Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ​ရွေ့​ပြောင်း လုပ်သား ၄၀ ​ကျော် မဲ​ဆောက်မှာဖမ်းဆီးခံရ

တောလမ်းကနေတစ်ဆင့် ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရာမှာ သာမန်အပူချိန်သာရှိပြီး အရေးယူစစ်ဆေးမှုတွေ ဆက်လုပ်လုပ်ဆောင်သွားမယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်း- မြန်မာနယ်စပ်ကို ဖြတ်ကျော်လာပြီး တရားမ၀င်၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော်ကို မဲဆောက်ဘက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ သြဂုတ် ၁၅ ရက် မနက် ၆ နာရီအချိန်က တာ့ခရိုင် မဲဆောက်မြို့နယ် ဒန်မဲ့လမေါင်ဒေသမှာ နယ်စပ်ကနေတစ်ဆင့် ထိုင်းဘက်ကို တရားမ၀င်၀င်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သာ ၄၅ ဦးကို တောတွင်းတစ်နေရာမှာ ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တာပါ။

တောလမ်းကနေတစ်ဆင့် ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရာမှာ သာမန်အပူချိန်သာရှိပြီး အရေးယူစစ်ဆေးမှုတွေ ဆက်လုပ်လုပ်ဆောင်သွားမယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၃ ရက်နေ့ကလည်း ထိုင်း မြန်မာနယ်စပ် ကန်ချနာဘူရီခရိုင်ထဲမှာ တရားမ၀င်၀င်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကိုလည်း ထိုင်းစစ်တပ်က ဖမ်းဆီးရမိထားပါသေးတယ်။

ထိုင်းနိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုတွေများနေတာကြောင့် မြန်မာနဲ့ နယ်နိမ်ိတ်ချင်းထိစပ်တဲ့ နယ်စပ်တစ်လျှောက်ကို ထိုင်းစစ်တပ်က လုံခြုံရေးအထူးတိုးမြင့်ချထားလျက်ရှိပေမယ့် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို မကြာခဏဖမ်းဆီးရမိတာတွေ ရှိနေတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းထံ လွဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

News

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ Sinovac ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး အခမဲ့ဖြစ်ထိုးပေးတာလို့ အလုပ်သမားတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။