Connect with us

Hi, what are you looking for?

News

SNLDဥက္ကဋ္ဌ မိသားစုများ ကွယ်လွန်သည့်အပေါ် NUG ယာယီသမ္မတ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

ါတီ ဥက္ကဋ္ဌအနေဖြင့် ကျန်းမာရေးဂရုစိုက်သူဖြစ်၍ ကျန်းမာရေးကောင်းမွန်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက် စိတ်ပူစရာမရှိသော်လည်း မိသားစုဝင်များ ဆက်တိုက် ဆုံးပါးခဲ့၍ စိတ်ထိခိုက်ဝမ်းနည်းမှု အတိုင်းအတာ တစ်ခုအထိရှိမည်ဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တတိယအနိုင်ရပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဌ စိုင်းညွန့်လွင်၏ မိသားစုဝင်များ ရှေ့ဆင့်၊ နောက်ဆင့် ကွယ်လွန်ခဲ့မှုအပေါ် အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဦးစိုင်းညွန့်လွင်၏ တတိယအစ်မဖြစ်သူ ဒေါ်တင်ရီ (၈၅ နှစ်) နှင့် တူမဖြစ်သူ နန်းမိုးအေး(ခေါ်) ပိုပို (၄၈ နှစ်) တို့သည် ဇူလိုင် ၂၀ရက်တွင် COVID-19 ရောဂါကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဦးစိုင်းညွန့်လွင်၏ အမကြီးဖြစ်သည့် ဒေါ်တင်မြင့် (၉၀နှစ်)သည် ဇူလိုင် ၂၁ရက်တွင် အခြားရောဂါနှင့် ကွယ်လွန်ခဲ့ပြီး ဒုတိယအမဖြစ်သူ ဒေါ်တင်ကြည် (၈၈) နှစ်သည်လည်း ဇူလိုင် ၂၉ ရက်တွင် ကွယ်လွန်ခဲ့သည်။

ထိုသို့ SNLD ဥက္ကဋ္ဌ၏ မိသားစုဝင်လေးဦး ကွယ်လွန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ယာယီသမ္မတက ဝမ်းနည်းကြောင်း သဝဏ် လွှာပေးပို့ကာကွယ်လွန်သူများအားလုံး ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့သည်။

ပါတီ ဥက္ကဋ္ဌအနေဖြင့် ကျန်းမာရေးဂရုစိုက်သူဖြစ်၍ ကျန်းမာရေးကောင်းမွန်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက် စိတ်ပူစရာမရှိသော်လည်း မိသားစုဝင်များ ဆက်တိုက် ဆုံးပါးခဲ့၍ စိတ်ထိခိုက်ဝမ်းနည်းမှု အတိုင်းအတာ တစ်ခုအထိရှိမည်ဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

“အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ပါတီဝင်တွေကလည်း ဒါကို ဝမ်းနည်းစိတ်မကောင်းတဲ့အကြောင်း သဝဏ်လွှာရေးသားထုတ်ပြန်ထားတာရှိပါတယ်။ NUGက ယာယီသမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတာလည်းတွေ့တယ်။ ကျွန်တော်တို့လည်း အွန်လိုင်းပေါ်မှာ တွေ့လို့ ဒီဟာကို သိရတာပါ” ဟု ၎င်းကဆိုသည်။

NUG အစိုးရဖြစ်စေမည်သူဖြစ်စေ လူသားချင်းစာနာထောက်ထားမှုအရ ယခုကဲ့သို့ ဝမ်းနည်းကြောင်း ဖော်ပြမှုအပေါ် ကျေးဇူးတင်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook