Connect with us

Hi, what are you looking for?

News

ကျန်းမာရေးပညာရှင် ဒေါက်တာမြင့်ဦး(GP) ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

ဒေါက်တာမြင့်ဦး(GP)ဟာ ကွယ်လွန်ချိန်မှာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမြင့်ဦး (GP)ဟာ ဒီကနေ့မနက် ၇ နာရီလောက်က ရန်ကုန်ဆေးရုံကြီး(Jica)မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါက်တာမြင့်ဦး(GP)ဟာ ကွယ်လွန်ချိန်မှာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

မကွယ်လွန်မီက ကျန်းမာရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အများအပြားကို သတင်းမီဒီယာတွေကတစ် ဆင့် ဟောပြောပေးခဲ့သလို လွတ်လပ်တဲ့အာရှအသံ(RFA)မှာ ဒေါက်တာစေတနာခေါင်းစဉ်နဲ့ ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဆရာကြီးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာရှိတဲ့ National Endowment For Democracy-NED ကရွေးချယ်တဲ့ Fellow တစ်ဦးဖြစ်ပြီး ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဝါရှင်တန်မှာ ကျန်းမာရေးနှင့် လွတ်လပ်ခြင်း ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများနှင့် ဒီမိုကရက်တက်အက်စတီကျူးရှင်းများဆက်စပ်မှု စတဲ့သုတေသနစာတန်းတွေကို ပြုစုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။

သတင်း

ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် နိုင်ငံရေးသမား များ၌အရေးကြီးသည့် အဖက်ဖက် မျှတွေးတက်သည့် လေးစားစရာ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။