Connect with us

Hi, what are you looking for?

News

အာဆီယံရဲ့ ဘုံမျှော်လင့်ချက်ကို အထူးကိုယ်စားလှယ် လုပ်ဆောင်နိုင်မယ်လို့ တရုတ်မျှော်လင့်

အာဆီယံနိုင်ငံတွေရဲ့ဘုံမျှော်လင့်ချက်ကို အထူးကိုယ်စား လှယ်က လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မျှော်လင့် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ ဩဂုတ် ၄ ရက်က ၁၁ ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ဘရူနိုင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး Erywan Yusof ကို အာဆီယံအထူး ကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့မှုကို ထောက်ခံကူညီမယ်လို့ ထည့်သွင်းပြောကြားပါတယ်။

မြန်မာရင်ဆိုင်နေရတဲ့ကိစ္စရပ်တွေ ဖြေရှင်းနိုင်ရေး ကူညီဖို့ ထိရောက်တဲ့ အာဆီယံနည်းလမ်းကို အသုံးပြုရမှာဖြစ် ပြီး အဲဒီလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တရုတ်က ဆိုပါ တယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။