Connect with us

Hi, what are you looking for?

News

မြန်မာ့အ​ရေး ကုလလုံခြုံရေးကောင်စီမှာ ဒီတစ်ပတ်အတွင်း ဆွေးနွေးမယ်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေပေမယ့် စစ်ကောင်စီဟာ ကျန်းမာရေးလုပ်သားတွေကို တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ကုလအထူးအစီရင် ခံစာတင်သွင်းသူ Tom Andrews က ပြောထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေးကြားနာပွဲတစ်ရပ်ကို ဒီတစ်ပတ်မှာ ပြုလုပ်ကျင်းပဖို့ရှိနေပါတယ်။

“မြန်မာစစ်တပ်ဟာ အကျပ်အတည်းဖြေရှင်းရေးနဲ့ ကိုဗစ်ကာကွယ်ဆေးရရှိရေးစတဲ့အချက်တွေအပေါ် ရေငုံနှုတ် ပိတ်နေဖို့ကြိုးစားထားတဲ့ အသံတွေဆီကနေ လုံခြုံရေးကောင်စီက ဒီတစ်ပတ်မှာ တိုက်ရိုက်ကြားနာသွားမှာပါ” လို့ ဗြိတိန်ရဲ့ ကုလအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး Barbara Woodward က တွစ်တာက တစ်ဆင့် အသိပေး ထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမြင့်တက်မှု ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ လာမယ့် နှစ်ပတ်အ တွင်း နိုင်ငံ့လူဦးရေထက်ဝက်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရနိုင်တယ်လို့ အထက်ပါ ဗြိတိန်သံအမတ်ကြီးက စိုးရိမ်နေ ပါတယ်။

“မြန်မာနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေရဲ့ ရဲရင့်တဲ့ကြိုးပမ်းမှုတွေရှိနေပေမယ့် ကျန်းမာရေးကုသမှုစနစ်ဟာ ပြိုလဲလု နီးပါးဖြစ်နေပါပြီ။ နိုင်ငံ့စီးပွားရေး၊ အလုပ် အကိုင်၊ စီးပွားရေးတွေဟာလည်း ကျရှုံးနေပါတယ်” လို့ Woodward က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလအထူးအစီရင်ခံစာတင်သွင်းသူဟာ မြန်မာနိုင်ငံမှာ အရေးပေါ် ကိုဗစ်-၁၉၊ အပစ်အခတ် ရပ်စဲဖို့ လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဖိအားပေးဖို့တောင်းဆိုခဲ့ပြီး အဲဒီတောင်းဆိုချက်နည်းတူ ဗြိတိန် သံအမတ်ကြီးက ပဲ့တင်ထပ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေပေမယ့် စစ်ကောင်စီဟာ ကျန်းမာရေးလုပ်သားတွေကို တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ကုလအထူးအစီရင် ခံစာတင်သွင်းသူ Tom Andrews က ပြောထားပါတယ်။

Tom Andrews ရဲ့ တောင်းဆိုချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဆိုးရွားနေချိန် အဲဒီကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်ဖို့ လွန်စွာလိုအပ်တဲ့ ကျန်းမာရေးကုသမှုကျွမ်းကျင်သူတွေကို စစ်ကောင်စီရဲ့တိုက်ခိုက်မှု အားလုံး ရပ်တန့်ပေးဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆုံးဖြတ်ချက်တွေအပါအဝင် နည်းလမ်းပေါင်းစုံ အသုံးပြုဖို့ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။