Connect with us

Hi, what are you looking for?

News

CDM ဆရာမနှစ်ဦးနဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖမ်းဆီးခံရ

ဘားအံမြို့ အမှတ် ၂ ရပ်ကွက် မြေတံတားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဧည့်စာရင်းစစ်ဖို့ဆိုပြီး ရဲတွေက ရောက်လာကာ CDM ဆရာမနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစု၀င်တစ်ဦးထံကနေ သိရပါတယ်။

ဘားအံမြို့က CDM ကျောင်းဆရာမနှစ်ဦးနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူတစ်ဦးတို့ကို ရဲတွေက ဒီကနေ့ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဘားအံမြို့ အမှတ် ၂ ရပ်ကွက် မြေတံတားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဧည့်စာရင်းစစ်ဖို့ဆိုပြီး ရဲတွေက ရောက်လာကာ CDM ဆရာမနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစု၀င်တစ်ဦးထံကနေ သိရပါတယ်။

ဒါ့အပြင် ဘားအံကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂက အတွင်းရေးမှူး (၁) ဖြစ်တဲ့ မပိုးပီတိခိုင်လည်း ဒီကနေ့ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီတက္ကသိုလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ မနက်ဖြန်မှာ ဘားအံအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပြီး ရုံးထုတ်ရမန်ယူမယ်လို့ ကြားသိရပါတယ်။

Public Service Announcement

Public Service Announcement

အခုလို အဖမ်းအဆီးတွေ ရှိနေတာကြောင့် CDM လုပ်ထားသူတွေအနေနဲ့ လုံခြုံရေးအထူးသတိပြုကြဖို့ Civil Denfence Supporting Kayin ရဲ့ လူမှုကွန်ယက်စာမျက်နာကနေ အသိပေးထားပါတယ်။

ဘားအံမြို့ပေါ်မှာ CDM ပြုလုပ်ထားသူတွေ၊ ဆန္ဒပြတဲ့အချိန်ကာလတုန်းက နာမည်ထွက်နေသူတွေ သပိတ်ခေါင်းဆောင်တွေနဲ့ ဗုံးခွဲတယ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ လူငယ်လေးတွေကို အခုရက်ပိုင်းအတွင်း ညဘက်ပိုင်းမှာ လိုက်လံဖမ်းဆီးရှာဖွေနေရတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့၀င်တစ်ဦးထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook