Connect with us

Hi, what are you looking for?

News

NUGနှင့် တိုင်းရင်းသားအဖွဲ့များညီလာခံက အမျိုးသားကျန်းမာရေးကော်မတီဖွဲ့စည်းကြောင်း ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများပူးပေါင်းပြီး ကျင်းပခဲ့သည့် အမျိုးသားကျန်းမာရေးညီလာခံမှ အမျိုးသားကျန်းမာရေးကော်မတီ(NHC)ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်းညီလာခံက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများပူးပေါင်းပြီး ကျင်းပခဲ့သည့် အမျိုးသားကျန်းမာရေးညီလာခံမှ အမျိုးသားကျန်းမာရေးကော်မတီ(NHC)ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်းညီလာခံက ထုတ်ပြန်သည်။

အမျိုးသားကျန်းမာရေးညီလာခံကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာနတို့ ကြီးမှူးပြီး ဩဂုတ် ၂ရက်မှ ၅ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

လေးရက်ကြာ ကျင်းပခဲ့သည့် ညီလာခံတွင် ကျန်းမာရေးနှင့်လူ့အခွင်အရေးဆိုင်ရာ စာတမ်း၊ ဖက်ဒရယ် ကျန်းမာ ရေးဆိုင်ရာစာတမ်း၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးမူဝါဒများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ လက်ရှိ လတ်တလော ဖြစ်ပေါ်နေသည့် COVID-19 ဖြစ်ပွားမှု ဆန်းစစ်ချက်များ၊ ကာကွယ် ထိန်းချုပ်ကုသရေးဆောင်ရွက်မှုများ၊ “ဖက်ဒရယ် ပြည်ထောင်စု ကျန်းမာရေးမူဝါဒ” စာတမ်းနှင့် အလုံးစုံလွှမ်းခြုံသည့် ကျန်းမာရေစနစ် (UHC) စသည်တို့ကို တင်သွင်း ဆွေး နွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစနစ် တည်ဆောက်နိုင်ရန်၊ ကျန်းမာရေးမူဝါဒဆိုင်ရာ အခြေခံမူများ ချမှတ်သွားစေရန်နှင့် ကြားကာလကျန်းမာရေးလုပ်ငန်းစဉ်များကို စီမံအကောင်အထည် ဖော်ဆောင် သွားနိုင်ရန် အတွက် “အမျိုးသားကျန်းမာရေးကော်မတီ” ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပမှ ဆေးပညာရှင်များ၊ တတ်သိ ပညာရှင်များနှင့် ဆေးနှီးနွှယ်ကျောင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။