း လုံခြုံရာ နေရပ်များနှင့် ဝေးလံသော တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ကို UNHCR လည်း သိရှိပြီးဖြစ်မည်ဖြစ်ကြောင်း၊ UNHCR ၏ အကူအညီပေးမှုများသည်လည်း စစ်ကောင်စီ၏ ဟန့်တားပိတ်ဆို့မှုများကြောင့် တောတောင် များထဲ တွင် ထွက်ပြေးခိုလှုံနေရသည့် ပြည်သူများထံသို့ ရောက်ရှိနိုင်ခြင်း မရှိဘဲ အမိုးအကာ၊ အစားအသောက်၊ သောက်သုံးရေနှင့် ဆေးဝါး မလုံလောက်ခြင်းတို့ တွေ့ကြုံခံစားနေရ ကြောင်း CRPHဋ္ဌ စာ၌ ပါရှိသည်။

ထို့ပြင် ရာသီဥတုဆိုးဝါးခြင်းကြောင့် ရာသီတုပ်ကွေးနှင့် နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှုသည် ဆိုးဆိုး ရွားရွား ဖြစ်ပွားနေမှုများကြောင့် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ကာကွယ်ရေးပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့သည်လည်း အရေးပေါ် လိုအပ်လျက်ရှိ၍ UNHCR အနေဖြင့် ဖြစ်နိုင်သမျှ ထိရောက်သော အကူအညီများပေးရန် CRPHက တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာ ၁၅ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒါးကုလား ကျေးရွာမှ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ ဆိုင်ကယ်နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

ကလေးငယ်တွေနဲ့ အသက် ၆၀ အထက် လူကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ ၊ ရာသီတုပ်ကွေး ဖြစ်ပွားတာ လည်း ခံစားနေရတယ်လို့သိရပါတယ်။

သတင်း

မြင်းခြံနယ်ထဲကို နိုဝင်ဘာလ လကုန်ပိုင်းကစတင်ပြီး ဒီဇင်ဘာလ ပထမပတ်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးမြို့များမှစစ်ရှောင်များအား ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။