Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတိုးလုပ်နေဟု KNDFပြော၊ အရပ်သားအချို့ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၄ရက်၌ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကရင်နီဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။

ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၄ရက်၌ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နှင့် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒီမှာ ကျဆုံးစာရင်းတွေ ဒဏ်ရာရ စာရင်းတွေဘာတွေတော့ အခုထိ မသိရသေးဘူး”ဟု KNDF ပြောရေးဆို ခွင့်ရှိသူက ယနေ့ ညနေပိုင်းက ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီးမော့ဆိုဘက်မှာတော့ စစ်အင်အားတွေတိုးပြီး ထိုးစစ်ဆင်တာရှိတယ် နှစ်ကြောင်း သုံးကြောင်းပေါ့။အင်အား ၁၅၀ ၊၂၀၀ ကြားလောက်မှာရှိတယ်။ အဲဒါ သူတို့တွေက ဒီနေ့ ၂နာရီဝန်းကျင်လောက်မှာ ဒေသခံတွေကို ဖမ်းသွားတာပေါ့။ အဲဒီလူတွေက သူတို့တွေက မနေ့ညက စစ်ပွဲဖြစ်ရင်း တိမ်းရှောင်ရင်းနဲ့ သူတို့ ရိက္ခာပြန်လာယူတာ လေးယောက်။ လေးယောက်စလုံးကို ဖမ်းသွားလိုက်တာ အဲဒီထဲမှာ ၁၅နှစ်တစ်ယောက်ပါတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားနေခြင်းကြောင့် ဇူလိုင်လမှ ယခုလအထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ရာ အကြိမ် ၂၀ ထက်မနည်းရှိခဲ့သည်။ KNPP/KNDF ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်က အထိနာခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook