Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီဒေသတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတိုးလုပ်နေဟု KNDFပြော၊ အရပ်သားအချို့ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၄ရက်၌ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကရင်နီဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။

ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၄ရက်၌ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒီမှာ ကျဆုံးစာရင်းတွေ ဒဏ်ရာရ စာရင်းတွေဘာတွေတော့ အခုထိ မသိရသေးဘူး”ဟု KNDF ပြောရေးဆို ခွင့်ရှိသူက ယနေ့ ညနေပိုင်းက ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီးမော့ဆိုဘက်မှာတော့ စစ်အင်အားတွေတိုးပြီး ထိုးစစ်ဆင်တာရှိတယ် နှစ်ကြောင်း သုံးကြောင်းပေါ့။အင်အား ၁၅၀ ၊၂၀၀ ကြားလောက်မှာရှိတယ်။ အဲဒါ သူတို့တွေက ဒီနေ့ ၂နာရီဝန်းကျင်လောက်မှာ ဒေသခံတွေကို ဖမ်းသွားတာပေါ့။ အဲဒီလူတွေက သူတို့တွေက မနေ့ညက စစ်ပွဲဖြစ်ရင်း တိမ်းရှောင်ရင်းနဲ့ သူတို့ ရိက္ခာပြန်လာယူတာ လေးယောက်။ လေးယောက်စလုံးကို ဖမ်းသွားလိုက်တာ အဲဒီထဲမှာ ၁၅နှစ်တစ်ယောက်ပါတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားနေခြင်းကြောင့် ဇူလိုင်လမှ ယခုလအထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ရာ အကြိမ် ၂၀ ထက်မနည်းရှိခဲ့သည်။ KNPP/KNDF ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်က အထိနာခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။