Connect with us

Hi, what are you looking for?

News

ရွှေကျင်၊ကျောက်ကြီးနဲ့ ထန်းတပင်မြို့နယ်ကပြည်သူတွေ ညပိုင်းအိမ်ပြင်မထွက်ကြဖို့ ပဲခူးPDF အသိပေး

စစ်ကောင်စီတပ်သားတွေဟာ အရပ်သားပုံဖမ်းပြီး ယာဉ်ငယ်တွေအသုံးပြုသွားလာနေတဲ့အပြင် အာဏာရှင်တော်လှန်ရေးတပ်သားတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတာကြောင့် သြဂုတ် ၁၈ ရက်ကစပြီး စည်းကမ်းချက်တွေအတိုင်း ပြည်သူတွေလိုက်နာပေးကြဖို့ BPDF (Yoma)က ကြေညာချက်မှာ ဖော်ပြပါတယ်။

ပဲခူးတိုင်း ရွှေကျင်၊ကျောက်ကြီးနဲ့ ထန်းတပက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေအင်အားတိုးချဲ့ပြင်ဆင်နေတဲ့အပေါ် တန်ပြန်တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရိုးမ) BPDF(Yoma)က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အရပ်သားပုံဖမ်းပြီး ယာဉ်ငယ်တွေအသုံးပြုသွားလာနေတဲ့အပြင် အာဏာရှင်တော်လှန်ရေးတပ်သားတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတာကြောင့် သြဂုတ် ၁၈ ရက်ကစပြီး စည်းကမ်းချက်တွေအတိုင်း ပြည်သူတွေလိုက်နာပေးကြဖို့ BPDF (Yoma)က ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီမြို့နယ်တွေမှာ နေထိုင်ကြတဲ့ ပြည် သူလူထုအနေနဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း နေအိမ်ခြံဝင်းအပြင်ဘက်မထွက်ကြဖို့နဲ့ အပြင်ထွက်ပြီး လမ်းလျှောက်ခြင်း ဆိုင်ကယ် ကား စက်ပစ္စည်းယန္တရားအသုံးပြု မောာင်းနှင်သွားလာခြင်းတွေ မလုပ်ကြရန် BPDF(Yoma)က မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။