Connect with us

Hi, what are you looking for?

News

ကျန်းမာရေးပညာရှင် ဒေါက်တာမြင့်ဦး(GP) ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

ဒေါက်တာမြင့်ဦး(GP)ဟာ ကွယ်လွန်ချိန်မှာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမြင့်ဦး (GP)ဟာ ဒီကနေ့မနက် ၇ နာရီလောက်က ရန်ကုန်ဆေးရုံကြီး(Jica)မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါက်တာမြင့်ဦး(GP)ဟာ ကွယ်လွန်ချိန်မှာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

မကွယ်လွန်မီက ကျန်းမာရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အများအပြားကို သတင်းမီဒီယာတွေကတစ် ဆင့် ဟောပြောပေးခဲ့သလို လွတ်လပ်တဲ့အာရှအသံ(RFA)မှာ ဒေါက်တာစေတနာခေါင်းစဉ်နဲ့ ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဆရာကြီးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာရှိတဲ့ National Endowment For Democracy-NED ကရွေးချယ်တဲ့ Fellow တစ်ဦးဖြစ်ပြီး ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဝါရှင်တန်မှာ ကျန်းမာရေးနှင့် လွတ်လပ်ခြင်း ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဒီမိုကရက်တက်အက်စတီကျူးရှင်းများဆက်စပ်မှု စတဲ့သုတေသနစာတန်းတွေကို ပြုစုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။