Connect with us

Hi, what are you looking for?

News

CDM ဆရာမနှစ်ဦးနဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖမ်းဆီးခံရ

ဘားအံမြို့ အမှတ် ၂ ရပ်ကွက် မြေတံတားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဧည့်စာရင်းစစ်ဖို့ဆိုပြီး ရဲတွေက ရောက်လာကာ CDM ဆရာမနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစု၀င်တစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့က CDM ကျောင်းဆရာမနှစ်ဦးနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူတစ်ဦးတို့ကို ရဲတွေက ဒီကနေ့ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဘားအံမြို့ အမှတ် ၂ ရပ်ကွက် မြေတံတားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဧည့်စာရင်းစစ်ဖို့ဆိုပြီး ရဲတွေက ရောက်လာကာ CDM ဆရာမနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစု၀င်တစ်ဦးထံကနေ သိရပါတယ်။

ဒါ့အပြင် ဘားအံကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂက အတွင်းရေးမှူး (၁) ဖြစ်တဲ့ မပိုးပီတိခိုင်လည်း ဒီကနေ့ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီတက္ကသိုလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ မနက်ဖြန်မှာ ဘားအံအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပြီး ရုံးထုတ်ရမန်ယူမယ်လို့ ကြားသိရပါတယ်။

Public Service Announcement

Public Service Announcement

အခုလို အဖမ်းအဆီးတွေ ရှိနေတာကြောင့် CDM လုပ်ထားသူတွေအနေနဲ့ လုံခြုံရေးအထူးသတိပြုကြဖို့ Civil Denfence Supporting Kayin ရဲ့ လူမှုကွန်ယက်စာမျက်နာကနေ အသိပေးထားပါတယ်။

ဘားအံမြို့ပေါ်မှာ CDM ပြုလုပ်ထားသူတွေ၊ ဆန္ဒပြတဲ့အချိန်ကာလတုန်းက နာမည်ထွက်နေသူတွေ သပိတ်ခေါင်းဆောင်တွေနဲ့ ဗုံးခွဲတယ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ လူငယ်လေးတွေကို အခုရက်ပိုင်းအတွင်း ညဘက်ပိုင်းမှာ လိုက်လံဖမ်းဆီးရှာဖွေနေရတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့၀င်တစ်ဦးထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

သတင်း

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။