Connect with us

Hi, what are you looking for?

News

ယောဒေသကာကွယ်​ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်၍ စစ်​ကောင်စီတပ်သား၂၀ ဦး​ကျော်​သေ ၊၁၀ ဦးခန့်ဒဏ်ရာရ

ဂုတ်လ ၊ ၁၈ ရက်နေ့၊ နေ့လည်ပိုင်း တွင် ဂန့်ဂေါ မှ ကလေးသို့ထွက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၄၀ ကျော်သည် ဒေသခံများ၏ ဆိုင်ကယ်များကို လုယူသွားရာ အစီး ၂၀ ပါသွားကြောင်းသိရှိရပါသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၁၈ရက်ည​နေပိုင်းတွင် အာဏာသိမ်းစစ်​ကောင်စီ၏ ယာဥ်တန်းကို က​လေးနှင့်ဂန့်​ဂေါ် ကားလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ​ကျော်​သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာ ရရှိခဲ့​ကြောင်း ​ယော​ဒေသကာကွယ်​ရေးတပ်ဖွဲ့ကယ​​နေ့ သတင်းထုတ်ပြန်သည်။

“ဩဂုတ်လ ၊ ၁၈ ရက်နေ့၊ နေ့လည်ပိုင်း တွင် ဂန့်ဂေါ မှ ကလေးသို့ထွက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၄၀ ကျော်သည် ဒေသခံများ၏ ဆိုင်ကယ်များကို လုယူသွားရာ အစီး ၂၀ ပါသွားကြောင်းသိရှိရပါသည်။

ညနေ -၄-နာရီခွဲ အချိန်လောက်တွင် ဂန့်ဂေါမြို့ မြောက်ဘက် ၁၅မိုင်နှင့် ၁၆မိုင်ကြား ဖိုးမော်ကြီးကွေ့ အနီးတစ်ဝိုက်၌ စစ်ကောင်စီ ယာဉ်တန်း အစီး (၄၀)ကျော် ကို YDF တပ်ဖွဲ့ဝင် (၈)ဦးမှ မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ၏ ကားနှစ်စီးမိုင်းထိကာ စစ်သား အယောက် ၂၀ကျော် သေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ပါသည်။

YDF တပ်ဖွဲ့ဝင်များ တစ်ဦးမှ ထိခိုက်ဒဏ်ရာမရှိခဲ့ပါ ကြောင်း YDF မှ သတင်းအတည်ပြုပါသည်” ဟုYawDefenseForce_YDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook