Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တောင်းပိုင်း၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအနည်းသုံးဦးသုတ်သင်နိုင်ခဲ့ဟု ကလေးPDF ထုတ်ပြန်၊ ကလေး-ဂန့်ဂေါအကြား ကားများမှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေးသတိရှိရန် သတိပေး

ကလေးPDF တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွနတ်ချောင်းရွာဘက်သို့လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့မွန်းလွဲ၂နာရီခွဲတွင် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံးသုံးဦးကို ပစ်သတ်ချေမှုန်း သုတ်သင်နိုင်ခဲ့ကြောင်း ကလေးPDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲ‌နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များသည် ယနေ့မွန်းလွဲပိုင်း၌ ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတစ်ဆင့် ချောင်းခွနတ်ချောင်းရွာဘက်သို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးPDF တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ရာ ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဖြစ်သောကြောင့် ကလေး-ဂန့်ဂေါအကြား ကားများမှန်ချမောင်းနှင်သွားလာရန်နှင့် ဒေသခံပြည်သူများ လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် နေထိုင်သွားလာရန်လည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

သတင်း

တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ အလင်းဝင်ကြရန် KNU နှိုးဆော်

သတင်း

မြိတ်ခရိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့များ နှင့် စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်တပ်စခန်းများ၊ စစ်တပ်ဂိတ်အနီး​နေထိုင်​သောပြည်သူများစစ်ရေးအသိ၊စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန်မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတိပေးချက်ထုတ်ပြန်သည်။

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook