Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တောင်းပိုင်း၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအနည်းသုံးဦးသုတ်သင်နိုင်ခဲ့ဟု ကလေးPDF ထုတ်ပြန်၊ ကလေး-ဂန့်ဂေါအကြား ကားများမှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေးသတိရှိရန် သတိပေး

ကလေးPDF တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွနတ်ချောင်းရွာဘက်သို့လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့မွန်းလွဲ၂နာရီခွဲတွင် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံးသုံးဦးကို ပစ်သတ်ချေမှုန်း သုတ်သင်နိုင်ခဲ့ကြောင်း ကလေးPDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲ‌နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များသည် ယနေ့မွန်းလွဲပိုင်း၌ ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတစ်ဆင့် ချောင်းခွနတ်ချောင်းရွာဘက်သို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးPDF တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ရာ ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဖြစ်သောကြောင့် ကလေး-ဂန့်ဂေါအကြား ကားများမှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် နေထိုင်သွားလာရန်လည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook